ပျားရည်ကြောင့် ၀မ်းမသွားစေချင်

0
590

နိုင်ငံရေးလောက အာဏာအလွှဲ အပြောင်းပဲ ပြောပြော၊ တာဝန်အလွှဲ အပြောင်းပဲ ဆိုဆို ဒီအချိန်ကာလမှာ ရက် ၁၀၀ ကာလကို ပျားရည်ဆမ်းကာလ ရယ်လို့ သတ်မှတ်ထားတတ်ကြပြီး ဒီကာလအတွင်း အစိုးရအဖွဲ့သစ်ရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို နားလည် ခွင့်လွှတ်ပေးတတ်ကြတာ ဗြတ်စာသတိ ပြုမိပါသဗျ။


ဟုတ်ကဲ့..ဒါကြောင့်လည်း အစိုးရ အဖွဲ့သစ် တာဝန်ယူပြီးတဲ့နောက် ဗြတ် စာလည်း ခပ်ဆိတ်ဆိတ် နေနေမိပါ တယ်။ ဒီကြားထဲ သင်္ကြန်ရက်ကလည်း ခံနေတော့ ဗြတ်စာလေ့လာ တွေးမိတာ လေးတွေကို ပြောခွင့် မသာသေးဘဲ စောင့် ကြည့်အဆင့်မှာပဲ ရပ်ထားရပါတယ် ခင်ဗျ။

honey_byat_sar
ဟော..သင်္ကြန်ကာလလည်း ပြီးရော အစိုးရရုံးလုပ်ငန်းတွေ ပြန်လည်ပတ်၊ အ စိုးရအဖွဲ့သစ် လူကြီးမင်းများလည်း တိုင်းခန်း လှည့်လည်လာပြီဆိုတော့ ဗြတ် စာလည်း မအောင့်အည်းနိုင်တော့ဘဲ ပြောစရာလေးတွေတော့ ရင်ဖွင့်ချင်လာပြီ ပေါ့ ခင်ဗျာ။
ဟုတ်ကဲ့..ဗြတ်စာ ရက် ၁၀၀ စောင့် မလို့ပါပဲ။ သို့သော်လည်း အဲဒီ ရက် ၁၀၀ လေးမှာ အစိုးရ အသစ် လူကြီး မင်းများ တံလျှပ်ကိုရေထင်ပြီး အဟုတ်မှတ်သွား မှာ စိုးတာကြောင့် ဗြတ်စာဝင်အာချောင် ရခြင်း ဖြစ်ပါတယ်ဗျ။ ဒီမိုကရေစီနဲ့ အသားကျပြီး နိုင်ငံတွေမှာတော့  ရက် ၁၀၀ ဆိုတာ အထာကျနိုင်ပေမယ့် ဗြတ်စာတို့လို့ ဒီမိုကရေစီ ဇနပုဒ်ဆင် ခြေဖုံးကတော့ ရက် ၁၀၀ ဆိုတာ အမှိုက်ပုံ ရှင်းနေရတာနဲ့တင် ကုန်သွားနိုင်တာမို့  အခြေမကျသေးခင် လက်တို့ သတိပေး စရာလေးတွေရှိလို့ ဝင်အာချောင်ရတာကို နားလည် ခွင့်လွှတ် ပေးစေချင်ပါသဗျ။
