မြိတ်တွင် ယမ်းထောင်း တူမီးသေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွား

0
387

မြိတ်မြို့နယ် နန်းတော်ရာကျေး ရွာအုပ်စု သာယာကုန်းရွာနားရှိ ဥယျာဉ် ထဲတွင် မေလ ၁၈ ရက် ည ၆ နာရီခွဲ အချိန်ခန့်က အဝတ်ထုပ် သယ်ခိုင်းသည့် ကိစ္စစကားများရာမှ တူမီးသေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း တောင်ရှည် နယ်မြေရဲစခန်း စခန်းမှူး ဦးကျော်စိုးထံမှ သိရသည်။


ဖြစ်စဉ်မှာ ဒေါ်ဝင်းရီ၏ မွေးစား သားဖြစ်သူ အသက် ၂၀ အရွယ် ကိုကျော်မျိုးဦးနှင့် ချွေးမဖြစ်သူ အသက် ၂၁ နှစ်အရွယ် မမေစိုးတို့သည် အဝတ် ထုပ်သယ်သည့်ကိစ္စနှင့် ပတ်သက်ပြီး စကားများရာမှ မွေးစားသားဖြစ်သူက ချွေးမဖြစ်သူအား ယမ်းထောင်း သေနတ် ဖြင့် ပစ်လိုက်သည့်အတွက် ယာဘက်ရင် အုံတွင် ပေါက်ပြဲ ဒဏ်ရာ ရရှိခဲ့ကြောင်း အထက်ပါ ရဲစခန်းမှ သိရသည်။
လက်ရှိတွင် မမေစိုးအား မြိတ် ပြည်သူဆေးရုံကြီးတွင် အတွင်းလူနာ အဖြစ် ကူသမှု ခံယူနေပြီး စိုးရိမ်ရသည့် အနေအထားမဟုတ်ဟု သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဒေါ်ဝင်းရီက တရားလိုပြုလုပ် တိုင်ကြား လာသဖြင့် တောင်ရှည်နယ်မြေရဲစခန်းမှ ဦးကျော်မျိုးဦးကို (ပ)၁၃^၂၀၁၆၊ ရာ ဇသတ်ကြီးပုဒ် ၃၃၇^၃၃၈၊ လက်နက် ပုဒ်မ ၁၉(စ)ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း ယင်း ရဲစခန်း ထံမှ သိရသည်။