ကျွန်းစုအတွက် အမှိုက်သိမ်းယာဉ် လိုနေ

0
491

မြိတ်ခရိုင် ကျွန်းစုမြို့နယ်တွင် အမှိုက်သိမ်းယာဉ် လိုအပ်သည့်အတွက် ပြီးခဲ့သည့် ရက်ပိုင်းခန့်က တိုင်းဝန်ကြီး ချုပ် ခရီးစဉ်တွင် တင်ပြထားကြောင်း ယင်းမြို့နယ်စည်ပင်သာယာရေးရုံး ဦးစီးအရာရှိ ဦးသိန်းညွန့်ထံမှ သိရသည်။


ကျွန်းစုမြို့ပေါ် ၄ ရပ်ကွက်မှ ထွက် ရှိသည့် အမှိုက်များကို စွန့်ပစ်ရန် ပြီး ခဲ့သည့် ၁၀ ရက် ဝန်းကျင်ခန့်က အမှတ် (၄) ရပ်ကွက်တွင် အမှိုက်စွန့်ပစ် နေရာ ကို သတ်မှတ်ပေးထားပြီးဖြစ်ကာ လက်ရှိအချိန်ထိ အမှိုက်သိမ်းယာဉ် တစ် စီးမျှ မရှိသေးကြောင်း ယင်းမြို့နယ် စည်ပင်ရုံးမှ သိရသည်။
” ဝန်ကြီးချုပ်က ညှိနှိုင်းပြီး ချပေး မယ်လို့ ပြောထားပါတယ်” ဟု ဦးစီး အရာရှိ ဦးသိန်းညွန့်က ပြောသည်။
လက်ရှိတွင် အမှိုက်သိမ်းယာဉ် မရှိသေးသည့်အတွက် တချို့မှာ သုံးဘီး မော်တော်ယာဉ်များကို ငှားရမ်းကာ ကိုယ်ပိုင် အစီအစဉ်ဖြင့်  အမှိုက်များ သွားရောက် စွန့်ပစ်နေရကြောင်း သိရ သည်။
ယင်းကဲ့သို့ သုံးဘီး မော်တော်ဆိုင် ကယ်များကို ငွေကြေး တချို့ပေးပြီး အမှိုက်ပစ်နေသူများ အနည်းအကျဉ်းသာ ရှိနေပြီး နီးစပ်ရာ မြစ်ချောင်း များတွင် သွားရောက် စွန့်ပစ်နေသူ များပြား ကြောင်း ကျွန်းစုမြို့ ခံတစ်ချို့က ပြော သည်။