ထားဝယ်သို့ ယခင်နှစ်ထက် ဆန် ပိုသွင်းနေရ

0
422

ထားဝယ်ဒေသသို့ ယခင်နှစ်ထက် တစ်လလျှင် ဆန်တန်ချိန် ၁၀၀၀ခန့် ပိုတင်သွင်းနေရကြောင်း ထားဝယ်ခရိုင် ဆန်စပါး လုပ်ငန်းအသင်း ဥက္ကဋ္ဌက ပြောကြားသည်။


rice_in_daweiထားဝယ်ဒေသအတွက် လိုအပ် သည့် ဆန်ကို ရန်ကုန်မှ တင်သွင်း ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်က တစ်လလျှင် တန်ချိန် ၁၅၀၀ခန့် (ဆန်အိတ် ၃၀၀၀၀ ခန့်) တင်သွင်းနေရာမှ ၂၀၁၆ ခုနှစ်တွင် တန်ချိန် ၂၅၀၀ခန့် (ဆန်အိတ် ၅၀၀၀၀ ခန့်) အထိ တင်သွင်းနေရသည်ဟု ထား ဝယ်ခရိုင် ဆန်စပါးလုပ်ငန်းအသင်း ဥက္ကဋ္ဌ ဦးနိုင်လွင်လတ်က ပြောသည်။
စပါးရိတ်သိမ်းသည့် ရာသီ၌ မိုးရွာ သွန်းခဲ့၍ စပါး အဆုံးအရှုံးများခဲ့သည့် အတွက် ယင်းသို့ ပိုမိုတင်သွင်းရခြင်း ဖြစ်ကြောင်း အထက်ပါ အသင်းမှ သိရ သည်။
၂၀၁၄ခုနှစ်က လယ် ၈ ဧကမှ စပါးတင်း ၄၀၀ခန့် ထွက်ရှိရာမှ ၂၀၁၅ ခုနှစ်တွင် ရာသီဥတု ဖောက်ပြန် သည့် အတွက် တင်း၃၀၀ခန့်သာ ထွက်တော့ ကြောင်း လောင်းလုံးမြို့နယ် တောင်မင်း ပြောင်ရွာမှ လယ်သမားတစ်ဦးက ပြော သည်။
“ရိတ်သိမ်းချိန်မှာ မိုးရွာလိုက်တော့ စပါးတွေက အဆုံးအရှုံး ပိုများသွားတယ်” ဟု အဆိုပါ လယ်သမားက ပြောသည်။
ထားဝယ်ဒေသ နယ်ဘက်တွင် အခြေခံလူတန်းစားများသည့်အတွက် ဒေသထွက် ဆန်အား အဓိကထား စားသုံး ကြကြောင်း အထက်ပါအသင်းမှ သိရ သည်။