မြိတ်ဒေသထွက်ကုန်များ ထိုင်းတွင် သွားရောက်ပြသ ရောင်းချနိုင်ခြင်း မရှိသေး

0
431

မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင်နယ်စပ်ဒေသနှင့် တစ်ဆက် တည်းရှိ ထိုင်းနိုင်ငံ ပရာကျွတ်မြို့တွင် မြိတ်ဒေသထွက်ကုန်များ သွားရောက် ပြသ ရောင်းချနိုင်ခြင်းမရှိသေးကြောင်း မြိတ်ခရိုင် ကုန်သည်နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်


ဒေသထွက်ကုန်များကို ကုန်စည် ပြပွဲများ ပြုလုပ်ပြီး ထိုင်းတွင် သွားရောက် ပြသရောင်းချရန် အခွင့်အလမ်းရှိသော် လည်းသွားပြနိုင်သည့် ကုန်စည်မရှိသည့် အတွက် မလုပ်နိုင်ခြင်း ဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူက ပြောသည်။ ” ပြမယ့်ပစ္စည်းမရှိဘူး ငါးတစ်ခုပဲ ရှိတယ်”  ဟု ၎င်းက ပြောသည်။
ထိုင်းနိုင်ငံ ပရာကျွတ်ခရိုင်အတွင်း ရှိ မြို့နယ်များမှ ထုတ်လုပ်သည့် စား သောက်ကုန်ပစ္စည်းမျာ၊ လူ့အသုံးအဆောင် ပစ္စည်းများတို့ကို မြိတ်တွင်အကြိမ်ကြိမ် လာရောက် ပြသရောင်းချမှုလျက်ရှိသည်။
ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်ကလည်း ထိုင်းနိုင်ငံမှ ဒေသထွက်စားသောက်ကုန် များနှင့် အသုံးအဆောင်ပစ္စည်းများကို မြိတ်မြို့ Gမညေိ Jadန ဟိုတယ်တွင် လာရောက်ပြသရောင်းချခဲ့ကြောင်း ယင်း ပွဲမှ သိရသည်။