ကော့သောင်း၊ မေ ၁၈
အသက် ၁၄ နှစ်အရွယ် တူဖြစ်သူအား ဦးလေးဖြစ်သူက ညှဉ်းပန်းနှိပ်စက်ကာ မေလ ၁၆ရက်က ကျွန်းပေါ်တွင် စွန့်ပစ်မှု တစ်ရပ် တနင်္သာရီကမ်းလွန်ကျွန်းတွင် ဖြစ်ပွား ခဲ့သည်။
ဦးလေးဖြစ်သူနှင့် အတူနေထိုင်သည့် ထိုကလေးငယ်သည် ဦးလေးဖြစ်သူ ပင်လယ်ပြင်သို့ ငါးဖမ်းထွက်သည့်အခါ အဖော်အဖြစ် လိုက်ပါရလေ့ရှိကြောင်း ကလေးငယ်က ထွက်ဆိုကြောင်း ကော့သောင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
ယင်းသို့ လိုက်ပါရာမှ အခင်းဖြစ်သည့်နေ့တွင် စိတ်အလိုမကျဖြစ်ကာ စက်နိုးသည့် ဂေါက်တံဖြင့် ရိုက်ခြင်း၊ လည်ပင်း အား ကြိုးဖြင့် ချည်ကာ ဒရွတ်တိုက်ဆွဲခြင်း၊ နားရွက်အား ဓားဖြင့် မွှန်းခြင်းတို့ ပြုလုပ်သည့်အပြင် ကျွန်းပေါ်တွင် စွန့်ပစ်ခဲ့ရာ ကယ်သူမတွေ့ချိန်အထိ အစားမစားရဘဲ ၂ ရက်ကြာခဲ့ကြောင်း အဆိုပါ ကလေးငယ်က ပြောသည်။
“ကလေးကို ငါးမျှားချိတ်နဲ့ ချိတ်ပြီး လန်းပိကျေးရွာ အရှေ့ဘက်ရှိ ကာရမ်ကျွန်းပေါ်မှာ စွန့် ပစ်ခဲ့တာ၊ ကမ်းနီးငါးဖမ်းလှေ တစ်စီးက တွေ့လို့ ကယ်လာခဲ့တာ”ဟု ၎င်း က ဆိုသည်။
ဒဏ်ရာများနှင့် ကျွန်းပေါ်တွင် စွန့်ပစ်ခံထားရသည့် ကလေးငယ်အား ကယ်တင်လာသည့် ရေလုပ်သားများ၏ သတင်းပေး ချက်အရ မြို့နယ်ရဲတပ်ဖွဲ့တို့ပူးပေါင်း
လက်ရှိတွင် ဆေးဝါးကုသနိုင်ရန် ကော့သောင်းပြည့်သူ့ဆေးရုံကြီးသိ
ကလေးငယ်အား ညှဉ်းပန်းနှိပ်စက်ခဲ့သည့် ဦးလေးဖြစ်သူကို ဥပဒေ အရ အရေးယူနိုင်ရန် ကော့သောင်းမြို့မ ရဲစခန်း တွင် အမူဖွင့်တိုင်ကြားထားသည်ဟု ကော့သောင်းမြို့မ ရဲစခန်းထံမှသိရသည်။