ပညာရေးစနစ်ပြောင်းလာပါက ပညာရေးဝန်ဆောင်မှု ဘော်ဒါများ ရေရှည်ရပ်တည်ရ ခက်ခဲလာနိုင်

0
396

အစိုးရသစ်တက်လာပြီး နောက် ပိုင်း ပညာရေးစနစ်ပြောင်းလာပါက ရေ ရှည်တွင် ရပ်တည်ရန် ခက်ခဲမှုများ ရှိလာ နိုင်ကြောင်း ထားဝယ်မြို့ရှိ ကျောင်းပြင်ပ  ပညာရေးဝန်ဆောင်မှု စာသင်ဝိုင်းဆရာ အချို့က ပြောသည်။


အစိုးရသစ်က ပညာရေးစနစ်နှင့် ပက်သက်သော ပြုပြင်ပြောင်းလဲမှုများ အချိန်အတိုင်းအတာတစ်ခုတွင် တည် ငြိမ်၍ ခိုင်မာသွားလျှင် ကျောင်းပြင်ပ ပညာရေးဝန်ဆောင်မှု ဘော်ဒါများ၊ စာ သင်ဝိုင်းများအနေဖြင့် ရပ်နားလာနိုင် မည့် အခြေအနေ ဖြစ်လာနိုင်ကြောင်း ဆုပြည့် ပညာရေးဝန်ဆောင်မှုမှ တာဝန် ရှိသူ ဦးရာဇာစိုးက ပြောသည်။
” အစိုးရ ကျောင်းတွေ သင်ကြား ရေးပိုင်း ပိုမိုကောင်းမွန်လာမယ်ဆိုရင် ကျူရှင်တွေနဲ့ ပြင်ပပညာရေးဝန်ဆောင် မှုလုပ်ငန်းတွေ နည်းပါးလာနိုင်မယ်” ဟု ပညာရွှေပြည်မှ ဦးမိုးဒီက ပြောသည်။
ပြောင်းလဲလာမည့် ပညာရေးစနစ် ကိုလိုက်ပြီး ပြောင်းသင်မည့် အစီအစဉ် ရှိသောကြောင့် ရပ်တည်မှု ခက်ခဲလာမည့် အခြေအနေကို စိုးရိမ်မှုမရှိကြောင်း ရွှေ ဂုဏ်ထူးအဆင့်မြင့်ဝန်ဆောင်မှုလုပ်ငန်း မှ တာဝန်ရှိသူ ဦးဇော်ညွန့်ထံမှ သိရ သည်။
” လာနေတဲ့သူတွေကလည်း နယ် က ကျောင်းသားတွေပဲ များတော့ ကျောင်းသားတွေကို စောင့်ရှောက်ဖို့ နဲ့ကျောင်း သားတွေရဲ့ ဝါသနာပါတာကို စောင့် ကြည့်ပြီးဘေးက ပံ့ပိုးပေးမယ့် ပုံစံနဲ့သွား ဖို့ဖြစ်တဲ့အတွက် စိုးရိမ်မှုတော့ မရှိ ပါဘူး”  ဟု ဦးဇော်ညွန့်က ပြော သည်။
အစိုးရကျောင်းများက ပြောင်းသင် သည့် ပညာရေးစနစ်ကို အခြေခံကာ ယင်းထက်ပိုကောင်းသည့် နည်းလမ်းကို ရှာဖွေသင်ကြား မည်ဖြစ်သည့်အတွက် ဘော်ဒါရပ်တည်မှုအတွက် စိုးရိမ်စရာမရှိ ဟု ဦးဇော်ညွန့်က ဆိုသည်။လက်ရှိ ထားဝယ်တွင် ပုဂ္ဂလိက ကိုယ်ပိုင် အထက် တန်းကျောင်း တစ်ကျောင်းနှင့် ပညာရေး ဝန်ဆောင်မှု ဘော်ဒါ ၄၀ ခန့် ရှိကြောင်း သိရသည်