ရပ်/ကျေး တံခါးကို ဆွဲဖွင့်ပါ

0
458

အကူးအပြောင်း ကာလတွင် နိုင်ငံ ၏ တာဝန်ကိုထမ်းဆောင်မည့်သူများ အတွက် စွမ်းရည်မြှင့် သင်တန်းများ၊ အမြင်ဖွင့်သင်တန်းများ၊ ဆွေးနွေးပွဲများ ပြုလုပ်ရန် လိုအပ်သည်ကို အားလုံးအသိ ဖြစ်သည်။


သို့သော် ယင်းကဲ့သို့သော သင်တန်း များ၊ ဆွေးနွေးပွဲများကို လွှတ်တော် အမတ်များအတွက်၊ ဝန်ကြီးသစ်များ အတွက်၊ အခြား အမှုထမ်းများအတွက် စသဖြင့် လိုအပ်သည်ဟု စိတ်ပါဝင်စား သည့် ကဏ္ဍအလိုက် ပြောကြသော်လည်း ရပ်^ကျေး အုပ်ချုပ်ရေးမှူး များအတွက် စိတ်ပါဝင်စားစွာ ပြောသူကို သိပ်မတွေ့ရ ပေ။

open_the_door_for_quater
ရပ်^ကျေး သမ္မတဟုပင် တင်စား ခံသည့် ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူး များ၏ တာဝန်မည်မျှ အရေးကြီးပြီး အခရာကျသည်ကို ရပ်^ကျေးအုပ်ချုပ် ရေးမှူး ဥပဒေကို ဖတ်ဖူးသူတိုင်း သိပေ မည်။
နိုင်ငံတစ်နိုင်ငံကို ရပ်ကွက်၊ ကျေးရွာ များဖြင့် ဖွဲ့စည်းထားသည့်အတွက် ရပ်ကွက် ကျေးရွာများ၏ စနစ်ကျမှု မကျ မှုသည် နိုင်ငံ၏ အခြေအနေအရပ်ရပ် အပေါ် နက်နက်ရှိုင်းရှိုင်း သက်ရောက် ပတ်သက်မှုရှိသည်။
သို့သော် ရပ်ကွက် ကျေးရွာများ အထူးသဖြင့် ကျေးရွာများသည် မူဝါဒ ချမှတ်သူများ၏ စဉ်းစားချက်များ၏ မထင်မရှား နေရာတွင်သာ ရှိနေဆဲ ဖြစ် သည်။
ယင်းမှာ လက်ရှိအချိန်အထိ မ ပြောင်းလဲသေးသည့် အခြေအနေ ဖြစ် သည်။
သို့သော် ကျေးလက်သည် အရှိန် အဟုန်ဖြင့် ပြောင်းလဲလာသည်။
ယခင်က လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ကျေးလက်နှင့် မြို့ပြလူ့အဖွဲ့အစည်း ပုံစံ ကွာဟမှု များသော်လည်း လက်ရှိ လူတိုင်းနီးပါး တယ်လီဖုန်း ကိုင်နိုင်သည့်ခေတ်၊ လမ်း များ ကောင်းလာသည့်ခေတ်၊ လျှပ် စစ်မီးများ ရလာသည့်ခေတ်တွင် အချို့ အရာများသည် ကျေးလက်နှင့် မြို့ပြ ကွာဟမှု မရှိတော့ပေ။
ကျေးရွာများတွင် လျှပ်စစ်မီး ရလာခြင်းသည် ကောင်းမွန်သည့် လက္ခ ဏာဖြစ်သည်။
သို့သော် ကျေးလက်၏ လူနေမှု ပုံစံပြောင်းလဲလာသည်။ အိပ်ယာဝင်၊ အိပ်ယာထချိန် နောက်ကျလာသည်။ အိမ် တိုင်းနီးပါးသို့ ရုပ်မြင်သံကြားစက် များ ရောက်လာသည်။ ရုပ်မြင်သံ ကြားများမှ ထုတ်လွှင့်ချက်များ၏ လွှမ်းမိုးမှုကို စခံလာရသည်။ စားသောက် ချက်ပြုတ်မှု ပုံစံပြောင်းလာသည်။
မြို့ပြနှင့် ကွာဟမှု နည်းသထက် နည်းလာသည်။
