ထားဝယ်တွင် ကုမ္ပဏီများ မှတ်ပုံတင်နိုင်

0
428

ထားဝယ်မြို့တွင် မတ်လ ၃၀ ရက်က ဖွင့်လှစ်လိုက်သည့် ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန တနင်္သာရီတိုင်းဦးစီးမှူးရုံးတွင် ကုမ္ပဏီများ မှတ်ပုံတင်နိုင်ပြီဖြစ်ကြောင်း ယင်းရုံးထံမှ သိရသည်။


ယခင်က ကုမ္ပဏီအဖွဲ့အစည်းမှတ်ပုံ တင်ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းများကို ရန်ကုန်ရုံးချုပ်နှင့် နေပြည်တော် ရုံးတို့တွင်သာ သွားရောက် လုပ်ဆောင်ရသည်။ ရုံးစဖွင့်သည့်နေ့တွင် ဆောက်လုပ်ရေး ကုမ္ပဏီနှစ်ခု၊ ခရီးသွား လုပ်ငန်းနှစ်ခုနှင့် သွင်းကုန်ထုတ်ကုန် လုပ်ငန်းတစ်ခုကို မှတ်ပုံတင်ပေးခဲ့ ကြောင်း   တနင်္သာရီတိုင်းဒေသကြီးတိုင်း ဦးစီးမှူးရုံး (DICA )မှ ညွှန်ကြားရေးမှူး က ဆိုသည်။
” ရန်ကုန်တွေဘာတွေ သွားစရာ မလိုတဲ့အတွက် အချိန်ကုန် ၊ငွေကုန် သက်သာသွားတာပေါ့”  ဟု ၎င်းက ပြောသည်။
တနင်္သာရီတိုင်းဒေသကြီး DICA ရုံးတွင် ကုမ္ပဏီများအဖွဲ့အစည်းမှတ်ပုံ တင်ခြင်း၊ သက်တမ်းတိုးခြင်း၊ ဒါရိုက် တာပြောင်းခြင်း၊ အစုရှယ်ယာလွှဲပြောင်း ခြင်း၊ လုပ်ငန်း ရည်ရွယ်ချက်ပြောင်းခြင်း၊ ရုံးခန်းလိပ်စာပြောင်းခြင်းနှင့် အမည် ပြောင်းခြင်းတို့ကို လုပ်ဆောင်နိုင် ကြောင်း သိရသည်။
တနင်္သာရီတိုင်းအပါအဝင် မန္တလေး တိုင်း၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်းနှင့် စစ်ကိုင်းတိုင်း တို့တွင် Dငမနခအသမအေန သ် Iညလနျအာနညအ ညေိ ဃသာစညေပ ဗိာငညငျအမအေငသည (DICA ) ရုံးခွဲများဖွင့်လှစ်ထားပြီးဖြစ်သည်။