ထားဝယ် – လောင်းလုံးလမ်း ၂၄ ပေချဲ့ရန် ပြည်သူများနှင့် ညှိနှိုင်းမှု ရလဒ်အပေါ်မူတည်

0
411

က်သွယ်ထားသည့် ၁၄ မိုင်ခန့် ရှည် လျားသည့် လမ်းမအား ၂၄ ပေလမ်း အဖြစ်ချဲ့ရန်မှာ လမ်းတစ်လျှောက်ရှိ ဒေသခံပြည်သူများနှင့် ညှိနှိုင်းမှုရလဒ် အပေါ်မူတည်ကြောင်း လမ်းအထူးအဖွဲ့ ၂၃ထံမှ သိရသည်။


လက်ရှိ ၁၈ ပေအကျယ်ရှိသည့် လမ်းအား ၂၄ ပေအကျယ်ရှိသည့် ကတ္တရာလမ်းအဖြစ် တိုးချဲ့မည်ဖြစ်သည့် အတွက် လမ်းနယ်နမိတ်နှင့် မလွတ်ကင်း သည့် အိမ်များကို ဒေသခံများမှ လိုလို လားလားဖြင့် နောက်ဆုတ်ပေးရန် မေတ္တာရပ်ခံလိုကြောင်း လမ်းအထူး အဖွဲ့ ၂၃မှ ဒုတိယညွှန်ကြားရေးမှူး ဦးကိုကိုအောင်က ပြောသည်။
ယင်းလမ်းအား ၂၄ ပေအကျယ်ရှိ ကတ္တရာလမ်းနှင့် လမ်းပခုံးသား အပါ အဝင် လမ်းအလယ်ဗဟိုမှ တစ်ဖက် တစ်ချက်သို့ ပေ၂၀ခန့်စီအထိ တိုးချဲ့ရန် လျာထားကြောင်း လမ်းအထူးအဖွဲ့ ၂၃ ထံမှ သိရသည်။”ညှိနှိုင်းလို့ အဆင်ပြေရင် ဒီနှစ် ထဲမှာ အကောင်အထည် ဖော်သွားမယ်”  ဟု ဦးကိုကိုအောင်က ဆိုသည်။
ရွာများအတွင်းရှိ လမ်းကွေ့များ တွင် လမ်းကျဉ်းသည့်အတွက် အန္တရာယ် များသည်ဟု ၎င်းက ပြောသည်။
ပြည်သူများ သွားလာမှု အဆင် ပြေစေရန် လမ်းချဲ့မည်ဆိုပါက  လမ်း တစ်လျှောက်ရှိ ဒေသခံများနှင့် ညှိနှိုင်းမှု အဆင်ပြေနိုင်မည်ဟု ထင်ကြောင်း လောင်းလုံးမြို့နယ် သာယာကုန်းရွာမှ ဦးထွန်းအောင်က ဆိုသည်။
” လမ်းကောင်းအောင်လုပ်သလို ရေမြောင်းတွေကိုလည်း ကောင်းအောင် လုပ်ပေးစေချင်တယ်၊ ဒါမှ လမ်းက ရေရှည်ခံမှာလေ”  ဟု ဦးထွန်းအောင်က ပြောသည်။