တနင်္သာရီတိုင်း လွှတ်တော်တွင် ကော်မတီ ၅ ခုနှင့် ကော်မရှင် ၃ ခုဖွဲ့ စည်းမည်

0
419

တနင်္သာရီတိုင်းဒေသကြီး လွှတ် တော်တွင် ရေးရာ ကော်မတီ ၅ ခုနှင့် ကော်မရှင် ၃ ခုတို့ကို လာမည့် တိုင်း ဒေသကြီးလွှတ်တော် ပုံမှန်အစည်း အဝေးတွင် ဖွဲ့စည်းအတည်ပြုမည် ဖြစ် ကြောင်း တိုင်းလွှတ်တော်ရုံးထံမှ သိရသည်။


ကော်မတီ ၅ခုမှာ လွှတ်တော် ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီ၊ ဥပဒေပြုရေးဆိုင်ရာကော်မတီ၊ တိုင်းရင်း သား လူမျိုးများ အရေးဆိုင်ရာ ကော် မတီ၊ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များနှင့် တိုင်ကြားစာ၊ အသနားခံစာဆိုင်ရာ စိစစ်ရေးကော်မတီ၊ ဒေသန္တရ စီမံကိန်းများနှင့်ဘဏ္ဍာ ရေး ဆိုင်ရာကော်မတီတို့ဖြစ်ကြောင်း အထက်ပါရုံးမှ သိရသည်။
ကော်မရှင် ၃ ခုမှာ ဥပဒေ လေ့လာ သုံးသပ်ရေး ကော်မရှင်၊ ဘဏ္ဍာ ငွေအရ/သုံးဆိုင်ရာ စိစစ်အကြံပြုရေး ကော်မရှင်နှင့် လုပ်ငန်း အရည်အသွေး စစ်ဆေးရေးကော်မရှင်တို့ကို ဖွဲ့စည်း မည်ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ် တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြော သည်။
“ရေးရာကော်မတီတွေကို ဒီလို ဖွဲ့စည်းအတည်ပြုပြီး ဆောင်ရွက်မယ် ဆိုရင် ပြည်သူအတွက် ပိုအကျိုးရှိမယ်လို့ ယုံကြည်ပါတယ်” ဟု ဦးခင်မောင်အေးက ဆိုသည်။
ကော်မတီများကို လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းမည် ဖြစ်ပြီး ကော်မရှင်များကို လွှတ်တော် ကိုယ်စားလှယ်များက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကာ အဖွဲ့ဝင်များကို ပြင်ပပညာရှင်များဖြင့်ဖွဲ့စည်းထားမည်ဖြစ် ကြောင်း ၎င်းက ပြောသည်။
ဒုတိယအကြိမ် တနင်္သာရီတိုင်း ဒေသကြီးလွှတ်တော် ပထမပုံမှန် အစည်းအဝေး ဆဋ္ဌမမြောက်နေ့ကို မေလ ပထမအပတ်တွင် ကျင်းပမည် ဖြစ်ပြီး ယင်းအစည်းအဝေးတွင် ဥပဒေ ချုပ်နှင့် စာရင်းစစ်ချုပ်တို့ကို အတည်ပြု မည်ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ် တော်ရုံးထံမှ သိရသည်။
ယခင် လွှတ်တော်သက်တမ်းတွင် တနင်္သာရီတိုင်းလွှတ်တော်တွင် ကော် မတီ ၃ခု (လွှတ်တော် ကိုယ်စားလှယ်စိ  စစ်ရေး ကော်မတီ၊ တိုင်းရင်းသားရေးရာ ကော်မတီ၊ အစိုးရ၏ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များနှင့် တိုင်ကြားစာ၊ အသနားခံစာဆိုင်ရာ စိစစ် ရေးကော်မတီ)နှင့် ကော်မရှင် ၂ ခု (ဥပဒေ လေ့လာသုံးသပ်ရေး ကော်မရှင်၊ ငွေစာရင်းဆိုရာ ကော်မရှင်)တို့ကို ဖွဲ့ စည်းခဲ့သည်။

 

ရေးရာကော်မတီနှင့် ကော်မရှင်များ ဖွဲ့စည်းမည့် ကိုယ်စားလှယ်နှင့် ပြင်ပ ပညာရှင်များ အရေအတွက်စာရင်း
စဉ်    ကော်မတီနှင့် ကော်မရှင်များ                                           အဖွဲ့ဝင်
၁    လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီ                    ၅ ဦး
၂    ဥပဒေပြုရေးဆိုင်ရာကော်မတီ                                                  ၅ ဦး
၃    တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ                        ၅ ဦး
၎    အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များနှင့် တိုင်ကြားစာ အသနားခံစာဆိုင်ရာစိစစ်ရေးကော်မတီ                                      ၅ ဦး
၅    ဒေသန္တရစီမံကိန်းများနှင့် ဘဏ္ဍာငွေဆိုင်ရာ ကော်မတီ             ၅ ဦး
၆    ဥပဒေလေ့လာသုံးသပ်ရေးကော်မရှင်                                      ၉ ဦး
၇    ဘဏ္ဍာငွေအရ^သုံးဆိုင်ရာ စိစစ်အကြံပြုရေးကော် မရှင်         ၉ ဦး
၈    လုပ်ငန်းအရည်အသွေးစစ်ဆေးရေးကော်မရှင်                        ၁၀ ဦး