ကော့သောင်းတွင် အအေးဆိုင် ဘန်းပြ ပြည့်တန်ဆာလုပ်ငန်းများ ဖမ်းဆီး

0
482

ကော့သောင်းမြို့နယ်တွင် အအေး ဆိုင်ဘန်းပြ ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်နေသည်ဟု သတင်းကျော်ဇော သည့် ဆိုင်များအား ပြီးခဲ့သည့် အပတ်က ရှောင်တခင် ဝင်ရောက် စစ်ဆေးခဲ့ရာ ဆိုင် ၈ ဆိုင်ကို ဖမ်းဆီးအရေးယူခဲ့ကြောင်း ကော့သောင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရ သည်။


မေလ ၇ရက်က ရွှေဇင်ယော်ရပ် ကွက်နှင့် အေးရိပ်ငြိမ်ရပ်ကွက် မြေနီ လမ်းအတွင်း  ယင်းသို့ ဝင်ရောက်စစ် ဆေးရာ သက်သေ အထောက်အထားနှင့် အတူ ဆိုင် ၈ ဆိုင်ကို ဖမ်းမိခဲ့ပြီး ကျန် ဆိုင် ၁၁ ဆိုင်ကိုမူ ရပ်ကွက်အုပ်ချုပ်ရေး မှူးရုံးတွင် ပြည့်တန်ဆာလုပ်ငန်း မလုပ် ကိုင်ရန် ခံဝန်လက်မှတ်ရေးထိုးခိုင်းခဲ့ ကြောင်း ရဲအုပ် အောင်ဇော်မင်းထွန်းက ပြောသည်။
“မြေနီလမ်းလို့ ပြောလိုက်တာနဲ့ အမျိုးကောင်း သား/သမီး တွေ နေ့ခင်း ဘက်တောင် မသွားရဲအောင်ဖြစ်ရတဲ့ နေရာပါ။ အခုလို ရဲတပ်ဖွဲ့ အနေနဲ့ အဲလို နည်းနဲ့ စီးပွားရှာတဲ့ဆိုင်တွေကို ဖမ်းဆီး အရေးယူ ဆောင်ရွက်တဲ့အပေါ် ကျေးဇူး တင်မိတယ် ” ဟု ရွှေဇင်ယော် ရပ်ကွက်နေ ဦးထွန်းဝေက ပြောသည်။
တနင်္သာရီတိုင်းအတွင်း စား သောက်ဆိုင် အမည်ခံ ကာရာအိုကေ အလုံပိတ် အခန်းပါ စားသောက်ဆိုင် များအား ယာယီပိတ် သိမ်းခိုင်းထားပြီး သတ်မှတ် စည်းကမ်းချက်နှင့် အညီ လိုင်စင်ပြန်လျှောက်ရန် တိုင်းအစိုးရ အဖွဲ့မှ စည်းကမ်းချက် အချက် ၂၀ ထုတ်ပြန်ထားသည်။