အပူဒဏ်အံတု နည်းများနှင့် ကျန်းမာရေးအန္တရာယ်

0
618

အယ်နီညိုရာ သီဥတုကြောင့် အပူချိန်ပြင်းထန်ပြီး ခရမ်းလွန်ရောင်ခြည် ညွှန်းကိန်းများ မြင့်တက်လာမှု အား လူကြီး၊ လူငယ် အမျိုးသား အမျိုးသမီး များနှင့် အိမ်တွင် နေထိုင်သူများ၊ အလုပ် ခွင်တွင် တစ်နေ့တာ ပတ်လုံး နေထိုင်ရ သူများမှာ နည်းလမ်းမျိုးစုံ အသုံးပြုပြီး အံတုနေကြရသည်။


အပူဒဏ်ကို အံတုသည့်နည်းများ နှင့်အတူ ကျန်းမာ ရေးအန္တရာယ်ကျရောက် နိုင်သော အခြေအနေများအား အနည်း ငယ်သိရှိရန် လို အပ်သည်။ သိရှိခြင်းဖြင့် ဆင်ခြင်နား လည်ပြီး အန္တရာယ်ရှောင်လွှား နိုင်မည် ဖြစ်သည်။
hot_and_health
လေပန်ကာများ အသုံးပြုခြင်း
ရုံးများ၊ ကျောင်းများနှင့် အခြေခံနှင့် အလယ်အလတ်တန်းစားများ နေထိုင် ကျက်စားရာနေရာများတွင် ပန်ကာလေမှာ အများဆုံး အသုံးပြုပြီး အပူဒဏ်ကာကွယ် သည်။ ပန်ကာလေသည် အခန်းကျဉ်း၊ အခန်းကျယ်နေရာတိုင်းတွင် ထုတ်လွှင့် နိုင်ပြီး စရိတ်စက သက်သာသည်။ သို့ရာ  တွင် ပန်ကာလေ၏ ဆိုးကျိုးမှာ ပတ်ဝန်း ကျင်လေထု၏ ပူချိန်အတိုင်း ခြောက် သွေ့သော လေကိုသာ ဝှေ့ရမ်းပေးနေခြင်း ဖြစ်သောကြောင့် ခန္ဓာကိုယ်အား ပတ်ဝန်း ကျင်လေထု၏ အပူချိန်အတိုင်းသာ ကျရောက်စေသဖြင့် ချွေးခြောက်စေသည်။ ခန္ဓာကိုယ် အသားအရေခြောက်သွေ့စေပြီး    ရေဓာတ်ခန်းခြောက်မှုကိုလည်း ဖြစ်ပေါ် စေနိုင်သဖြင့် နေရောင်ခြည်ခံစားနေရ  သကဲ့သို့ပင်။ မကြာခဏ ရေဓာတ်ပြန် လည် ဖြည့်စွမ်းပေးရန် လိုအပ်သည်။

ညလုံးပေါက် ပန်ကာဖွင့်ခြင်း၊ ပန်ကာ လေ အရှိန်ပြင်းပြင်းအား ခြင်ထောင် အ တွင်းထားရှိ အိပ်စက်စေခြင်းများသည် တစ်ခါတစ်ရံ အသက်ငယ်ရွယ်လွန်းသူ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ အား ကျန်းမာရေးဆိုးရွားစွာ ထိခိုက် စေနိုင်ကြောင်း သိရှိရန် လိုအပ်သည်။ နှာခေါင်းပိတ်ခြင်း၊ အသက်ရှု ခက်ခဲခြင်း၊ ချွဲသလိပ်ကပ်ခြင်း၊ ရင်ကြပ်ခြင်းများ အထိ ဖြစ်နိုင်သကဲ့သို့ ရေဓာတ်ခန်း ခြောက်ပြီး ရေငတ်ခြင်း၊ ဆီးနည်းသွား  ခြင်းများ ခေါင်းကိုက်ခေါင်းမူးခြင်းများ ဖြစ်လာနိုင်သဖြင့် ပန်ကာလေအား နီး ကပ်စွာ မခံသင့်ပါ။ ရေမကြာခဏသောက် ပါ။ ခြင်ထောင်နှင့် ၃ ပေ၊ ၄ ပေအကွာမှ ပန်ကာဖွင့်အိပ်ခြင်းသာ ပိုမို သင့်တော် သည်။

