ဆတ်ဆော်အော် ကမ်းခြေတွင် ဘန်ဂလိုဖွင့်

0
478

လောင်းလုံးမြို့နယ်အောက် ကျောက်ဝပ်ရွာမှ တစ်မိုင်ခန့် ကွာဝေး သော တောလမ်းအတိုင်း သွားရသည့်  ဆတ်ဆော်အော်ကမ်းခြေ(ဒေသအခေါ်)တွင် ဘန်ဂလို ဖွင့်ထားကြောင်း ဘန်ဂ လိုတည်ဆောက်ရေး တာဝန်ခံထံမှ သိရသည်။


ပြီးခဲ့သည့် မတ်လတွင် ဘန်ဂလို ၅ လုံးဖြင့် စတင်ကာ လုပ်ငန်း လည် ပတ်ခဲ့ပြီး ဧပြီလတွင် ၅လုံးအား ထပ်မံ တိုးချဲ့ကာ လက်ရှိအချိန်တွင် တစ်ရက် လျှင် ခရီးသည် ၁၀ ဦးခန့် လာ ရောက်တည်းခိုခဲ့ကြသည်ဟု အထက်ပါ တာဝန်ခံက ပြောသည်။
“သဘာဝအတိုင်း အေးအေး ချမ်း ချမ်း အနားယူချင်သူတွေကို ရည်ရွယ် တာပါ”  ဟု ဘန်ဂလိုတည်ဆောက်ရေး တာဝန်ခံ ဦးသန်းအောင်က ပြောသည်။
ယင်းလုံးချင်း ဘန်ဂလိုများကို သစ်ဝါးများဖြင့် တည်ဆောက်ထားပြီး နှစ်ယောက်အိပ် ကုတင်၊ မွေ့ယာ၊ ခြင် ထောင်၊ ရေချိုးခန်းနှင့် အိမ်သာ ပါဝင် ကာ မီးထွန်းရန် ဆိုလာပြားမှ လျှပ်စစ် မီးရယူထားပြီး Eco Tourism ကို အခြေ ခံထားကြောင်း ၎င်းက ပြောသည်။
အဆိုပါ ဘန်ဂလိုများတွင် မိသား စုအလိုက် တည်းခိုမည်ဆိုပါက လူနှစ်ဦး အပြင် အသက်၁၀နှစ်အောက် ကလေး တစ်ဦးပါ တည်းခိုနိုင်ပြီး ဝန်ဆောင်ခ ငွေကျပ် ၂၅၀၀၀ သတ်မှတ်ထားကာ သစ်ပင်များအကြားတွင် ပုခက်ဖြင့် အိပ်ပါက ငွေကျပ်၁၀၀၀၀ ဖြင့် အိပ် စက်နိုင်ပြီး ရွက်ဖျင်တဲဖြင့် အိပ်စက်ပါက ငွေကျပ် ၁၅၀၀၀ဖြင့် အိပ်စက်အနား ယူနိုင်ကာ အစားအသောက်ကို ဧည့်ကြို ကောင်တာတွင် မှာယူ စားသောက်ရမည် ဖြစ်ကြောင်း ယင်းဘန်ဂလိုထံမှ သိရ သည်။