ငါးနှစ်အတွင်း လျှပ်စစ်တစ်ယူ နစ် တစ်ရာကျပ် ဖြစ်ရမည်ဟု တနင်္သာရီ ဝန်ကြီးချုပ် အာမခံ

0
421

လျှပ်စစ်မီး တစ်ယူနစ် ဈေးနှုန်း အစိုးရဈေး၏ ဆယ်ဆအထိ ဈေးကြီး ပေးနေရသော တနင်္သာရီတိုင်း ဒေသ ကြီးတွင် ငါးနှစ်အတွင်း လျှပ်စစ်မီး တစ်ယူနစ် ကျပ် ၁၀၀ ဖြင့်ရရှိရန် လုပ်ဆောင်သွား မည်ဖြစ်ကြောင်း တိုင်း ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်က အာမခံ လိုက်သည်။


နိုင်ငံခြားရောက်နေသည့် ရွှေ့ပြောင်း လုပ်သားများ နေရပ်ပြန်လာရန်အတွက် အလယ်အလတ်တန်းစားလုပ်ငန်းများ ဖြစ်ထွန်းလာစေရေး အဓိက လိုအပ်နေ သည့် လျှပ်စစ်ဓာတ်အားကို အထက် ပါ ဈေးနှုန်းဖြင့် ရရှိအောင် လုပ်ဆောင် မည်ဖြစ်ကြောင်း ၎င်းကတနင်္သာရီ အပတ် စဉ်သို့ ပြောဆိုလိုက်ပြီး အသေးစိတ် အချက်အလက်များ ထုတ်မပြောခဲ့ပေ။
” အစီအစဉ်တွေက အများကြီးပဲ။ ကြံစည်ထားတာတွေ။ အခုလောလော ဆယ်တော့ ပြောလို့ မရသေးဘူး” ဟု ဒေါက်တာလဲ့လဲ့မော်က ဆိုသည်။
လျှပ်စစ်သုံးစွဲခ ဈေးကြီးခြင်း ကြောင့် တနင်္သာရီတိုင်းတွင် မည်သူမျှ ရင်းနှီးမြှပ်နှံမှု ပြုရဲကြမည် မဟုတ် ကြောင်း ၎င်းကဆိုပြီး ကျေးလက် ဒေသများ၊ လျှပ်စစ်ကွန်ရက် မဆက် သွယ် နိုင်သည့်နေရာများကို မည်သို့ မည်ပုံ လုပ်ဆောင်မည်၊ တိုင်းဒေသကြီး တစ်ခုလုံးကို မည်၍ မည်မျှ လွှမ်းခြုံ နိုင်မည်၊ မည်သည့်နည်းလမ်းဖြင့် လုပ် ဆောင်မည် စသည်တို့ကိုမူ အသေးစိတ် ပြောဆိုခြင်း မရှိသေးပေ။
လျှပ်စစ်တစ်ယူနစ်၏ ထုတ်လုပ် မှုနှုန်း ထားမှာ ပျမ်းမျှ ၁၅၀ ကျပ်ဖြစ် သောကြောင့် တစ်ရာကျပ် နှုန်းဖြင့် ပေးရန်မှာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မဖြစ်နိုင် ကြောင်း ဖိုးသီးချိုမီးလင်းရေးကုမ္ပဏီမှ ဒေါက်တာဝင်းထိန်က ဆိုသည်။
” တစ်ယူနစ်တစ်ရာကတော့ မဖြစ် နိုင်ဘူးတော့ မဟုတ်ဘူး။ ဒါပေမယ့် အရမ်းခက်လိမ့်မယ်။ Plan (အစီအစဉ်) တွေ မှန်ဖို့လိုတယ်” ဟု ဒေါက်တာဝင်းထိန် က ပြောသည်။
ပြည်ထောင်စုအစိုးရ၏ မူဝါဒများ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြောင်း လဲပြီး တန်းတူ နှုန်းထားဖြင့် ပေးမည် ဆိုပါက ဖြစ်နိုင်နိုင်သော်လည်း ထိုနည်း လမ်းမှာ ရေရှည်ပံ့ပိုးနိုင်မည် မဟုတ် ကြောင်း ဒေါက်တာဝင်းထိန်က ဆို သည်။
