စာမေးပွဲ

0
463

စာမေးပွဲဆိုတဲ့အသံကို ကျောင်း သားတိုင်းလိုလို ကြားချင်ကြမှာ မဟုတ် ပါဘူး။ စာမေးပွဲဆိုတဲ့ အသံဟာ ကျောင်း သားတွေအတွက်တော့ ငှက်ဆိုးထိုးသံ ပါပဲ။ ကျောင်းသားတွေအတွက် ကျောင်း တက်ရတာ အပန်းမကြီးပေမယ့်လည်း စာမေးပွဲဆိုတာကြီးကတော့ မရှိလေ ကောင်းလေပါပဲ။ စာကျက်ရတာ ပျော် တယ်ဆိုတဲ့ ကျောင်းသားကတော့ ရှိလိမ့် မယ်မထင်။ စာမေးပွဲတွေ ခဏခဏ စစ် နေကြတဲ့ ဆရာတွေကရော စာကျက် ရတာကို ကြိုက်ကြပါရဲ့လား။ ရာထူးတိုး စာမေးပွဲကိုတောင် ဖြေချင်ကြတာ မဟုတ်ဘူး။


စာမေးပွဲရဲ့ ရည်ရွယ်ချက်က ကျောင်းသားရဲ့တတ်မြောက်မှုကို အကဲ ဖြတ်ဖို့ပါ။ တစ်နည်းအားဖြင့် သင်ယူ လေ့လာထားတဲ့ ဘာသာရပ်အကြောင်းကို ဖော်ပြဖို့ပဲ ဖြစ်ပါတယ်။ နောက်ပြီးတော့ ဘာတွေထပ်ပြီးတော့ လေ့လာဖို့ လိုသေး လဲဆိုတာကို သိစေဖို့ပဲ ဖြစ်ပါတယ်။ ဒါ ကြောင့်လည်းပဲ သင်ခန်းစာတစ်ခု ပြီးဆုံး တိုင်း ပြန်လည်စစ်ဆေးတဲ့ Chapter End Test  စာမေးပွဲတွေကို စစ်ရပါတယ်။ အခန်းဆုံး စစ်တဲ့နေရာမှာ စာမေးပွဲ ပုံစံ မျိုး မဟုတ်ဘဲ အခန်းထဲမှာပဲ စစ်ရ ပါတယ်။ သို့သော်လည်း ကျောင်းသားနဲ့ စာသင်ခန်း အချိုးမညီလို့ စာသင်ခုံ တစ် ခုံမှာ ငါးယောက်ကနေ ခြောက်ယောက် လောက်အထိ ထိုင်ကြရပါတယ်။ ဒါကြောင့် အခန်းဆုံးစစ်တဲ့အခါ လူခွဲ ထုတ်လိုက်တော့ စာမေးပွဲပုံစံ ဖြစ်သွား ပါတော့တယ်။ နိုင်ငံတကာမှာတော့ ကျောင်းသားတစ် ယောက်ကို ခုံတစ်ခုံ နှုန်းဆိုတော့ အားလုံးအဆင် ပြေပါတယ်။ ကျွန်တော်တို့မှာက အခု ချိန်ထိ ခုံရှည် တွေကို အသုံး ပြုကြရတာ များပါတယ်။
ကျွန်တော်တို့ တုန်းကတော့ တစ် နှစ်မှာမှ စာမေးပွဲ သုံးကြိမ်လောက်ပဲ ဖြေကြရပါတယ်။ အခုခေတ် ကလေးတွေ မှာတော့ စာမေးပွဲက များလွန်းလို့ စာမေး ပွဲကြောက်ရောဂါတောင် ရသွားနိုင်ပါ တယ်။ မူလတန်း အထက်ဆင့်ကနေ ကိုးတန်းအထိကို အနည်းဆုံးစာမေးပွဲ ငါးကြိမ်လောက် ဖြေကြရပါတယ်။ ဆယ်တန်း ကျောင်းသားတွေဆိုရင်တော့ အခန်းဆုံးစာမေးပွဲ၊ ပနှစ်ဝက်စာမေးပွဲ တွေအပြင် စမန-အနျအ သုံးနာရီမေးခွန်း က သုံးကြိမ်လောက် ဖြေဆိုကြရပါတယ်။ မတ်လအတန်းတင်စာမေးပွဲကြီး ဖြေဆို ပြီးတော့မှပဲ စာမေးပွဲရာသီကြီး ပြီးဆုံးပါ တော့တယ်။
