သက်တမ်းရာချီရှိသည့် ညောင်ပင် အကိုင်းကျိုး

0
421

ထားဝယ်မြို့၊ ဘုမ္မော်ဈေး အရှေ့ ဘက်ရှိ နှစ်ရာချီ သက်တမ်းရှိသည့် ညောင်ပင်အကိုင်းကျိုးကျခဲ့ပြီး ညောင် ပင်အောက်ရှိ လက်ဖက်ရည်ဆိုင်နှင့် အနီးအနားရှိ အိမ်အမိုးစွန်းများ အနည်း ငယ် ပျက်စီးခဲ့သည်။


ဧပြီလ ၂၅ ရက်နေ့ မနက် ၆ နာရီခန့်က ညောင်ပင်သစ်ကိုင်းကျိုး သည့် အသံကဲ့သို့ သုံးကြိမ်ခန့် ကြားခဲ့ ရပြီး နေ့လည်တွင် ကျိုးကျခဲ့ခြင်းဖြစ်ကာ ထိခိုက်ဒဏ်ရာရသူမရှိခဲ့ကြောင်း ညောင် ပင် အနီးအနားနေထိုင်သူများနှင့် ရပ် ကွက်အုပ်ချုပ်ရေးမှူးများထံမှ သိရသည်။

old_nyaung_pin
“ညောင်ပင်က အသံတွေကြားနေရ တော့ ပြည်သူတွေကိုပဲ အန္တရာယ်ကင်း အောင် သတိပေးနေရတယ်”  ဟု ညောင် ပင်အကိုင်းကျိုးသံကဲ့သို့ ၃ ကြိမ်ခန့် ကြားခဲ့ရသည့် ကိုအောင်မိုးသူက ပြော သည်။သစ်ကိုင်းကျိုးကျမည့် အသံကြား ခြင်းကြောင့် သက်ဆိုင်ရာရပ်ကွက်အုပ် ချုပ်ရေးမှူးများနှင့် မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့များကို သွားရောက် အ ကြောင်း ကြားခဲ့သော်လည်း သစ်ကိုင်း ကျိုးပြီးသည့်အချိန်မှသာ ရောက်လာကြ သည်ဟု ကိုအောင်မိုးသူက ဆိုသည်။
ပြည်သူအချို့မှလာရောက် အ ကြောင်းကြားသည့်အတွက် သက်ဆိုင် ရာဌာနများကို ဆက်လက်တင်ပြကာ ပတ်ဝန်းကျင်ရှိ ပြည်သူများအား ကြို တင် နေရာရွှေ့ခိုင်းထားကြောင်း ဘုမ္မော် ရပ်ကွက် အုပ်ချုပ်ရေးမှူး ကဆိုသည်။
” ကြိုသတိပေးထားလို့ ထိခိုက် ဒဏ်ရာရတာတော့ မရှိဘူး”  ဟု ဘုမ္မော် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်မျိုး ကပြောသည်။
အကိုင်းကျိုးသည့် ညောင်ပင်မှာ ထားဝယ်မြို့ စတင် တည်ကတည်းက ရှိနေသည့်အပင်ဖြစ်ပြီး  သက်တမ်း အားဖြင့် နှစ်ပေါင်း၂၅၀ကျော် သက်တမ်း ရှိသည်ဟု ထားဝယ်မြို့မှ အသက် ၈၃နှစ်အရွယ် ဦးသိန်းရွှေက ဆိုသည်။
“ရွှေတောင်စားစေတီနဲ့ အတူတူပဲ၊ အကိုင်းကျိုးတာနှစ်ခါရှိပြီ တစ်ခါမှ လူကိုအန္တရာယ်မဖြစ်ဘူး”  ဟု ဦးသိန်းရွှေ ကပြောသည်။
ယင်းညောင်ပင်မှ အန္တရာယ် ရှိနိုင် သည့် ညောင်ပင်မှ အကိုင်း အခက် များအား ခုတ်ဖြတ်ရှင်းလင်း မည်ဖြစ် ကြောင်း ထားဝယ်မြို့နယ်စည် ပင်သာ ယာရေးအဖွဲ့ ထံမှ သိရသည်။