တနင်္သာရီတိုင်းတွင် ရှစ်တန်း အောင်ချက် ရာနှုန်းကျ

0
375

တနင်္သာရီတိုင်းဒေသကြီးတွင် တိုင်းစစ်စာမေးပွဲဖြစ်သည့် ရှစ်တန်း အောင်ချက် ယခင်နှစ်ထက်ကျဆင်း ခဲ့ကြောင်း တိုင်းပညာရေးညွှန်ကြားရေး မှူးရုံးထံမှ သိရသည်။


ရှစ်တန်းအောင်ချက်ရာနှုန်းမှာ ယခင်နှစ်က ၉၃.၂၂ ရာခိုင်နှုန်းရှိခဲ့ပြီး ယခုနှစ်တွင် ၇၉.၉၉ ရာခိုင်နှုန်း သာရှိခဲ့ကြောင်း အထက်ပါရုံး၏ စာရင်း များအရသိရသည်။
ခရိုင်စစ်ဖြစ်သည့် လေးတန်း အောင်ချက်မှာမူ ယခင်နှစ်က ၉၀.၆၆ ရာခိုင်နှုန်းရှိခဲ့ပြီး ယခုနှစ်တွင် ၉၁.၅၉ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
တနင်္သာရီတိုင်းတွင် လေးတန်း အောင် ချက်အကောင်းဆုံးမြို့နယ်မှာ လောင်းလုံးမြို့နယ် ဖြစ်ပြီး၊ ရှစ်တန်း အောင်ချက် အကောင်းဆုံးမြို့နယ်မှာ ထားဝယ်မြို့နယ်ဖြစ်ကြောင်း ညွန်ကြား ရေးမှူးရုံးထံမှ သိရသည်။