မော်လမြိုင် ဘိလပ်မြေစက်ရုံတွင် စွမ်းအင်အတွက် ကျောက်မီးသွေး မသုံးရန် ဒေသခံ ၃၇၀၀ ကျော် တောင်းဆို

0
535

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် အတွင်းရှိ မော်လမြိုင် ဘိလပ်မြေစက်ရုံ Mawlamyine Cement Ltd. (MCL)   ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားသုံးစွဲပြီး လည်ပတ်မည့် အစီ အစဉ်ကို ရန်တန့်ပေးရန် ဒေသခံများက မွန်ပြည်နယ် အစိုးရအဖွဲ့ထံ တောင်း ဆိုစာပို့ခဲ့သည်ဟု စာလာတင်သည့် ဒေသခံများထံမှ သိရသည်။


ယင်းစာကို ဧပြီလ ၂၆ ရက်က ဒေသခံ ၃၇၈၀ ဦးက လက်မှတ်ရေးထိုး တောင်းဆိုခဲ့ခြင်းဖြစ်ပြီး မွန်ပြည်နယ် လွှတ်တော်နှင့် မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့လည်း ပေးပို့ထားသည်ဟု သိရသည်။
ဃြူ အနေဖြင့် စက်ရုံကို ကျောက်မီးသွေးသုံးလျှပ်စစ် ဓာတ်အား ဖြင့် လည်ပတ်မည်ကို စီမံကိန်း အစပိုင်း တွင် ဒေသခံလူထုတို့ထံ အသိပေး ရှင်းလင်းခဲ့ခြင်း မရှိဘဲ စက်ရုံလည်ပတ် ခါနီးမှသာကျောက်မီးသွေးဖြင့် လည် ပတ်မည်ကို  ရှင်းပြခဲ့သည်ဟု ဒေသခံ တို့က ပြောသည်။
” စက်ရုံကို ၂၀၁၂ နှစ်ကုန်ပိုင်းခန့်က စပြီး စတင် အကောင်အထည်ဖော်ခဲ့တယ်၊ စက်ရုံလည်ပတ်ရာမှာ အသုံးပြုမယ့် ဓာတ်အားစနစ်နဲ့ပတ်သက်ပြီး အသိပေး ခဲ့ခြင်း မရှိဘူး၊ ၂၀၁၅ နှစ်ကုန်ပိုင်း ကာလရောက်မှပဲ ဘိလပ်မြေစက်ရုံကို ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားနဲ့ လည်ပတ်မယ်ဆိုတာကို MCL က ရှင်းပြခဲ့တယ်၊ အဲချိန်မှပဲ အံ့ဩတုန်လှုပ် သွားကြတယ်” ဟု ကတုံစိရွာမှ နိုင်မစ်က ပြောသည်။
၎င်းပြင် ဘိလပ်မြေစက်ရုံမှ ထွက် ရှိသည့် ဘေးထွက်ဆိုးကျိုးနှင့် ပတ်သက် ပြီး  စက်ရုံဘေးပတ်ဝန်းကျင်တွင် နေ ထိုင်ကြသူများ အပေါ်မည်ကဲ့သို့အကျိုး သက်ရောက်မှုရှိမည်ဆိုသည်ကိုလည်း ပွင့်လင်းမြင်သာစွာ ရှင်းလင်းခဲ့ခြင်း မရှိ ကြောင်း ၎င်းက ပြောသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး MCL သို့အီးမေးလ်ဖြင့် ဆက်သွယ် မေးမြန်းရာ စက်ရုံတွင် အသုံးပြုမည့် စွမ်းအင်အကြောင်းနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းကာကွယ်ရေး အစီအစဉ် များအကြောင်းနှင့် ပတ်သက်ပြီး ဒေသခံ များ၊ လူမှုရေးအဖွဲ့များ၊ သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများအား ၂၀၁၅ ခုနှစ်အတွင်းက တွေ့ဆုံဆွေးနွေးခဲ့သည် ဟု ပြောသည်။
MCL အနေဖြင့် လက်ရှိတွင် ဘိလပ်မြေစက်ရုံတွင် အသုံးပြုရန် ကျောက်မီးသွေး မတ်ထရစ်တန် ၃၀၀၀၀ ကို တင်ပို့ရန် စီစဉ်ထားသည်ဟု MCL ၏ Managing Director  ဖြစ်သူ . Mr. Wijit Terasarun  က ပြောသည်။
ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ် အားဖြင့် လည်ပတ်ရန် စီစဉ်နေသည့် မော်လမြိုင် ဘိလပ်မြေစက်ရုံ Mawlamyine Cement Ltd. (MCL) ကို သတ်မှတ်ထား သည့် အချိန်အတိုင်း ၂၀၁၆ ခုနှစ် နှစ်လယ် ပိုင်းခန့်တွင် လည်ပတ်ရန် ရှိသည်ဟု လည်း ကုမ္ပဏီထံမှ သိရသည်။
ဒေသခံလူထုတို့၏ တင်ပြတောင်း ဆိုထားသည်နှင့် ပတ်သက်ပြီး မေလ အတွင်း ကွင်းဆင်းသွားရောက်လေ့လာ ရန် ရှိသည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက ပြောသည်။