ရေအေးစက်(Air Cooler – အဲယား ကူလာများ) အသုံးပြုခြင်း
ရုံးခန်းများ၊ အိပ်ခန်းကျဉ်းများ၊ ရုံး တွင် စားပွဲများ၊ တစ်ကိုယ်တည်းအလုပ် လုပ်လိုသူများ၊ လူများများ ဆန့်သော စားသောက်ဆိုင်ကြီးများတွင် ပန်ကာလေ များအပြင် Air Cooler ခေါ် ရေငွေ့အေး စက်ပန်ကာများ တပ်ဆင်အသုံးပြုကြ သည်။ ဗငမ ခသသူနမ များမှ ထုတ်လွှင့် သောရေအေးငွေ့များ၊ ရေခဲငွေ့များမှာ တဖြည်းဖြည်းခြင်းအချိန်နှင့်အမျှ အေး စက်လာပြီး ညဥ့်အချိန် အခန်းကျဉ်း အတွင်း ဖွင့်ထားပါက တစ်ကိုယ်လုံး အေးခဲလာသလို ခံစားရပြီးအဆုပ် အအေး ပတ်ခြင်း၊ ချွဲသလိပ်ထခြင်း၊ ကိုယ်လက် ထုံကျဉ်ကိုက်ခဲခြင်း၊ လည်ချောင်း နာခြင်း၊ ချောင်းဆိုးခြင်းများအထိ ဖြစ်နိုင်သဖြင့် လိုအပ်သလို အလျော့ အတင်းလုပ်ရန် လိုအပ်ပါသည်။ လူများ သော စားသောက်ဆိုင်ကြီးများတွင် ကြီး မားသော ရေနွေးငွေ့မှုတ်သည့် ပန်ကာ ကြီးများအနီး သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနှင့် လသားအရွယ်ကလေး ငယ်များ မထိုင်မိ၊ မစားသောက်မိစေရန် အရေးကြီးသည်။
အချိန်တိုအတွင်း အဆုတ်အအေး ပတ်သည်အထိ ဖြစ်နိုင်ပါသည်။

လေအေးပေးစက် Air Conditioner

တစ်ညလုံး အဲယားကွန်းဖွင့် အိပ်စက်ခြင်းမှာ သန်းခေါင်ယံလွန်ပါက ပြင်ပ အပူချိန်လျော့ကျအေးမြလာပြီး နံနက် ၃ နာရီ၊ ၉ နာရီအချိန်များတွင် အလွန်အေး လာတတ်ကြောင်း သတိပြု ပြီး ပြန်လည် အပူချိန်မြင့်ရန် လိုအပ် သည်။ အအေးလွန်ခြင်းသည် မျက်နှာ လေဖြတ်ခြင်း၊ ခေါင်း တစ်ခြမ်းကိုက်ခြင်း၊ တစ်ကိုယ်လုံးလေ ဖြတ်ခြင်း၊ ရင်ကြပ် ပန်းနာထခြင်း၊ အဆုတ်အအေးပတ်ခြင်း နှင့် အလွန်ပူသောအရပ်မှလာပြီး အလွန်အေးသော အဲယားကွန်းအခန်းသို့ ဝင်ရောက်ခြင်း၊ အလွန်အေးသော အဲယား ကွန်းအခန်းမှ ထွက်ပြီး ပြင်ပအလွန် ပူသော ပတ်ဝန်းကျင်သို့ ထွက်ခြင်းများ မှာ ဦးနှောက်သွေးကြောပြတ်လေဖြတ် ခြင်း၊ ရုတ်တရက် နှလုံးရပ်တန့်ခြင်း စသည်တို့ ဖြစ်စေတတ်ပါသဖြင့် အဲယား ကွန်းအသုံး ပြုပါက ပြင်ပလေထု အခြေ အနေကိုပါ မကြာခဏ ဆန်းစစ်ကြည့် သင့်ပါကြောင်း သတိပေး ရေးသားအပ်ပါ သည်။