ကော့သောင်းမြို့ ၅၅၅ တောင်တွင် တစ်နှစ်အတွင်း တောမီး ၃ ကြိမ်လောင်

0
455

ကော့သောင်းမြို့ ၅၅၅ ( ငါးသုံး လုံး) တောင်တွင် ဧပြီလ ၂၆ ရက် ညက တောမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း ပိတောက်ရွှေဝါရပ်ကွက်တွင် နေထိုင်သူ များထံမှ သိရသည်။


မီးလောင်ကျွမ်းသည့် နေရာသည် ငါးသုံးလုံး တောင်ရှုခင်းသာအောက်ခြေ နှင့် ပိတောင်ရွှေဝါ ရပ်ကွက် ၈ လမ်းထိပ် ကြားဖြစ်ကြောင်း သိရသည်။
ယင်းတောင်ပေါ်တွင် တောမီး လောင် ကျွမ်းသည်မှာ တစ်နှစ်အတွင်း ယခု တစ်ကြိမ်အပါအဝင် ၃ကြိမ်ရှိပြီဖြစ်သည်။