လျှပ်စစ်ဓာတ်အားရရှိရေး တောက် လျှောက်လှုပ်ရှားခဲ့သော သဘာဝသယံ ဇာတ အကျိုးခံစားခွင့်ရရှိရေး ကော်မတီ (တနင်္သာရီ)၏မူဝါဒမှာ သဘာဝဓာတ် ငွေ့ဖြင့် လျှပ်စစ်ဓာတ်အားကို တစ်နိုင်ငံ လုံးတန်းတူ ရရှိရေးဖြစ်ပြီး ကျောက်မီး သွေး ဖြင့် ပေးမည်ဆိုပါက လက်ခံမည် မဟုတ်ကြောင်း ထိုကော်မတီမှ ဦးဇော်သူရက ဆိုသည်။
ရန်ကုန်၊ နေပြည်တော်၊ မန္တလေး မြို့ကြီးများတွင် ရရှိနေသောနှုန်းထား မှာ အိမ်သုံး တစ်ယူနစ် ၃၅ ကျပ်ဖြစ် သည်။
သဘာဝသယံဇာတ အကျိုးခံစား ခွင့် ရရှိရေး ကော်မတီတွင် အာဏာရ ပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လည်း ပါဝင်သည်။
” ဘယ်လို အခက်အခဲ ရှိတယ်ဆို တာကို ပွင့်ပွင့်လင်းလင်းချပြစေချင် တယ်။ ကော်မတီက ကူညီဖို့ အဆင် သင့် ရှိပါတယ်” ဟု မှ ဦးဇော်သူရက ပြောသည်။
တနင်္သာရီတိုင်းဒေသကြီးသို့ မဟာ ဓာတ်အားလိုင်း ရောက်ရှိရန် အတွက် စတင်လုပ်ဆောင်ချိန်မှ အချိန် ၂နှစ် ကြာမြင့်နိုင်ကြောင်း ယခင်အစိုးရလက် ထက်က လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန က ဒုဝန်ကြီးဟောင်း ဦးအောင်သန်းဦးက ပြောဆိုခဲ့ဖူးသည်။
” လုပ်မယ်ဆိုရင် အခုကတည်းက စသင့်နေပြီ။ အစိုးရသက်တမ်းထဲ မှာရ အောင်ဆိုရင်” ဟု ဒေါက်တာ ဝင်းထိန်က ပြောသည်။
မဟာဓာတ်အားလိုင်း ရောက်ရှိလာ ပါကလည်း တနင်္သာရီတိုင်းဒေသကြီး တစ်ခုလုံးကို လွှမ်းခြုံနိုင်မည်မဟုတ်ဘဲ ထားဝယ်ခရိုင်ကိုသာ ပေးနိုင်မည် ဖြစ်သည့်အတွက် အခြားဒေသများ အ တွက်လည်း နည်းလမ်းများကို စဉ်းစား ရန်လိုအပ်သည်။
ပြီးခဲ့သည့် အစိုးရသက်တမ်းက ရွှေ့ပြောင်းလုပ်သားများ ပြန်လည် ရောက်ရှိလာရေးအတွက် အခြေခံ လုပ်အပ်ချက်နှစ်ခုဖြစ်သည့် လမ်းနှင့် မီးတွင် လမ်းတစ်ခုသာ အောင်မြင်သည် ဟု ယခင်အစိုးရ တာဝန်ရှိသူများက ပြောဆိုခဲ့ဖူးသည်။
တနင်္သာရီတိုင်း နေရာအများ အပြား တွင် လျှပ်စစ်မီး တစ်ယူနစ် ကျပ်သုံးရာ ဝန်းကျင်ဖြင့် အသုံးပြုနေရပြီး အချို့ ကျေးလက်ဒေသများတွင် တစ်ယူနစ် ကျပ်၇၀၀ အထိ ပေးဆောင်နေရသည်။