ကော့သောင်းတွင် ရေသန့်ဈေးတက်

0
390

ကော့သောင်းမြို့ပေါ် ရပ်ကွက်များ တွင် ရေရှားလာပြီးနောက် ဧပြီလကုန် အပတ်အတွင်း သောက်ရေသန့် ဈေးနှုန်း များ မြင့်တက်လာကြောင်း ကုန်စုံဆိုင် ရောင်းသူများထံမှ သိရသည်။


ယခင်နှစ်များက ရေရှားရာသီများ ဖြစ်သည့် မတ်လနှင့် ဧပြီလများတွင် သုံးရေဈေးနှုန်းသာ တက်လေ့ရှိသော် လည်း ယခုနှစ်တွင် သောက်ရေသန့် ဈေးနှုန်းများပါ ဈေးတက်ခဲ့သည်ဟု အထက်ပါ ဈေးဆိုင်များမှ သိရသည်။
“ဈေးနှုန်းတွေက ၁၀၀ လောက် တက်သွားတယ်၊ လက်ကားဒိုင်တွေ အကုန်လုံးတက်တာ၊ ဒါတောင် အရင် ကလို ဝယ်မရတော့ဘူး၊ ပြတ်မသွားဖို့ဘဲ လိုတယ်”  ဟု ရွှေဇင်ယော်ရပ်ကွက်ရှိ မဌေးကုန်စုံဆိုင်ပိုင်ရှင်က ဆိုသည်။
ရေသန့်ဘူး အရွယ်စုံ အမျိုး အစားအပေါ် မူတည်ပြီး ဘူးကြီး တစ် ဘူး (သို့မဟုတ် ) ဘူးငယ် ၆ လုံးတွဲ  ၁၂လုံးတွဲ တစ်ကတ်လျှင် ကျပ် ၁၀၀မှ ၂၀၀ အထိ မြင့်တက်သွားကြောင်း ရွှေဟင်္သာရပ်ကွက်၊ရွာမလမ်းရှိ ကျောက် ဆူးရေသန့်လုပ်ငန်း လက်ကားဒိုင်မှ သိရသည်။
ကော့သောင်းမြို့တွင် သောက် ရေသန့်ရောင်းချခြင်းအား ငမန်းဖြူ၊ ကျောက်ဆူး၊ ရွှေတော်ဝင်၊water designer တံဆိပ်ရေသန့်ရှိပြီး အိမ်တွင်း လုပ် တစ်နိုင်တစ်ပိုင် ရေသန့်ရောင်းချ သူများလည်း ရှိသည်။