ဒီရေတော ခုတ်ထွင်ခြင်း ရပ်ဆိုင်းရန် တိုင်းဝန်ကြီးချုပ် ညွှန်ကြား

0
344

မြိတ်ခရိုင်အတွင်းရှိ ဒီရေတော ခုတ်ထွင်ခြင်းလုပ်ငန်းများကို ရပ်ဆိုင်း ပေးရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ဧပြီလ ၂၅ ရက် က မြိတ်ခရိုင် အုပ်ချုပ်ရေးမှူးသို့ ညွှန်ကြားထားခဲ့ကြောင်း သိရသည်။


တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဒေါက်တာလဲ့လဲ့မော်နှင့် အစိုးရ အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ် များ၊ ဋ္ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်^ကွက် အုပ်ချုပ်ရေးမှူးများနှင့် အ ထောက်အကူပြု အဖွဲ့ဝင်များမှ ဧပြီလ ၂၅ ရက်တွင် မြိတ်မြို့ ကမ်းနားလမ်း ပုလဲရတနာခန်းမ၌ ပြုလုပ်သည့် တွေ့ ဆုံပွဲတွင် ဝန်ကြီးချုပ်က ယင်းကဲ့သို့ ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

d_water_myeik
” ဒီရေတောကို တတ်နိုင်သလောက် ထိန်းသိမ်းရမှာပါ။ သဘာဝပတ်ဝန်း ကျင်အရရော ရာသီဥတုအရပါ ပင်လယ် ကမ်းခြေဖြစ်ပြီး ဒီလောက်ပူနေတာ ကျွန်မတို့ သဘာဝပတ်ဝန်းကျင်မှာ အား နည်းချက်တစ်ခုဖြစ်နေပြီလို့ သုံး သပ် ပါတယ်။ အခုချိန်ကစပြီး ခုတ် ထွင်ခြင်း ကို ရပ်ဆိုင်းပေးပါ စာထုတ်ပေးပါ” ဟု ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲတွင် ဒေသခံ တစ်ဦးဖြစ်သူ ဦးခင်မောင်သန်းက တရားဥပဒေစိုးမိုးမှု၊ ရေအောက်သံယ ဇာတနှင့် ပင်လယ်သားငါးများ ရှားပါး လာမှု၊ သစ်တောများပြုန်းတီးနေမှုနှင့် ဆင်းရဲသားလျော့ချရေး စသည့်ကဏ္ဍတို့တွင် ချမှတ်ထားသည့် မူဝါဒများကို ပြည်သူများအား ရှင်းပြပေးရန် ပြော သည်နှင့် ပတ်သက်ပြီး ရှင်းလင်းစဉ် ဝန်ကြီးချုပ်က ဒီရေတောကိစ္စကို ထည့်သွင်း ညွှန်ကြားခဲ့ ခြင်းဖြစ်ကြောင်း တွေ့ဆုံပွဲထံမှ သိရသည်။
မြိတ်အခြေစိုက် ငါးအမှုန့် စက်ရုံ များတွင် ဒီရေတောထင်းများကို လောင် စာအဖြစ် အဓိက ထားသုံးစွဲနေရကြောင်း ယင်းစက်ရုံအသိုင်းအဝိုင်းထံမှ သိရ သည်။
ထို့ပြင် ကုန်းဘောက်ရပ်ကွက်ရှိ ထူးထူးတိုးကြက်မွေးမြူရေးခြံကို ရွာပြင် တွင် နေရာချထားရန် စည်ပင်ဌာနသို့ ညွှန်ကြားခဲ့ပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးမှုများရှိနေသည့် မြစ် ချောင်းများ အတွင်းသဲစုပ်ခြင်းလုပ်ငန်း များကို ပြန်လည်စိစစ်သွားမည်ဖြစ်ကာ လက်ရှိအချိန်တွင် လိုင်စင်များထုတ်ပေး မည် မဟုတ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် သည် မြန်မာနှစ်သစ်ကူး ရုံးပိတ်ရက် နောက်ပိုင်းမှ စတင်၍ ထားဝယ်ခရိုင် အတွင်း စတင်သွားရောက်ကွင်းဆင်း ခဲ့ပြီး မူးယစ်ဆေး အသုံးပြုနေသည်ဟု ယူဆရသော ထားဝယ်တက္ကသိုလ် အတွင်းရှိ ခြုံပုတ်များကို ရှင်းလင်းရန်၊ တနင်္သာရီတိုင်းအတွင်းရှိ အလုံပိတ် စားသောက်ဆိုင်များ ပိတ်သိမ်းရန် ညွန် ကြားခဲ့သည်။
ရက် ၁၀၀ အတွင်း တနင်္သာရီတိုင်း အတွင်းတွင် ရေကောင်း ရေသန့်ရရှိ ရေးကိစ္စ၊ မူးယစ် ဆေးဝါး ကင်းစင်ရေး ကိစ္စနှင့် ကျန်းမာရေးကိစ္စတို့ကိုအဓိက ဦးစားပေး ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား ထားသည်။