သကျက်တော တရားမဝင်သစ်ကိစ္စ အုပ်ချုပ်ရေးမှူးနှင့် သစ်တောဌာန ပြန်ရှင်း

0
471

တနင်္သာရီ အပတ်စဉ် အတွဲ ၃ အမှတ် ၄၂ ပါ ” တရားမဝင်သစ်များကို သကျက်တောကျေးရွာ အုပ်ချုပ်ရေးမှူးပါ အဖွဲ့က ဖမ်းဆီး” ဟူသည့် သတင်းတွင် စကားလုံးအသုံးအနှုန်းအချို့ မှားယွင်းမှု ရှိနေသည်ဟု သကျက်တော ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဆိုပါ အုပ်ချုပ် ရေးမှူးအား မေးမြန်းထားသည့် စာနှင့် တကွ လောင်းလုံးမြို့နယ် သစ်တောဌာန မှ ပေးပို့လာသည့် စာတို့အရ သိရသည်။


ဧပြီလ ၂၃ ရက်တွင် တရားမဝင် သစ်များအား သကျက်တော ကျေးရွာ အုပ်ချုပ်ရေးမှူးပါ အဖွဲ့က ဖမ်းဆီးခဲ့ သည်ဟု ဖော်ပြထားချက်နှင့် ပတ်သက် ပြီး ဖမ်းဆီးခြင်းမဟုတ်ဘဲ တွေ့ရှိသည့် အတွက် သက်ဆိုင်ရာသို့ အကြောင်း ကြားခြင်းသာဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်များက ပြန်လည် ရှင်းလင်းသည်။
ဧပြီလ ၂၅ ရက်တွင် တရားမဝင် သစ်များနှင့် ပတ်သက်ပြီး အချက် အလက်နှင့် သတင်းဓာတ်ပုံများကို လောင်းလုံးမြို့နယ် သစ်တောဌာနသို့ ပေးခဲ့သည်ဟု အဓိပ္ပါယ် သက်ရောက် သည့် ဖော်ပြထားချက်နှင့် ပတ်သက်ပြီး သစ်တောဌာနသို့ ပေးပို့ခဲ့ခြင်းမရှိဟု ၎င်းတို့က ပြန်လည် ရှင်းလင်းသည်။
ဧပြီလ ၂၈ ရက်တွင် အုပ်ချုပ် ရေးမှူးနှင့် လောင်းလုံးမြို့နယ် သစ် တော ဦးစီးဌာနမှ တာဝန်ရှိသူများက ဖမ်းဆီးထားသည့် သစ်များအား သွား ရောက် စစ်ဆေးချိန်တွင် တွေ့ရှိခဲ့သည် ဟူသည့် သဘောသက်ရောက်သည့် ဖော်ပြထားချက်နှင့် ပတ်သက်ပြီး ဖမ်ဆီး ထားသည့် သစ်များအား သွားရောက် စစ်ဆေးခြင်းမဟုတ်၊ တွေ့ရှိထားသည့် သစ်များအား သွားရောက် စစ်ဆေးခြင်း သာဖြစ်ပြီး၊ သွားရောက်စစ်ဆေးချိန်တွင် ဧပြီလ ၂၃ ရက်က အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ တွေ့ထားသည့် သစ်များ မရှိ တော့ဟု သကျက်တော ကျေးရွာ အုပ်ချုပ်ရေးမှူး နှင့် အဆိုပါ အုပ်ချုပ်ရေး မှူးအား မေးမြန်းထားသည့် စာနှင့်တကွ လောင်းလုံးမြို့နယ် သစ်တောဌာနမှ ပေးပို့လာသည့် စာတို့အရ သိရသည်။