ထားဝယ်သို့ ရေကြောင်းပါမစ် မလိုဘဲ ဆန်သွင်းခွင့်တောင်းဆို

0
376

အချို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ အပါအဝင် အစိုးရ ခေါင်းဆောင်များက အမှိုက်ကိစ္စကို အမှိုက်ကောက်ခြင်းနဲ့ ဖြေရှင်းမယ်ဆိုတော့ လဲသာသေလိုက် တော့လို့ ပြောချင်တော့တယ်။

ဆန်လိုဒေသ ထားဝယ်သို့ ကုန်ကျ စရိတ်ပိုနည်းသော ပင်လယ်ရေကြောင်း မှ ပါမစ်မလိုဘဲ ဆန်တင်ခွင့်ပြုရန် ထားဝယ်ခရိုင် ဆန်စပါးလုပ်ငန်းအသင်း က တောင်းဆိုလိုက်သည်။
ထားဝယ်ဒေသသို့ ရေကြောင်းမှ ဆန်တင်သွင်းလိုပါက တနင်္သာရီနှင့် ရန်ကုန်တိုင်းအစိုးရတို့တွင် ခွင့်ပြုချက် (ပါမစ်) အဆင့်ဆင့် လျှောက်ထားရန် လိုအပ်ပြီး ရန်ကုန်ပါမစ်သည် အနည်း ဆုံးနှစ်ပတ်မှတစ်လအထိ ကြာမြင့်လေ့ ရှိကြောင်း ထားဝယ် ဆန်ကုန်သည် အချို့က ဆိုသည်။
ရန်ကုန် အစိုးရ ဆန်ပါမစ်ဖြင့်သာ ဆိပ်ကမ်းမှ သင်္ဘောတင်ခွင့်ရှိသည်။
ကုန်းလမ်းမှ ဆန်တင်သွင်းရန် ပါမစ်မလိုသော်လည်း ကုန်ကျစရိတ် မြင့်ခြင်း၊ ကုန်အပါနည်းခြင်း၊ ကားရှာရ ခက်ခြင်းတို့ ရှိသဖြင့် ထိုသို့တောင်းဆို ရခြင်း ဖြစ်ကြောင်း ထားဝယ်ခရိုင် ဆန်စပါးလုပ်ငန်းအသင်း ဥက္ကဋ္ဌ                  ဦးနိုင်လွင်လတ် ကပြောကြားသည်။
ဦးနိုင်လွင်လတ်၏ အဆိုအရ ရန်ကုန်အစိုးရကထုတ်ပေးသော ဆန်ပါ မစ် အချိန်ကြာသည့် အပြင် လုံလောက် သော ပမာဏလည်း ထုတ်ပေးနိုင်ခြင်း မရှိပေ။
” မိုးရာသီရောက်လို့ လှိုင်းလေကြီး လာရင် သယ်ယူဖို့အဆင်မပြေတော့လို့ ဒေသတွင်းဆန် လိုအပ်ချက်တွေ ရှိလာ နိုင်တယ်”  ဟု ဦးနိုင်လွင်လတ်က ပြော သည်။
ဆန်လိုအပ်ချက်ရှိလာပါက ဝယ် လိုအားများလာပြီး ဆန်ဈေးတက် ကာ ပြည်သူများ ထိခိုက်မည်ကို စိုးရိမ်မိ ကြောင်း ၎င်းကဆိုသည်။
ဒေသတွင်း စားသုံးမည့်ဆန်အား လွတ်လပ်စွာ သယ်ယူခွင့်ပေးမည် ဆိုပါ က ဆန်ဈေးတည်ငြိမ်ကာ ပြည်သူများ ပိုမိုအဆင်ပြေနိုင်မည်ဖြစ်ကြောင်း ထားဝယ်မြို့ စည်ပင်သာယာဈေးအနီး ဖွင့်လှစ်ရောင်းချနေသည့် ဆန်လုပ်ငန်း ရှင်တစ်ဦးက ဆိုသည်။
” ဆန်လိုအပ်ချက်ရှိရင် လက်လီ လက်ကားရောင်းနေတဲ့ဆိုင်တွေက ပြဿနာမရှိဘူး၊ စားသုံးတဲ့ ပြည်သူ တွေပဲ နစ်နာနိုင်တယ်” ဟုအဆိုပါ လုပ်ငန်းရှင်က ပြောသည်။
ရန်ကုန်မှ ထားဝယ်သို့ မော်တော် ယာဉ်ဖြင့် သယ်ယူပါက အိမ်အရောက် တစ်အိတ်လျှင် ငွေကျပ် ၂၀၀၀ ခန့် ကျသင့်ပြီးရေလမ်းမှသင်္ဘောဖြင့် သယ်ယူ ပါက ၁၆၀၀ ကျပ်ခန့် ကျသင့် ကြောင်း ကုန်သည်အချို့ကပြောသည်။
ထားဝယ်ဒေသသို့ တစ်လလျှင် ဆန်တန်ချိန် ၂၅၀၀ ခန့် (ဆန်အိတ် ငါးသောင်းခန့် အထိ) တင်သွင်းနေရ ကြောင်း ထားဝယ်ခရိုင် ဆန်စပါးလုပ် ငန်းအသင်းထံမှ သိရသည်။
ပြီးခဲ့သည့် နှစ်ပိုင်းများမှ စတင်ကာ ထားဝယ်ဒေသတွင် ဆန်လိုအပ်ပိုလာ သည်။