လောင်းလုံး ကျောက်မီးသွေးစက်ရုံ မဆောက်ရန် ဆန္ဒပြပြီး တစ်လခွဲ အကြာ ကန့်ကွက်စာထပ်ပို့

0
430

ဦးသိန်းစိန် အစိုးရ၏ ဆိုးမွေ တစ်ခုဖြစ်သော လောင်းလုံး ကျောက်မီး သွေး စက်ရုံကို ဒေသခံ ရွာသားများ ဆန္ဒပြခဲ့ပြီးနောက် တစ်လကျော်အကြာ တွင်ပင် စီမံကိန်း အကောင်အထည် ဖော်ခြင်း မပြုရန် ဒေသခံ နှစ်ထောင် ကျော်က တနင်္သာရီဝန်ကြီးချုပ်ထံ ထပ်မံ တောင်းဆိုလိုက်ပြန်သည်။


ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ရမ္မဇူဧရိယာတွင် တည်ဆောက်မည့် ၅၀၀ မဂ္ဂါဝပ် ကျောက်မီးသွေးသုံးလျှပ် စစ်ဓာတ်အားပေး စက်ရုံစီမံကိန်း အ ကောင်အထည် ဖော်မည့်ကိစ္စကို ရပ်တန့် ပေးရန် သကျက်တောကျေးရွာအုပ်စု ဖွံ့ဖြိုးရေးကော်မတီက တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီးချုပ်ထံ  မေလ ၁၁ ရက် နေ့က စာပို့ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

nocoal_ll
ယခုနှစ်အတွင်းတွင်မှ ဦးသိန်းစိန် အစိုးရက လက်မှတ်ရေးထိုး သဘောတူခဲ့ သော ယင်းစီမံကိန်းကို ဒေသခံ ၅၀၀ ကျော်က မတ်လ ၂၅ ရက်က ဆန္ဒပြခဲ့ သေးသည်။ ထိုနောက် မေလ ၁၁ ရက် နေ့တွင် အစိုးရသစ် ဝန်ကြီးချုပ်ထံ စာပို့ တောင်းဆိုခြင်းဖြစ်သည်။
ယင်း စက်ရုံတည်ဆောက်မည်ဆို ပါက ပင်လယ်ပြင်ညစ်ညမ်းမှုများ၊ ဒေ သခံများ၏ သက်မွေးဝမ်းကြောင်းလုပ် ငန်းများသာမက ကျန်းမာရေးကိုပါ ဆိုး ရွားစွာထိခိုက်မည်ဖြစ်သောကြောင့် ဒေသခံများအနေနှင့် လုံးဝလက်ခံမည် မဟုတ်သဖြင့် စီမံကိန်းအကောင်အထည် ဖော်မည့်ကိစ္စကို ပြည်သူရွေးချယ် တင် မြှောက်ထားသည့် အစိုးရက ပြန်လည် စိစစ်ပြီး ရပ်တန့်ပေးရန် တောင်းဆို ရခြင်းဖြစ်ကြောင်း ကျေးရွာအုပ်စု ဖွံ့ဖြိုး ရေး ကော်မတီ ဥက္ကဋ္ဌ ဦးစစ်ထွန်းက ပြောသည်။
“ကျောက်မီးသွေးဆိုးကျိုးကို တစ် ကမ္ဘာလုံးက သိနေတဲ့ကိစ္စ။ တစ် ကမ္ဘာလုံးက လက်မခံတဲ့ကိစ္စကို လက်ခံ လိုက်ရင် နောင်လာနောင်သားတွေကို ဆိုးမွေပေးခဲ့သလိုဖြစ်မှာစိုးလို့ လူကြီး ပိုင်းတွေက ကန့်ကွက်ရတာဖြစ်ပါတယ်” ဟု ဦးစစ်ထွန်းက ဆိုသည်။
ဝန်ကြီးချုပ်ထံ လိပ်မူ ပေးပို့ သည့်တောင်းဆိုစာနှင့်အတူ ဒေသခံ ၂၄၀၀ ဦး၏ လက်မှတ်များကိုပါ ပူးတွဲ တင်ပြထားသည်။
လောင်းလုံး ကျောက်မီးသွေးစက်ရုံ စီမံကိန်းကို ယခင်အစိုးရသက်တမ်း ကုန်လုနီးတွင် စီမံကိန်းကို အကောင် အထည်ဖော်မည့် 24 Hours Mining and Industry Company Limited နှင့် သဘာတူ စာချုပ်လက်မှတ်  (MoA)   လက်မှတ်ရေးထိုးခဲ့သည်။
အစိုးရဟောင်းအနေဖြင့် ယင်း စီမံကိန်းကို သဘောတူလက်မှတ် ရေး ထိုးခဲ့ခြင်းသာဖြစ်ပြီး အကောင်အထည် ဖော်မည့်ကိစ္စမှာ အစိုးရသစ်၏သဘော ထားအပေါ်မူတည်ကြောင်း လျှပ်စစ်စွမ်း အင်ဝန်ကြီးဌာနမှ ဒုဝန်ကြီးဟောင်း ဦးမော်သာထွေးကဒေသခံများ ဆန္ဒထုတ် ဖော်ခြင်းနှင့် ပတ်သက်၍ ပြောဆိုခဲ့ဖူး သည်။
လောင်းလုံးမြို့နယ်တွင် ဒေသခံ များ ကန့်ကွက်နေသော အခြားစီမံကိန်း တစ်ခုဖြစ်သည့် ရေနံချက်စက်ရုံ စီမံ ကိန်း တည်ဆောက်ရန်ကိုလည်း ဧပြီလ နှောင်းပိုင်းက ဦးသိန်းစိန် အစိုးရ မဆင်းမီ လက်မှတ်ရေးထိုးခဲ့သေးသည်။