သင်္ကြန်ပြီးတာနဲ့ အစိုးရ အသစ် လူကြီးမင်းများလည်း ဖော်မြူလာအတိုင်း တိုင်ခန်းလှည့်လည်ကြတဲ့ သတင်း ဓာတ်ပုံတွေ ကို လူမှုကွန်ရက်စာမျက်နှာ တွေမှာ လှိုင်လှိုင်ကြီး တွေ့လာရပါတယ် ခင်ဗျ။ဆေးရုံတွေ ဝင်ရောက်ကြည့်ရှု စစ်ဆေးတာ၊ တက္က သိုလ်ကို ဝင်ရောက် လေ့လာ မိတ်ဆက်တာ၊ ဒေသခံ ပြည်သူ လူထုတွေနဲ့တွေ့ပြီး တင်ပြတာတွေ နားထောင်တာတွေ တွေ့လာရပါတယ်။ ဝန်ကြီးချုပ်၊ ဝန်ကြီးတွေကလည်း ပြည် သူတွေ တင်ပြတာ နားထောင်ခဲ့ကြတာ တွေ့မြင်ကြား သိရပါတယ်။
အဲ…ပြန်လည်ဖြေရှင်းပေးတာမျိုး တော့ မတွေ့ရသေးဘဲ တရားဝင်ဖြစ် အောင် စာနဲ့တင်ပြပါဆိုတဲ့ ညွှန်ကြား ချက်မျိုးတောင် တွေ့လို့ လူမှုကွန် ရက်တစ်ခုမှာဆို လူကိုယ်တိုင်လာတာ တောင် မှတ်ပုံတင်တောင်းနေရသေး လားဆိုတဲ့ အပြောမျိုးတောင် ပြောလာတာ တွေ့ရပါသဗျ။
(ဟုတ်ကဲ့ . . ဒီလိုအနေအထား မျိုးကိုတော့ ဗြတ်စာ နားလည်ပေးထားပါ တယ် ခင်ဗျ။ ရက် ၁၀၀ ကိုး။ သင်ယူဆဲ ကာလလေဗျာ..နော်)
အဲ…ဒီလို တိုင်းခန်းလှည့်လည်ရာမှာ တွေ့မြင်ကြားသိနေရတဲ့ အခြေအနေ အရပ်ရပ်ကြောင့် ဒီတစ်ပတ်ဒီစာကို ဗြတ်စာရေးဖြစ်တာပါ ခင်ဗျ။ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်က လှည့်လည်သွား လာရင်း နောက်မှာလည်း ဌာနဆိုင်ရာ အကြီးအကဲ တချို့ပါလာတော့ လိုအပ် ချက်တွေကို တစ်ထိုင်တည်း ဖြေရှင်း လို့ရတာ ဖြေရှင်း၊ ဆွေးနွေးတင်ပြလို့ရတာ ချက်ချင်း ဆွေးနွေးတင်ပြလို့ရမှာမို့ အပြင်ပန်းကြည့်လိုက်ရင်တော့ အားရ စရာပဲ ခင်ဗျ။
ဝန်ကြီးချုပ်က တစ်ခုခု ညွှန်ကြား ထောက်ပြလိုက်ရင်လည်း ဌာနဆိုင်ရာ အချို့က ဟုတ်ကဲ့..ဟုတ်ကဲ့နဲ့ မြင်ရတော့ အစကတော့ ဗြတ်စာလည်း အတော်လေး ဝမ်းသာသဗျ။ ဪ…အစိုးရသစ် လူ ကြီးမင်းများဟာ ပြည်သူတွေရဲ့ ဆန္ဒနဲ့ အညီ တက်လာတဲ့ အစိုးရမို့ ပြည်သူ့ ဝန်ထမ်း၊ နိုင်ငံ့ဝန်ထမ်းတွေကလည်း ရိုကျိုးလေးစားစွာနဲ့ တာဝန်တွေ ထမ်း ဆောင်နေပြီ၊ တက်လာတဲ့အစိုးရ အပေါ် မှာလည်း လေးလေးစားစား ဆက်ဆံ နေပြီ၊ ]]ဟ…ငါတို့အစိုးရသစ်ကြီး ဩဇာညောင်းသားပေါ့..}} ဆိုပြီး  ဗြတ်စာ ဝမ်းသာသဗျ။ ဂုဏ်ယူသဗျ။
