ကွမ်းသီးကျွန်းတွင် ဟိုတယ်ဆောက်ရန် လေ့လာမည်

0
335

ပြည်တွင်း ပြည်ပ ကုမ္ပဏီများ မြိတ်ကျွန်းစုတွင် ခရီးသွားနှင့် အပန်းဖြေ လုပ်ငန်းများ လုပ်ကိုင်ရန် မျက်စိကျ လာသော နောက်ထပ်လက္ခဏာ တစ်ခု အဖြစ်ကျွန်းစုမြို့နယ်အတွင်းရှိ ကွမ်းသီး ကျွန်းပေါ်တွင် ကုမ္ပဏီတစ်ခု ဟိုတယ် ဆောက်ရန် စတင်လေ့လာတော့မည် ဖြစ်သည်။


မြိတ်ခရိုင် ကျွန်းစုမြို့နယ် ရေမြစ် ကြီးကျေးရွာအုပ်စုအတွင်းရှိ ကွမ်းသီး ကျွန်းပေါ်တွင် မြိတ်အများပိုင် ကုမ္ပဏီ က တည်ဆောက်မည့် အပန်းဖြေစီမံ ကိန်းအတွက် ပတ်ဝန်းကျင် ဆန်းစစ်လေ့ လာမှုကို E Guard Environmental Services Co., Ltd  က ပြုလုပ် သွားမည်ဖြစ်ကြောင်း ကုမ္ပဏီ မန်းနေ ဂျင်း ဒါရိုက်တာ ဦးတင်အောင်မိုးက ပြောကြားခဲ့သည်။
ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ် လေ့လာမှု ပြုလုပ်မည့် လုပ်ငန်းစဉ်များမှာ စီမံကိန်းအတွက် သက်ဆိုင်ရာ ပုဂ္ဂိုလ် များနှင့် တွေ့ဆုံခြင်း၊ အကြိုကွင်းဆင်း လေ့လာခြင်း၊ ဒေသဆိုင်ရာအချက် အလက်များကောက်ယူခြင်း၊ နယ်ပယ် တိုင်းတာ သတ်မှတ်ခြင်း အစီရင်ခံစာ ပြင်ဆင်ခြင်း၊ လက်ရှိပတ်ဝန်းကျင်ဆိုင် ရာ အရည်အသွေးများအား တိုင်းတာ ခြင်းနှင့် လူမှုစစ်တမ်းကောက်ယူခြင်း၊ အစီရင်ခံစာ ရေးသားခြင်းနှင့် အများ ပြည်သူ သဘောထားကောက်ယူ ခြင်း တို့ပါဝင်မည်ဖြစ်ကြောင်း E Guard  ကုမ္ပဏီထံမှ သိရသည်။
ယင်းကဲ့သို့ ဆန်းစစ်လေ့လာမှုမျိုး ကို ကျွန်းစုမြို့နယ်အတွင်းရှိ စောမွန် လှကျွန်း အပန်းဖြေ စီမံကိန်းအတွက် အခြား ကုမ္ပဏီတစ်ခုက ပြီးခဲ့သည့်နှစ် ဒီဇင်ဘာကမှစပြီး ပြုလုပ်ခဲ့ပြီးနောက် ကွမ်းသီးကျွန်းပေါ်တွင် ထပ်မံပြုလုပ်လာ ခြင်းဖြစ်သည်။
” မြိတ်ခရိုင်အတွင်းမှာ ဟိုတယ်/ ခရီးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံရင်းနှီး မြှပ်နှံမှု ကော်မရှင်က ခွင့်ပြုပေးထားတာ တစ်ကျွန်းမှ မရှိသေးဘူး” ဟု မြိတ်ခရိုင်၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီး ဋ္ဌာနမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။
ထိုကဲ့သို့သော စီမံကိန်းများ ခွင့်ပြု ချက်နှင့် ပတ်သက်ပြီး မြန်မာ့ရင်းနှီးမြှုပ် နှံမှုကော်မရှင် (MIC) နှင့် တိုင်းဒေသ ကြီးအစိုးရ အပေါ်တွင်သာ မူတည် ကြောင်း ၎င်းက ဆိုသည်။
” သူတို့ကနေ သဘောတူပြီး စာချုပ် ချုပ်ပြီးမှ အဲသည်စာချုပ်အပေါ်မှာ ဟိုတယ်ခရီးနဲ့ သက်ဆိုင်တာပါ”  ဟု အထက်ပါ တာဝန်ရှိသူက ပြောပြသည်။ကွမ်းသီးကျွန်း အပန်းဖြေစခန်း စီမံကိန်း ကနဦးအဆင့်အနေဖြင့် ဒေသ လူထုဆွေးနွေးပွဲကို မေလ ၁၀ ရက်က မြိတ်မြို့ ကမ်းနားလမ်းရှိ ပုလဲရတနာ ခန်းမတွင် ပြုလုပ်ခဲ့သည်။
နောက်ဆုံးအဆင့်အနေနှင့် အများ ပြည်သူ သဘောထာကောက်ယူခြင်း ဆွေးနွေးပွဲကို အောက်တိုဘာလ ခန့်တွင် ပြုလုပ်နိုင်မည်ဟု ခန့်မှန်းထားကြောင်း မန်နေဂျင်း ဒါရိုက်တာ ဦးတင်အောင်မိုး က ပြောသည်။
ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ် ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေး ရန်အတွက် မြိတ်အများပိုင်မှ န Gကမေိ နညလငမသညာနညအal ရ Sနမလငခနျ ကုမ္ပဏီ သို့ လုပ်ငန်းအပ်ခဲ့ခြင်း ဖြစ်သည်။
” E Guard  ကုမ္ပဏီရဲ့ ဆန်းစစ်လေ့ လာမှုတွေ ရလဒ်များနှင့်အတူ မြန်မာ  နိုင်ငံ ရင်းနှီးမြှပ်နှံမှုကော်မရှင်ကို ခွင့်ပြု ချက်ရရှိအောင် တင်ပြသွားမယ်” ဟု မြိတ် အများပိုင်ကုမ္ပဏီ၏ ဒါရိုက်တာ အတွင်း ရေးမှူး ဦးမျိုးအောင်က ပြောသည်။
ယင်းစီမံကိန်းကို မြိတ်အများပိုင် နှင့် ရွှေအလင်းအိမ်ကုမ္ပဏီလီမိတက်တို့ ပူးပေါင်းတည်ထောင်သော KINN THEE RESORT CO., Ltd မှ တာဝန်ယူ တည်ဆောက်သွားမည်ဖြစ် ကာ ရင်းနှီးမြှုပ်နှံမှု ကျပ်သန်းပေါင်း ၄၇၃၄.၇၆ သန်းကုန်ကျမည်ဖြစ်ပြီး စီမံကိန်းကာလ သုံးနှစ်ကြာမြှင့်မည် ဖြစ် ကြောင်း မြိတ်အများပိုင်ကုမ္ပဏီက ဆို ထားသည်။
ကွမ်းသီးကျွန်းအပန်းဖြေစီမံကိန်းသည် မြိတ်မြို့မှ အနောက်မြောက်ဘက် ယွန်းယွန်း ၅၁ မိုင်အကွာအဝေးမှာ တည် ရှိပြီး အမြန်ယာဉ်ဖြင့် ၂ နာရီခွဲခန့်ကြာ သွားရကြောင်း အများပိုင် ကော်ပိုရေးရှင်း လီမိတက်ထံမှ သိရသည်။