အရင် စစ်အစိုးရလက်ထက်မှာဆို စာမေးပွဲက အခုထက်ပိုများပါသေးတယ်။ နှစ်ပတ်တစ်ကြိမ်စာမေးပွဲ၊ အခန်းဆုံး စာမေးပွဲ(သို့မဟုတ်) လပတ်စာမေးပွဲ၊ ပနှစ်ဝက် စာမေးပွဲတွေအပြင် pre-test  စာမေးပွဲ၊ အရည်ချင်း စစ်စာမေးပွဲ၊ ထူး ချွန်စာမေးပွဲနဲ့ နောက်ဆုံးအတန်းတင် စာမေးပွဲ ဖြေဆိုတဲ့အချိန်ထိဆို ဖြေလိုက် ရတဲ့ စာမေးပွဲက ကြောက်ဖို့တောင် ကောင်းသား။ ဒီကြားထဲ ကုစားစာမေးပွဲ ဆိုတာလည်း ပါလိုက်ပါသေးတယ်။ လပတ်စာမေးပွဲမှာ ကျတဲ့ကျောင်းသား တွေကို ပြန်လည်ကုစားသင်ပေးပြီး ပြန် ဖြေခိုင်းတာပါ။ ကုစားစာမေးပွဲမှာ ထပ်ပြီးတော့ ကျတဲ့သူဆိုရင်တော့ နှစ်ထပ်ကွမ်း ကုစားရပါတယ်။ နှစ်ထပ် ကွမ်းကုစားရတဲ့ ကျောင်းသား ဆိုရင် တော့ အရည်အချင်း ဘယ်လောက်ညံ့ သလဲဆိုတာ စဉ်းစားသာ ကြည့်ပေတော့။ အဲဒီလောက် စာမေးပွဲတွေ များပေမယ့် ကျောင်းသားတွေမှာ ပိုပြီးတိုးတက်လာ သလားဆိုတော့ ဒုံရင်းကဒုံရင်းပါပဲ။ ဆရာ၊ ဆရာမတွေမှာ မေးခွန်းထုတ်၊ အဖြေလွှာစစ်၊ အမှတ်စာရင်းသွင်းနဲ့ လုံးချာလိုက်နေတော့တာပဲ။ အမှတ် စာရင်း တွေဆိုလည်း အချိန်မီပို့နိုင်အောင် ကြိုးစားရတော့ သင်ကြားရေးအတွက် အချိန်က မလုံလောက်တော့ပါဘူး။ နောက်ဆုံးကျောင်းသားတွေက အပြင် ကျူရှင်ကိုပဲ အားကိုးဖို့ရှိပါတော့ တယ်။ အကျိုးဆက်ကတော့ ကျောင်းသား တွေလည်း စာမေးပွဲတွေကိုငြီးငွေ့၊ ဆရာ ဆရာမတွေမှာလည်း သင်ကြား ရေးတွေ ထိခိုက်တာပဲ အဖတ်တင် ပါတယ်။
အရင်တုန်းကတော့ ကိုးတန်း အထိကတော့ မအောင်မရှိ ငါ့တပည့်ပါပဲ။ အရမ်းအခြေအနေဆိုးတဲ့ ကျောင်းသား တွေလောက်သာ စာမေးပွဲကျလေ့ရှိ ပါတယ်။ အဲဒီလိုအခြေအနေကနေ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်က စပြီးတော့ စတုတ္ထတန်းနဲ့ အဋ္ဌမတန်းတွေကို အရင်တုန်းကလို အစိုးရစစ်စာမေးပွဲ ပြန်စစ်မယ်ကြားတော့ ပညာရေးကို စိတ်ပါဝင်စားသူတွေ အားလုံးကကြို ဆိုခဲ့ကြပါတယ်။
သို့သော်လည်း အောင်စာရင်းတွေ ထွက်ပြီးတဲ့နောက်မှာ ကုစားပြန်ဖြေရ မယ်ကြားတော့ အားလုံးစိတ်ပျက် ကြရပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ပထမ အောင်စာရင်းမှာတောင် A,B,C  ဆိုပြီးတော့ အဆင့်သုံးဆင့် နဲ့အတန်းတင် ပေးထားပါတယ်။ တကယ်တော့ C အဆင့်ဆိုတာ အနည်းဆုံး