အဲ..အဲ..ဗြတ်စာဝမ်းသာလို့မှ မဆုံး၊ ဂုဏ်ယူလို့မှမဆုံး…ဟုတ်ကဲ့ ဟုတ်ကဲ့ ရဲ့နောက်ကွယ်မှာ ခါတိုင်းလိုပဲ ဖြစ်ချင် သလိုဖြစ်နေတဲ့ မြင်ကွင်းတွေ၊ ဖန်ချင် သလိုဖန်နေတဲ့ ခွင်(ဂွင်)တွေရှိနေတုန်း ပဲဆိုတာ ဗြတ်စာ သိလိုက်ရပြီး စိတ် အပျက်ကြီး ပျက်မိပါတယ် ခင်ဗျ။ ဘာနဲ့ တူနေသလဲဆိုတော့ လောလောဆယ် ခေတ်စားနေတဲ့ အခြေအနေနဲ့ပြောရရင် မောင်းမကန်ကမ်းခြေမှာ အမှိုက်ကောက် ကြသလိုပဲ ခင်ဗျ။ ကောက်တဲ့သူက ဒီနေ့ ကောက်သွား၊ ပစ်တဲ့သူကနောက်က လိုက်ပစ်။ ဒီသဘောပါပဲခင်ဗျ။ ဝန်ကြီး ချုပ်၊ ဝန်ကြီးတွေရှေ့မှာသာ ဟုတ်ကဲ့..ဟုတ်ကဲ့ ဆောင်ရွက်လိုက်ပါ့မယ် ခင်ဗျ နဲ့..။
မောင်းမကန်ကမ်းခြေက အလုံပိတ်အခန်းကိစ္စတွေဆို တာဝန်ရှိသူ တွေက ခုမှသိရသလိုလို အရူးကွက် နင်းတာမျိုးလည်း ရှိသေး ခင်ဗျ။ ဒီလို အဖြစ်မျိုးဟာ တာဝန်ရှိသူတွေအနေနဲ့ သတင်းထောက်လှမ်းရေး ဘယ်လောက် ညံ့ဖျင်းတယ်ဆိုတာ ကိုယ့်ပေါင် ကိုယ် လှန် ထောင်းသလိုမျိုးပါ ခင်ဗျ။
ဖြီးမယ်ရွှီးမယ်ဆိုလည်း ကိုယ်ညံ့ ကြောင်းမပေါ်အောင် ပြင်ဆင်ထားသင့် တာပေါ့ဗျာ။ဗြတ်စာသူငယ်ချင်းဆို ဒီလုံခြုံရေး အဖွဲ့တွေထက် ပိုတော်နိုင်သဗျ။ ဘာ ကြောင့်ဆို ဗြတ်စာသူငယ်ချင်းက ဒီအလုံ ပိတ်ခန်းတွေနဲ့ ပတ်သက်လာရင် စပယ် ရှယ်လစ် ခင်ဗျ။ မောင်းမကန် ကမ်း ခြေတင်မက ထားဝယ်မှာ အလုံ ပိတ်ခန်း ဘယ်နှစ်ဆိုင်ရှိတယ်။ မာဆတ်၊ မာဆွတ် ဘယ်နှစ်ဆိုင်ရှိတယ်။ ကောင် မလေးတွေ နာမည်က ဘယ်လို ခေါ်တယ်။ အဲဆိုင် မှာဆို နာမည်ဘယ်လို၊ မှတ်ပုံ တင်မှာ နာမည်ဘယ်သို့။ ဘယ်မြို့က လာသလဲ။ ရန်ကုန် ဘယ်မှာနေတယ်။ ဧရာဝတီ ဘယ်မှာ နေတယ်။ ဖုန်းနံပတ် ဘယ် လောက်။ ငွေလွှဲချင်ရင် ဘဏ် အကောင့် နံပတ်ဘယ်လောက် စသဖြင့်တောင် ကျွမ်းကျင်တာ ခင်ဗျ။
တာဝန်ရှိသူတွေအနေနဲ့ ဒီအခန်း တွေ ရှိမှန်းတောင် မသိတဲ့အချိန်မှာ သာမန်အရပ်သားတစ်ယောက်က ဒီလောက်တောင် သိနေမှတော့ ဒီ တာဝန်ရှိသူတွေကို အလုပ်ဖြုတ်လိုက် ဖို့သာ ရှိသပေါ့နော်..။
