ရနောင်းကားတိုက်မှုကြောင့် သေဆုံးသည့် မြန်မာအလုပ်သမားများ နစ်နာကြေးရရန် ၁ နှစ်ခန့်ကြာမည်

0
560

ထိုင်းနိုင်ငံ၊ ရနောင်းခရိုင် တွင် ကားတိုက်ခံရ၍ သေဆုံးသွားသော မြန်မာအလုပ်သမား ၆ ဦးအတွက် နစ်နာကြေးရရန်  မြန်မာသံရုံး ကိုယ်စာ လှယ်တစ်ဦးနှင့် မိတ်ဖက်အဖွဲ့များက ပူးပေါင်းပြီး ကြိုးပမ်းလျက်ရှိရာ အထောက်အထားပြည့်စုံပါက ၁ နှစ် ခန့်ကြာမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ  မြန်မာသံရုံး အလုပ်သမားကူညီစောင့် ရှောက်ရေးအဖွဲ့ထံမှ သိရသည်။


ရနောင်းမြို့နယ်၊ စဖန်ပလားလမ်း တွင် ဧပြီလ ၃၀ရက်က ဖယ်ရီစောင့်နေ သည့် မြန်မာ ရွှေ့ပြောင်း အလုပ်သမား များအား ကားတစ်စီးက ဝင်တိုက်မိပြီး မြန်မာ အလုပ်သမား ၆ ဦး  သေဆုံး ခဲ့သည်။
အဆိုပါ သေဆုံးသူများအတွက် အတိုက်ခံရသော ကားကကားအာမခံ ကြေးအဖြစ် တစ်ဦးလျှင်ဘတ်ငွေ ငါးသိန်းနှင့် ထိုင်းဘုရင်၏ သတ်မှတ် ထားသော နစ်နာကြေး ဘတ်ငွေသုံးသိန်း စုစုပေါင်းဘတ်ငွေရှစ်သိန်းစီ ရရှိမည်ဖြစ် ကြောင်း သေဆုံးသူ မြန်မာ အမျိုးသမီး များ၏နစ်နာကြေးများရရန် ဆောင်ရွက် ပေးနေသော မြန်မာသံရုံး အလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့က ဆိုသည်။
“သေဆုံးသူ မိသားစုဝင်တွေထဲ က အမွေစား အမွေခံထိုက်တဲ့ စာရွက်စာ တမ်း အပြည့်အစုံ တောင်းထားတယ်၊ နစ်နာကြေးငွေအပြည့်အဝကို တစ်နှစ် အတွင်းရရှိအောင်ပူးပေါင်းပြီး ဆောင် ရွက် သွားမည် ” ဟု မြန်မာသံရုံး အလုပ် သမားကူညီစောင့်ရှောက်ရေးအဖွဲ့ ဥပဒေအကြံပေး ဦးအောင်မျိုးသန့်က ဆိုသည်။

ranaung_accident
လွန်ခဲ့သည့် ၈ နှစ်ခန့်က အအေး ခန်းကားအတွင်း သေဆုံးခဲ့သည့် မြန်မာ ၅၄ ဦးစလုံး လျော်ကြေး မရရှိ ခြင်းသည် ပူးပေါင်း ဆောင်ရွက်မှု အားနည်း ခဲ့ခြင်းကြောင့် ဖြစ်ပြီး ယခု အကြိမ်တွင် ယင်းသို့ မဖြစ်အောင် မြန်မာ အလုပ် သမား အရေး ဆောင်ရွက် နေသည့် အဖွဲ့များနှင့်သံရုံးအဖွဲ့များ ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ဦးအောင်မျိုး သန့်က ပြောသည်။
လက်ရှိတွင် သေဆုံးသူများ သည် အလုပ်ရှင်ထံမှ တစ်ဦးလျှင် ဘတ်ငွေ နှစ်သောင်းနှင့် ထိုင်းအစိုးရထံမှ ဘတ် ငွေတစ်သိန်းခန့်ဖြင့် စုစုပေါင်း ဘတ်ငွေ တစ်သိန်းနှစ်သောင်းစီ ရရှိထားပြီး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံရုံးကလည်း သေဆုံးသူများအား ထောက်ပံ့ကြေး အဖြစ် တစ်ဦးလျှင် ဘတ်ငွေငါးထောင်စီ ပေးအပ် ထားသည်။
ထိုင်းနိုင်ငံသား မောင်းနှင်းလာ သော မော်တော်ယာဉ်တစ်စီး ကားဘီး ပေါက်ကာ ယင်းသို့ ဝင်တိုက်မိခြင်း ဖြစ်ပြီး အတိုက်ခံရသည့် အလုပ်သမား များမှာ SIFဃဥ GRဥ့ဏ အအေးခန်း စက်ရုံတွင် အလုပ်လုပ်နေသည့် ထား ဝယ်သူများ ဖြစ်သည်။