အပူချိန်မြင့်၍ နိုင်လွန် ကတ္တရာလမ်း မပျက်စီးရန် သဲခင်း

0
496

အပူရှိန်မြင့်မားခြင်းကြာင့် ကြွ တက်လာသည့် နိုင်လွန်ကတ္တရာလမ်းများ မပျက်စီးစေရန်အတွက် ထားဝယ်မြို့ တွင်းလမ်းအချို့တွင် သဲခင်းထားရ ကြောင်း လမ်းအထူးအဖွဲ့ ၂၃ မှ ဒုတိယ ညွှန်ကြားရေးမှူးက ပြောကြားသည်။


လမ်းခင်းစဉ်က ကတ္တရာပါဝင်မှုများသွားသည့်နေရာများတွင် ယင်းသို့ ဖြစ်လေ့ရှိပြီး ယာဉ်များ၏ ဘီးများတွင် ကတ္တရာကပ်ပါကာ လမ်းမပျက်စီးစေရန် အတွက် နိုင်လွန်ကတ္တရာလမ်းပေါ်တွင် သဲခင်းထားရခြင်းဖြစ်ကြောင်း ဒုညွှန်မှူး ဦးကိုကိုအောင်က ပြောသည်။
” သဲဖြူးပြီး Roller (လမ်းကြိတ် စက်) ပြန်နင်းနေပါတယ်”  ဟု ၎င်းက ဆိုသည်။
ထားဝယ်မြို့တွင်းရှိ လမ်းတိုင်း မဟုတ်ဘဲ လမ်းစခင်းချိန်က ကတ္တရာပါများသွားသည့်လမ်းအချို့တွင်သာ သဲခင်းခြင်းနှင့် လမ်းပြန်ညှိခြင်းတို့ကို လုပ်ဆောင်လျက်ရှိကြောင်း လမ်း အထူး အဖွဲ့၂၃ ထံမှ သိရသည်။ အယ်နီညိုရာ သီဥတုကြောင့် ယခုလအတွင်း ထားဝယ် တွင် အပူချိန် စံချိန်တင် မြင့်တက်ခဲ့သည်။