တနင်္သာရီ ဆရာတော်ဘုရားကြီး ဈာပနာ အခမ်းအနားသွား ယာဉ်တစ်စီးတိမ်းမှောက် လူ ၁၃ ဦး ဒဏ်ရရှိ

0
423

တနင်္သာရီမြို့နယ် ဝင်္ဂဘာတောင် ဆရာတော်ဘုရားကြီး၏ ဈာပန အခမ်း အနားသွား Town Ace    ကားတစ်စီးသည် ဧပြီလ ၂၄ ရက် နံနက် ၈ နာရီ အချိန်ခန့်တွင် တနင်္သာရီ မြို့နယ် ဆန်း သစ်ကျေးရွာ အနီးတွင် တိမ်းမှောက်ခဲ့ကာ လူ ၁၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။


အဆိုပါ  Town Ace  ကားပေါ်တွင် လူ ၂၀ ဦးကျော် တင်ဆောင်လာပြီး မြိတ် မြို့နယ် ကဘင်းကျေးရွာမှ တနင်္သာရီ မြို့သို့ ထွက်ခွာလာစဉ် ဆန်းသစ်ကျေးရွာ အနီးအရောက်တွင် တိမ်းမှောက်သွားခဲ့ ခြင်းဖြစ်ကြောင်း ယာဉ်ပေါ်ပါ ဒဏ်ရာ ရရှိခဲ့သူတစ်ချို့က ပြောသည်။
” ကားရှေ့ဘယ်ဘက်ဘီး တိုင်ယာ ပေါက်သွားပြီး ယာဉ်ကြောဘယ်ဘက် ကို လှည့်ထွက်သွားတုန်း တစ်ဖက်က လာနေတဲ့ မော်တော်ဆိုင်ကယ်နဲ့မျက် နှာချင်းဆိုင်တိုက်မိပြီး တိမ်းမှောက် သွားခဲ့ပါတယ်” ဟု ဆန်းသစ်ရွာအနီးရှိ မြိတ်မြို့နယ် တုံးဗျောကျေးရွာ အုပ်ချုပ် ရေးမှူး ဦးအောင်မြတ်သူက ပြောသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ် ပေါ်ပါ အမျိုးသမီး ၉ ဦး၊ အမျိုးသား ၃ ဦးနှင့် သုံးနှစ်အရွယ် ကလေးငယ် တစ်ဦးတို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြ သဖြင့် မြိတ်ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါး ကုသမှု ခံယူနေရကြောင်း ယင်း ဆေးရုံမှ သိရသည်။
” ကားက တိမ်းမှောက်သွားပြီး ပက် လက်ပြန်(လန်)သွားတယ်”  ဟု ဒဏ်ရာ ရှိခဲ့သူ အမျိုးသမီးတစ်ဦးက ပြောသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှု ဖြစ် စဉ်ကို အမှုဖွင့် အရေးယူဆောင်ရွက် နိုင်ရန် စီစဉ်နေကြောင်း တနင်္သာရီမြို့ နယ် ရဲစခန်းမှ သိရသည်။
တနင်္သာရီမြို့နယ် ဝင်္ဂဘာတောင် ဆရာတော် အရှင်ဥဂ္ဂံသ သက်တော်(၉၉)နှစ် ၏ ဈာပနအခမ်းနားကို ဧပြီလ ၂၃ နှင့် ၂၄ ရက်နေ့တို့တွင် ကျင်းပခဲ့ပြီး ရပ်ဝေးရပ်နီးမှ ဆရာတော်အားလာ ရောက် ဖူးမျှော်သူများဖြင့် စည်ကားလျက်ရှိ သည်ဟု ယင်းမြို့ခံများမှ သိရသည်။