ဦးလေးက တူဖြစ်သူအား ညှဉ်ပန်းပြီး ကျွန်းပေါ် စွန့်ပစ်

0
493

ကော့သောင်း၊ မေ ၁၈

အသက် ၁၄ နှစ်အရွယ် တူဖြစ်သူအား ဦးလေးဖြစ်သူက ညှဉ်းပန်းနှိပ်စက်ကာ မေလ ၁၆ရက်က ကျွန်းပေါ်တွင် စွန့်ပစ်မှု တစ်ရပ် တနင်္သာရီကမ်းလွန်ကျွန်းတွင် ဖြစ်ပွား ခဲ့သည်။

ဦးလေးဖြစ်သူနှင့် အတူနေထိုင်သည့် ထိုကလေးငယ်သည် ဦးလေးဖြစ်သူ ပင်လယ်ပြင်သို့ ငါးဖမ်းထွက်သည့်အခါ အဖော်အဖြစ် လိုက်ပါရလေ့ရှိကြောင်း ကလေးငယ်က ထွက်ဆိုကြောင်း ကော့သောင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

စွန့်ပစ်ခံရသည့် ကလေးငယ်၊ ဓာတ်ပုံ မိုးအိ/Dawei Watch
စွန့်ပစ်ခံရသည့် ကလေးငယ်၊
ဓာတ်ပုံ မိုးအိ/Dawei Watch

ယင်းသို့ လိုက်ပါရာမှ အခင်းဖြစ်သည့်နေ့တွင် စိတ်အလိုမကျဖြစ်ကာ စက်နိုးသည့် ဂေါက်တံဖြင့် ရိုက်ခြင်း၊ လည်ပင်း အား ကြိုးဖြင့် ချည်ကာ ဒရွတ်တိုက်ဆွဲခြင်း၊ နားရွက်အား ဓားဖြင့် မွှန်းခြင်းတို့ ပြုလုပ်သည့်အပြင် ကျွန်းပေါ်တွင် စွန့်ပစ်ခဲ့ရာ ကယ်သူမတွေ့ချိန်အထိ အစားမစားရဘဲ ၂ ရက်ကြာခဲ့ကြောင်း အဆိုပါ ကလေးငယ်က ပြောသည်။

“က​လေးကို ငါးမျှားချိတ်​နဲ့ ချိတ်​ပြီး လန်းပိ​ကျေးရွာ အ​ရှေ့ဘက်​ရှိ ကာရမ်​ကျွန်း​ပေါ်မှာ စွန့်​ ပစ်​ခဲ့တာ၊ ကမ်းနီးငါးဖမ်း​လှေ တစ်​စီးက တွေ့လို့ ကယ်လာခဲ့တာ”ဟု ၎င်း က ဆိုသည်​။

ဒဏ်​ရာများနှင့်​ ကျွန်း​ပေါ်တွင်​ စွန့်​ပစ်​ခံထားရသည့် ကလေးငယ်အား ကယ်တင်လာသည့် ရေလုပ်သားများ၏ သတင်းပေး ချက်အရ မြို့နယ်ရဲတပ်ဖွဲ့တို့ပူးပေါင်းကာ ကလေးငယ်အား ဆေးကုသပေးနိုင်ခဲ့ပြီး ညှဉ်းပန်းနှိပ်စက်ခဲ့သည့် ဦးလေး ဖြစ်သူကိုလည်း ဖမ်းဆီးနိုင်ခဲ့သည်ဟု ပိတောက်ရွှေဝါရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်သက်နိုင်က ပြောသည်။

လက်ရှိတွင် ဆေးဝါးကုသနိုင်ရန် ကော့သောင်းပြည့်သူ့ဆေးရုံကြီးသို့တင်ပို့ထားပြီး ကျန်းမာလာပါက စားဝတ်နေရေးအတွက် အများနှင့် ညှိနှိုင်းကာ ကူညီသွားမည်ဟု ဦးကျော်သက်နိုင်က ပြောသည်။

က​လေးငယ်​အား ညှဉ်းပန်းနှိပ်​စက်​ခဲ့သည့်​ ဦး​လေးဖြစ်​သူကို ဥပ​ဒေ အရ အ​ရေးယူနိုင်​ရန်​ ​ကော့​သောင်းမြို့မ ရဲစခန်း တွင်​ အမူဖွင့်​တိုင်​ကြားထားသည်​ဟု ​ကော့​သောင်းမြို့မ ရဲစခန်းထံမှသိရသည်​။