ပညာရေး ဝန်ထမ်းများ၏လစာမှ ငွေကြေး မကောက်ခံရ

0
490

ပညာရေး ဝန်ထမ်းများ၏ လစာမှ မည်သည့်အကြောင်းကြောင့် ဖြစ်စေ ငွေကြေးကောက်ခံခြင်း မပြုလုပ်ရန် ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း တနင်္သာရီတိုင်း ပညာရေးမှူးရုံးထံမှ သိရသည်။


ပြီးခဲ့သည့် နှစ်ကလည်း ယင်းသို့ ထုတ်ပြန်ဖူးပြီး ပင်စင်ယူမည့် ဆရာ၊ ဆရာမများအတွက် ထောက်ပံ့ငွေသဘော ဖြတ်သည်များရှိကြောင်း လောင်းလုံးမြို့ နယ်အတွင်းရှိ ဆရာမတချို့ထံမှ သိရ သည်။
” ပင်စင်ယူမယ့်သူတွေအတွက် ထောက်ပံ့ငွေ သဘောဖြတ်တာက နား လည်မှုနဲ့ ဖြတ်နေတာပါ” ဟု လောင်းလုံး မြို့နယ်မှ အလယ်တန်းပြ ဆရာမ တစ်ဦးက ဆိုသည်။
အခြား ကောက်ခံမှုတချို့ရှိသော် လည်း ယင်းကောက်ခံမှုများသည့် ဘုံက ထိန်ကဲ့သို့သော အလှူနှင့် ဆက်စပ်သည့် ကောက်ခံမှုမျိုးဖြစ်သည်ဟု ယင်းမြို့နယ် အတွင်းရှိ ဆရာ၊ဆရာမတစ်ချို့က ပြော သည်။