တယ်လီဖုန်းများသည်လည်း ထို နည်းလည်းကောင်းပင် ကျေးလက်ကို ပုံဖော်သည်။
သတင်းစီးဆင်းမှု မြန်ဆန်လာ သည်။ ဆက်သွယ် ပြောဆိုရ လွယ်ကူ လာသည်။ ယခင်ကဲ့သို့ အင်တာနက် သုံးချင်၊ ဖုန်းဆက်ချင်လျှင် မြို့တက်စရာ မလိုတော့။
ယခင်ထက် ပိုပိုပြီး တစ်သီး ပုဂ္ဂလ ဆန်လာသည်။
လူနေမှုပုံစံ ယခင်ထက် ရှုပ်ထွေး လာသည်။
ယင်းသို့ ကျေးလက်၏ ကဏ္ဍအစုံသည် မြို့ပြနှင့်ကွာဟမှု နည်းလာချိန် ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ စွမ်း ဆောင်ရည် အနိမ့်အမြင့်ကိစ္စသည် စိန်ခေါ်မှု တစ်ရပ်ဖြစ်လာသည်။
တချို့ ကျေးရွာများတွင် မိုးရာသီ တွင် ကိုယ့်အိမ်ရှေ့ကမြောင်း ကိုယ်တူး ရှင်းလင်းသည့် အလေ့ စပျောက်လာ သည်။ လမ်းများ စုပေါင်း ပြင်ဆင်သည့် အလေ့ပျောက်လာသည်။
အမှိုက်ကိုလည်း ယခင်ကကဲ့သို့ ကိုယ်အိမ်ဝင်းတွင် ကိုယ်မီးရှို့ ဖျက်ဆီး သည့် အလေ့မှ မြောင်းထဲ မီးရှို့သည့် အလေ့၊ မြောင်းထဲ စွန့်ပစ်သည့် အလေ့ သို့ တစစ ပြောင်းလာသည်။
မြောင်းများ တိမ်လာသည်။ တချို့ မြောင်းများ ကောသွားသည်။ ကျေးလက် သည် တဖြည်းဖြည်း ပုံပျက်လာသည်။
သို့သော် ကျေးရွာများတွင် စည်ပင် သာယာရေးဌာန မရှိ။ ယင်းကိစ္စအတွက် ကြပ်မတ်မည့်သူ၊ ကောင်းမွန်စွာ တတ်သိ နားလည်သူ မရှိပေ။ သို့သော် ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ရှိသည်။ ထို့ကြောင့် ကျေးရွာဖြစ် သည့်အတွက် ဌာနရှိရန် မလိုသော်လည်း ကျေးလက် အုပ်ချုပ်ရေးမှူးများတွင် မြို့ပြစီမံမှုကဲ့သို့သော ကျေးရွာများအား စနစ်တကျ စီမံတတ်သည့် အရည်အသွေး သို့မဟုတ် အမြင်ရှိရန် လိုလာသည်။
သို့မှသာ မိမိအုပ်ချုပ်သည့် ကျေးရွာ တွင် ဖြစ်နေသည့် ပြဿနာများ မြင်တတ် မည်ဖြစ်သည်။
မြင်မှလည်း ဖြေရှင်းရန် စိတ်ကူး ရမည်ဖြစ်သည်။  စိတ်ကူးရမှသာ မြို့နယ်နှင့် ချိတ်ဆက်၊ သက်ဆိုင်ရာ ဌာနများနှင့် လုပ်နိုင်သည့် ၊ အကြံပေး နိုင်သည့် ဌာနများနှင့် ချိတ်ဆက်ပြီး လုပ်ကိုင်နိုင်မည်ဖြစ်သည်။
ရပ်ကျေး အုပ်ချုပ်ရေးမှူးများ၏ အမြင်ပွင့်မှုသည် မြို့နယ်အား ကျေးရွာ၏ အခြေအနေတင်ပြမှုတွင် များစွာ သက် ရောက်မှု ရှိမည်ဖြစ်သည်။
