မြောင်းအတွင်း စည်းကမ်းမရှိ သွယ်ထားသည့် ရေပိုက်များ ဖယ်ရှားမည်

0
403

ကော့သောင်းမြို့၊ ပိတောက်ရွှေဝါ ရပ်ကွက်ရှိ ရေမြောင်းများအတွင်း စည်း ကမ်းမရှိသွယ်တန်းထားသည့် ပုဂ္ဂလိက ရေပေးဝေရေး လုပ်ငန်းများ၏ ရေသွယ် ပိုက်များ ဖယ်ရှားရမည်ဖြစ်ကြောင်း ကော့သောင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံး ထံမှ သိရသည်။


လက်ရှိတွင် မြောင်းအတွင်း သွယ် ထားသည့် ရေပိုက်များကြောင့် အမှိုက် များ ပိတ်ဆို့ခြင်း၊ ရေစီးမကောင်းခြင်း၊ လမ်းပေါ် ရေကျော်ခြင်းတို့ဖြစ်နေသည် ဟု ပိတောက်ရွှေဝါရပ်ကွက် အုပ်ချုပ် ရေးမှူး ဦးကျော်သက်နိုင်က ပြောသည်။
ပိတောက်ရွှေဝါ ရပ်ကွက် သာမက မြရည်ပုလဲလမ်းတစ်လျှောက် ရေမြောင်း များအတွင်းယင်းရေပေးဝေရေး လုပ်ငန်း များမှ ပိုက်များကြောင့် မိုးရာသီ ရေ မြောင်းပိတ်ခြင်း အမှိုက်ပိတ်ဆို့ခြင်းများ ဖြစ်သည်ဟု ပုလဲလမ်းနေ ပြည်သူ အများက ဆိုသည်။

dirty_kt
” အခုက ရေပိုက်တွေက မြောင်း တွေထဲ ရူပ်နေတော့ အမှိုက်ရှင်းရတာ လည်း အဆင်မပြေဘူး၊ မိုးရွာတော့လည်း ရေစီးမကောင်း၊ ဒီတော့လမ်းပေါ် ရေ ကျော်တာတွေ ဖြစ်တယ် ”  ဟု ပိတောက် ရွှေဝါပရဟိတအဖွဲ့ခေါင်းဆောင် ဦးမျိုး အောင် ဆိုသည်။
အဆိုပါ ရေပိုက်များ ဖယ်ရှားရေး ကိစ္စနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ ရေပေးဝေရေး လုပ်ငန်းရှင်များအား ပြောရန်မြို့နယ် အုပ်ချုပ်ရေးရုံးမှ စည် ပင်သာယာရေးအဖွဲ့သို့ မေလ ၁၂ ရက် စွဲဖြင့် စာထုတ်ပေးခဲ့ကြောင်း ကော့ သောင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံး ထံမှ သိရသည်။
ရေပိုက်များဖယ်ရှားရမည့် ကိစ္စနှင့် ပတ်သက်ပြီး စည်ပင်မှလက်ရှိအချိန် မေလ ၁၃ ရက်အထိ ပြောလာခြင်း မရှိသေးကြောင်း၊ ရေပိုက်များကို မြောင်း ထဲတွင် မထားဘဲ အခြားတနေရာတွင် သွယ်ရန်အတွက် တာဝန်ရှိသူများက ပြောပြပေးရန်လိုအပ်ကြောင်းဟု ပုဂ္ဂလိ က ရေပေးဝေရေးလုပ်ငန်းရှင် ဦးအောင် မိုး က ပြောကြားသည်။
“ရေပိုက်ကို ချက်ခြင်းဖယ်ရှားပေး ဖို့ဆိုဒါ မလွယ်လောက်ဘူး ၊ ဘယ်လို နေရာမှာ ဘယ်လို ထားသင့်တယ် ဆိုတဲ့ အကြံပြုတာတွေ ပူးပေါင်းတာတွေ လုပ် ဖို့ လိုပါတယ်”  ဟု ဦးအောင်မိုးက ပြော ကြားသည်။
ကော့သောင်းမြို့ပေါ် ၁၀ ရပ်ကွက် တွင် ပုဂ္ဂိုလိက ရေပေးဝေရေး အကြီးစား လုပ်ကိုင်သူ ၂ ဦးနှင့် တစ်နိုင်တစ်ပိုင် ရေပေးဝေရေး လုပ်ကိုင်နေသူ ၁၀ ဦး ခန့် ရှိသည်ဟု ယင်းအသိုင်းအဝိုင်းထံမှ သိရသည်။