ဗြတ်စာ တွေးမိတာပြောတာပါ။
ဟော..ခုလည်း သိလိုက်ပြီပဲဆိုပါစို့။ ဝန်ကြီးချုပ်ကလည်း ပိတ်လိုက်ဖို့ ညွှန်ကြားထားပြီးပြီမို့၊ တာဝန်ရှိသူ တွေကလည်း ဟုတ်ကဲ့..ဟုတ်ကဲ့ ပုတ် သင်ညို လုပ်ထားပြီးပြီမို့ …။ တကယ် တမ်းပိတ်၊ မပိတ် စာဖတ်သူများသာ လေ့လာပြီး အကဲဖြတ် ဖို့သင့် ကြောင်းပါ။ ဝန်ကြီးချုပ်၊ ဝန်ကြီးတွေကလည်း ကိုယ်တွေရှေ့မှာတုန်းက ဟုတ်ကဲ့.. ဟုတ်ကဲ့ကို တကယ် အဟုတ် ကြီးထင် သာယာ မနေဘဲ Fနနိ ဘခေု ပြန်လုပ်လို့ အခြေအနေမှန်ကို သိအောင် ကြိုးစား အားထုတ်စေချင်ပါသဗျ။ နို့မို့ဆို ဗြတ်စာတို့ ပြည်သူတွေ ခေတ်ဟောင်း ကိုပဲ ပြန်ပြန်ရောက်သွားမှာ ခင်ဗျ။ ပြောပြောနေကြတဲ့ နောက်ကြောင်းပြန် လှည့်တယ်ဆိုတာ သူများက လာမလှည့် ဘဲ ကိုယ်ကိုယ်တိုင် ပြန်လှည့်မိနေမှဖြင့် အခက်ခင်ဗျ။
ဝန်ကြီးချုပ်၊ ဝန်ကြီး၊ ဝန်ကလေး တွေ ရှေ့မှာတော့ ဟုတ်ကဲ့ ဆောင်ရွက် လိုက်ပါ့မယ် အာမဘန္တေခံပြီး သက်ဆိုင် ရာဌာနနဲ့ ဘာမှ မညှိနှိုင်းဘဲ လုပ်ချင်တာ ဇွတ်လုပ်၊ ပြီးမှ လုပ်ငန်း ဆောင်ရွက်ခ ဆိုပြီး သိန်းချီ စာရင်းတောင်း တင်ပြ လာတဲ့အဖြစ် မျိုးလည်း ဗြတ်စာသိထား ပါသေးတယ် ခင်ဗျ။ ဒီလို အဖြစ်မျိုးတွေ ရှိနေတယ်ဆိုတာကိုလည်း တိုင်းခန်း လှည့်လည်နေကြတဲ့ အစိုးရမင်းများ သိစေချင်ပါသဗျ။
ဒါကြောင့် ဗြတ်စာပြန်ချုပ်ရရင် ပျားရည်ဆမ်းကာလဆိုတော့ ရက် ၁၀၀ မှာ ဟုတ်ကဲ့ ..ဟုတ်ကဲ့ဆိုတဲ့ အရောင် ပြောင်း ခေါင်းညိတ်တတ်တဲ့ ပုတ်သင်ညို မျိုးနွယ်တွေရဲ့ ဖော်ရှိုးလေးစား ရိုကျိုး ပြမှုမှာ သာယာမနေဘဲ Feed back တွေကို သေသေချာချာပြန်ကြည့်ပြီး ပျားရည်ဆမ်းကာလအလွန်အတွက် အလုပ်ဖြစ်မယ့် အစီအမံတွေပေါ်ထွန်းလာပါစေကြောင်းနဲ့ တကယ်စစ်မှန်တဲ့ လူ့စွမ်းအား အရင်းအမြစ် ဝန်ထမ်း ကောင်းတွေ ရပါစေကြောင်း ဆန္ဒပြုရင်း ပျားရည်နဲ့ ဝမ်းချသလို မဖြစ်စေဖို့ တိုက် တွန်းလိုက်ရပါသဗျာ။