နောက်ထပ် ဥပမာတစ်ခုအနေဖြင့် ပြောရလျှင် လျှပ်စစ်မီးများစတင် သုံးစွဲ သူများလာပြီး လူနေ အိမ်ခြေများ တဖြည်းဖြည်း စိပ်လာသည်သည့်အတွက် ကျေးလက် မီးသတ်များနှင့် အုပ်ချုပ် ရေးမှူးများအား မီးဘေးနှင့် လျှပ်စစ်မီး ဆက်နွယ်မှုများနှင့် ပတ်သက်ပြီး အသိ အမြင်များ၊ လေ့ကျင့်မှုများ ယခင်ထက် ပိုလိုအပ်လာမည်ဖြစ်သည်။
လမ်းပန်းဆက်သွယ်ရေး ကောင်း လာသည့်အတွက် ယာဉ်တိုက်မှုများ အပြင် အခြားအမှုအခင်းများလည်း ယခင်ထက် များလာမည်။
ဤတွင် ရပ်ကျေး အုပ်ချုပ်ရေးမှူး များ၏ မိမိ၏ လုပ်ဆောင်နိုင်ခွင့်နှင့် ဥပဒေ စည်းဘောင်များကို နားလည် မှုသည် စကားပြောလာသည်။
မကျေအေးသင့်သည့် ကိစ္စများကို ပေါ့ပေါ့တန်တန် သဘောထားပြီး ညှိနှိုင်း ကျေအေးပေးလိုက်သည်မျိုးအပါအဝင် အခြား ကိစ္စများအမြောက်အမြား ဖြစ် လာမည်ဖြစ်သည်။
နိုင်ငံတစ်နိုင်ငံ၏ အသေးဆုံး အစိတ်အပိုင်းဟု ပြောနိုင်သည့် ရပ်ကွက်၊ ကျေးရွာများကို စီမံရသူများ၏ အရေးကို အလေးအနက်ထား စဉ်းစားသင့် နေပြီဖြစ်သည်။ ညွှန်ကြားချက်များကို အကောင်အထည်လိုက်ဖော်သည့် အဆင့် ထက်ပိုသည့် အခြေအနေမျိုး ရောက် အောင် ဝိုင်းဝန်းကြိုးစားကြရန် လိုပေ သည်။
သက်ဆိုင်ရာ အစိုးရအပါအဝင် လုပ်နိုင်သည့် လူထုအခြေပြု အဖွဲ့အစည်း များအနေဖြင့်လည်း မည်သို့ပူးပေါင်း လုပ်ဆောင်မည်ကို စဉ်းစားသင့်ပေသည်။
နိုင်ငံ၏ လူဦးရေ အများစုသည် ကျေးလက်တွင် ရှိနေပြီး ကျေးလက် များသည် စုတ်ပြတ်သတ်မနေသင့်ပေ။ ကျေးရွာ အုပ်ချုပ်ရေးမှူးများသည် စွမ်း ဆောင်ရည် နိမ့်ပါးသည့် အခြေအနေမျိုး မဖြစ်သင့်။
ကျေးလက် အုပ်ချုပ်ရေးမှူးများ သည်လည်း မြို့နယ်အုပ်ချုပ်ရေးမှူး နည်းတူ၊ ခရိုင်၊ တိုင်းအုပ်ချုပ်ရေးမှူး နည်းတူ လုပ်ခွင့်ကိုင်ခွင့် ရှိသလို စွမ်း ဆောင်ရည် ရှိဖို့လည်း လိုပေသည်။
” အခုရှုပ်မှ နောင်ရှင်း”  ” အမှိုက်ကစ ပြဿဒ်မီးလောင်” ဟူသည့် စကားများကို မမေ့သင့်ပေ။
ခေတ်သည် ပိုရှုပ်ထွေးလာပြီး ရေ ကြော မြေကြောများ ကျုံ့လာပြီဖြစ်သည်။ ထို့ကြောင့် ရပ်ကွက်မို့၊ ကျေးရွာမို့ဟူသည့် စဉ်းစားချက် အခံမျိုးဖြင့် မစဉ်းစားသင့် တော့ပေ။
ရပ်^ကျေးက ကောင်းမွန်စွာ စီမံ ပါက နိုင်ငံအတွက် ဝန်ပေါ့မည် ဖြစ်သည်။
ရပ်^ကျေးမှာဖြစ်သည့် ပြဿနာ သေးသေးတစ်ခုကို ကောင်းမွန်စွာ မကိုင်တွယ်လိုက်နိုင်သည့်အတွက် တစ်နိုင်ငံလုံး မီးဟုန်းဟုန်းတောက်သည့် အခြေအနေမျိုးလည်း ဖြစ်လာနိုင်ပေ သည်။
ရပ်^ကျေးမို့ဟု ပေါ့ပေါ့တန်တန် မစဉ်းစားသင့်တော့ပေ။