သုံးဘာသာ လောက်ကျဖို့ရှိ တဲ့သူတွေပါ။ စာမေးပွဲမှာ ကျတဲ့သူတွေဆိုတာ ဘာသာစုံနီးပါး ကျသူတွေပါ။ အဲဒီလိုကျောင်းသားတွေကို ပြန်မဖြေခိုင်းတာ အကောင်းဆုံးလို့ ထင် ပါတယ်။ အရည်အချင်း မပြည့်မီဘဲ အတန်းတင်ပေးလို့လည်း သိပ် မထူးပါ ဘူး။ ကိုးတန်းရောက်လို့ စာမလိုက်နိုင်ရင် စိတ်ဓာတ်ကျပြီးတော့ ကျောင်းထွက်ချင် စိတ်တောင် ပေါက်သွားနိုင်တယ်။ ယခု နှစ်စာမေးပွဲမှာ ကုစားစာမေးပွဲ မရှိတော့ ဘူးကြားလို့ အားလုံးဝမ်းသာခဲ့ရပေမယ့် နောက်ဆုံးတော့ ကုစားစာမေးပွဲရှိတယ်လို့ ကြားသိနေရပါတယ်။
အခုနှစ်အခြေအနေက ပိုဆိုးပါ တယ်။ ဘာဖြစ်လို့ လည်းဆိုတော့ ကုစား မရှိတော့ဘူးပြောလို့ အမှတ်ဖျက်(စာစစ်) တဲ့ နေရာမှာ အထက်လူကြီးရဲ့ညွှန်ကြား ချက်နဲ့ မျက်စိမှိတ်ပြီးတော့ မခြစ်ယုံတ မယ် အဖြေလွှာတွေကို စစ်ခဲ့ရတယ်လို့ သိရပါတယ်။ အဲဒီလောက်အနေ အထား စစ်ထားတာတောင်ကျနေသေးတဲ့ ကျောင်းသားတွေကို ကုစား ပြန်ဖြေခိုင်း မယ်ဆိုတော့ အခုနှစ်ကိုးတန်းသင်ရမယ့် ဆရာဆရာမတွေ အတွက်တော့ ရင်လေး စရာပါပဲ။ အဲဒီကျောင်းသားတွေကို အတန်းတင် မပေးဘဲ အဋ္ဌမတန်းစာကို ကျေညက်အောင် ပြန်လည်သင်ယူစေ တာက သူတို့အတွက် ပိုကောင်းမယ် ထင်ပါတယ်။
ကျွန်တော် အခုလိုပြောရတာက သားသမီးချင်း ကိုယ်ချင်းစာစိတ် မရှိလို့ မဟုတ်ပါဘူး။ အရည်အချင်း ပြည့်ဝတဲ့ ကျောင်းသားလူငယ်လေး တွေကို မြင်တွေ့ချင်လို့ပါပဲ။

အရည်အချင်း ပြည့်ဝတဲ့ ကျောင်းသား တွေကို မွေးထုတ်ပေးနိုင်မှ အနာဂတ်နိုင်ငံတော် တည်ဆောက်ရေးမှာ တစ်ဖက်တစ်လမ်းက အကူအညီပေးနိုင်မယ် မဟုတ်ပါလား။ နောက် ဆုံး မျှော်လင့်ချက် တစ်ခုကတော့ အခုလိုမျိုး ကြက်တူရွေး ကျက် ကျက်ပြီး တော့ဖြေနေရတဲ့ စာမေးပွဲ စနစ်အစား ဒီထက်ကောင်းမွန် တဲ့နည်းလမ်းတွေနဲ့ ကျောင်းသားတွေရဲ့ တတ်မြောက်မှုကို ဆန်းစစ် သတ်မှတ်ပေးနိုင်မယ့် အမြန်ဆုံး ပေါ်ပေါက်လာစေချင်ပါတယ်။ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေတဲ့ အစိုးရသစ် လက်ထက်မှာ ဒီမိုကရေစီစံနှုန်းနဲ့ ကိုက်ညီတဲ့ ပညာရေးစနစ်မျိုးစနစ် အမြန်ဆုံး ဖော်ဆောင်နိုင်ဖို့ လိုပါမယ်။ မြန်မာ ကျောင်းသားလူငယ်အပေါင်း စာမေးပွဲ ဘေးကနေပြီး အမြန်ဆုံးကင်း ဝေးနိုင်ကြပါစေ။