ထိုင်းအဝယ်များ၍ ကင်းမွန် ဈေးမြင့်တက်

0
538

မြိတ်ဒေသထွက် ကင်းမွန်များကို ထိုင်းနိုင်ငံမှ ဝယ်လိုအားမြင့်တက်လာမှု ကြောင့်  ကင်းမွန်ဈေး မြင့်တက် လာ နေကြောင်း ကင်းမွန်လုပ်ငန်းအသိုင်း အဝိုင်းမှ သိရသည်။


ပြီးခဲ့သည့် ၂ လခန့်က ကင်းမွန် တစ်ဗန်းကို ကျပ် ၃၈၀၀၀ အထိ ပေါက် ဈေးရရှိရာမှ လက်ရှိတွင် ကျပ် ၄၇၀၀၀ အထိ မြင့်တက် လာသည်ဟု မြိတ်ခရိုင် ကင်းမွန်လှေ လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။” ကင်းမွန်ရှားလာနေတဲ့ အချိန် လည်းဖြစ်တယ်။ ထိုင်းဘက်က ပင်လယ် ပြင်မှာ မြိတ်ပေါက်ဈေးအတိုင်း ဝယ်ယူ တာမျိုး ရှိနေလို့  ဈေးနှုန်းတွေ မြင့်လာ ရတာပါ” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

kin_mon_market_myeik_2
ကင်းမွန်ငါးဖမ်း ကာလအစ ဖြစ် သည့် ပြီးခဲ့သည့် အောက်တိုဘာလက ပေါက်ဈေး ကင်းမွန် ဆိုဒ် နံပါတ် ၁၊ ၂၊ ၃ အမျိုးအစားဝင် တစ်ဗန်းကို ကျပ် ၄၃၀၀၀ နှုန်း၊ နံပါတ် ၄ ဆိုဒ် ကျပ် ၃၃၀၀၀ နှင့် နံပါတ် ၅ ဆိုဒ် ကျပ် ၂၃၀၀၀အထိ ဈေးရရှိနေခဲ့ရာမှ နိုဝင်ဘာ ပထမအပတ်က ကင်းမွန်လှေများ တစ် ပြိုင်တည်း ကမ်းဝင်လာခြင်းနှင့် မိုးရွာခဲ့ သည့်အတွက် ကင်းမွန်ဆိုဒ်စုံ တစ်ဗန်း ကို ကျပ် ၅၀၀၀ အထိ ဈေးကျခဲ့ရကြောင်း ကင်းမွန်လှေ လုပ်ငန်းရှင်များအသင်းမှ သိရသည်။
ယင်းကဲ့သို့ ဈေးကျခဲ့ရာမှ ရက် ပိုင်းအတွင်း ဈေးနှုန်းများ ပြန်လည်ဦး မော့လာကာ ကင်းမွန်တစ်ဗန်းကို  ကျပ် ၃၇၀၀၀-၃၈၀၀၀ အထိ ပြန်လည်ရရှိ ခဲ့ကြောင်း သိရသည်။
လက်ရှိ ကင်းမွန်ဈေးနှုန်းများမှ ၁၊ ၂၊ ၃ ဆိုဒ် ကျပ် ၄၇၀၀၀ ၊ နံပါတ် ၄ ဆိုဒ် ကျပ် ၃၇၀၀၀နှင့် နံပါတ် ၅ မှာ ကျပ် ၂၇၀၀၀ အထိ ဈေးရရှိနေသည်ဟု ကင်းမွန်အဝယ်ဒိုင်များမှ သိရသည်။” ကင်းမွန်ငါးဖမ်းကာလလည်း ကုန်ခါနီးပြီးဆိုတော့ ဈေးနှုန်းက ဒီထက် ထပ်ပြီး မကျနိုင်ဘူးလို့ ထင်တယ်” ဟု မြိတ်ငါးလေလံဈေးမှ ကင်းမွန်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောပြသည်။
မြိတ်ဒေသမှ ထွက်ရှိသည့် ကင်း မွန်များကို ကင်းမွန်အပြုတ်ခြောက်စက် ရုံများနှင့် အအေးခန်းစက်ရုံများသို့ ပြန်လည် ရောင်းချလေ့ရှိကြကာ ကင်း မွန် အကြီးအငယ်အလိုက် ဆိုဒ် ၅ ဆိုဒ်ခွဲပြီး အရောင်းအဝယ် ပြုလုပ်ကြ ကြောင်းကင်းမွန်လုပ်ငန်း အသိုင်းအဝိုင်း ထံမှ သိရသည်။