ကော့သောင်းတွင် လွှတ်တော်ကိုယ်စားလှယ် ရုံးများဖွင့်

0
360

ကော့သောင်းမြို့ အမျိုးသား ဒီမိုကရေစီရုံးတွင် ဧပြီ ၂၈ ရက်က ပြည် သူ့အသံများ တိုင်ကြားနိုင်သည့် လွှတ် တော် ကိုယ်စားလှယ်များရုံးကို ဖွင့်လှစ်ခဲ့ ကြောင်း သိရသည်။


မြို့နယ်အတွင်းရှိ ပြည်သူများ၏ အခက်ခဲများ၊ လိုအပ်ချက်များကို လာရောက်တိုင်ကြားနိုင်ရန်အတွက် ဖွင့်လှစ် ပေးထားခြင်း ဖြစ်ကာ အဆိုပါ ရုံးမှ ဌာနဆိုင်ရာရုံးများနှင့် ပူးပေါင်း ဆောင်ရွက်ဖြေရှင်းပေးသွားမည်ဟု လွှတ်တော် ကိုယ်စားလှယ်ရုံးထံမှ သိ ရသည်။
” လွှတ်တော်အသံ ပြည်သူ့ အသံ ဆိုတဲ့အတိုင်း ကျွန်တော်တို့က လွှတ် တော်ထဲမှာ အမြဲနေနေရတော့ ပြည်သူ တွေနဲ့ ကင်းကွာနေသလို မဖြစ်အောင် ကိုယ်စားလှယ်ရုံးကို ကျွန်တော်တို့ ကိုယ်စား အခုလိုဖွင့်လှစ်ပေးထားတာပါ” ဟု ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်က ဆိုသည်။
အဆိုပါရုံးတွင် မေလ ပထမ အပတ်မှ စတင်ပြီး ပြည်သူများ လာရောက် ဆွေးနွေးတိုင်ပင်နိုင်ကြောင်း သိရကာ အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်(ကော့သောင်း)ရှိ ခရိုင်သဘာပတိ တစ်ဦးနှင့် မြို့နယ်ဥက္ကဋ္ဌတို့က တာဝန် ယူ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။