နယ်သာလန်နိုင်ငံမှ စိုက်ပျိုးရေး ထွက်ကုန်သီးနှံများ ဝယ်ယူရန် ကမ်းလှမ်း

0
399

လယ်ယာစိုက်ပျိုးထွက်ကုန်သီးနှံများကို ဝယ်ယူရန် နယ်သာလန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကမ်းလှမ်းလာကြောင်း ထားဝယ်ခရိုင် ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များအသင်းမှ အထွေထွေ အတွင်းရေးမှူး ဒေါ်ခင်ညိုညိုထံမှ သိရ သည်။


သရက်သီး၊ နာနတ်သီး၊ ဂျင်း၊ နှမ်း၊ ပဲအမျိုးမျိုးနှင့် မန်ကျည်းသီး စသည်တို့အား လယ်ယာထွက်ကုန် သီးနှံများအား ယခုလက်ရှိစိုက်ပျိုး ထား သည့် ခြံများမှလည်း ဝယ်ယူမည်ဖြစ်ပြီး၊ မြေပိုင်ရှင်နှင့် ကုမ္ပဏီ အကျိုးအမြတ် ခွဲဝေ၍မြေယာများ ငှားရမ်း စိုက်ပျိုး ၍လည်း ဝယ်ယူမည်ဖြစ်ကြောင်း ဒေါ်ခင်ညိုညိုထံမှ သိရသည်။
အော်ဂဲနစ်နည်းပညာဖြင့် စိုက်ပျိုး ထားသည့် သီးနှံများကိုသာ ဝယ်ယူ မည်ဖြစ်၍ တနင်္သာရီတိုင်းမှ ဒေသခံ ၈၀ ရာခိုင်နှုန်းခန့် စိတ်ဝင်စားမှုရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး စက်မှုကြီးကြပ် ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနမှ ခေတ္တ တိုင်းဒေသကြီး ဦးစီးဌာနမှူးဖြစ်သူ ဦး ဇော်မျိုးအောင်ထံမှ သိရသည်။
“အော်ဂဲနစ်နည်းနဲ့ စိုက်ပျိုးမယ့် အသီးတွေကိုပဲ့ သူတို့မှာ ယူမှာပါ။”  ဟု ဦးဇော်မျိုးအောင်မှ ပြောသည်။
တစ်နေ့ပျှမ်းမျှ ဆက်သွယ် အကြောင်းကြားသူ ၁၄ ယောက်ရှိပြီး သရက်ချောင်း၊ လောင်းလုံ၊ ထားဝယ်၊ ပကာရီတို့မှ ဖြစ်ကြောင်း ထားဝယ်ခရိုင် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းမှ ဗဟိုအလုပ်အမှုဆောင် ဖြစ်သူ ကိုကျော်စွာထိုက်ထံမှ သိရသည်။
” နယ်သာလန်ကနေပြီး မြန်မာတစ် ပြည်လုံးကို ကမ်းလှမ်းတယ်။ တနင်္သာရီ တိုင်းကတော့ သရက်သီး၊ နာနတ်သီး နဲ့ မန်ကျည်းသီးတို့ အဓိကထွက်တော့ အဲဒါတွေပဲ တင်ပို့ဖို့များတယ်” ဟု ဦးဇော်မျိုးအောင်က ဆိုသည်။
ရောင်းချလိုသည့် တောင်သူများ အနေနှင့် မေလ၇ရက် နောက်ဆုံးထား၍   လျှောက်ထားနိုင်သည်ဟု ကြေညာထား သော်လည်း နောက်ပိုင်းနေ့များတွင် လည်း လာရောက်လျှောက်ထားနိုင် ကြောင်း ဒေါ်ခင်ညိုညိုထံမှ သိရသည်။
အော်ဂဲနစ်နည်းနဲ့ စိုက်ပျိုးခြင်း ဆိုသည်မှာ ဓာတ်မြေဩာဇာများ အသုံး မပြုဘဲ သဘာဝအတိုင်း စိုက်ပျိုးထုတ် လုပ်ထားသည့် သီးနှံများ ဖြစ်သည်။