တနင်္သာရီတိုင်းဝန်ကြီးချုပ် အမေရိကန်တွင် အုပ်ချုပ်ရေးလုပ်ငန်း သွားရောက်လေ့လာ

0
466

သင်္ကြန်ကာလအတွင်း အမေရိကန် ပြည်ထောင်စုသို့သွားရောက်ကာ အုပ် ချုပ်ရေးလုပ်ငန်းများကို လေ့လာခဲ့ ကြောင်း တနင်္သာရီတိုင်းဒေသကြီးဝန် ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြော ကြားသည်။


အမေရိကန်ပြည်ထောင်စု၏ မေရီလန်း ပြည်နယ်၏ အုပ်ချုပ်ရေး လုပ်ငန်းစဉ်များ၊ လွှတ်တော်လုပ်ငန်းစဉ် များနှင့် အိမ်ဖြူတော်တို့ထံသွားရောက် လေ့လာခဲ့ပြီး ယင်းခရီးစဉ်အတွင်း တနင်္သာရီတိုင်းဒေသကြီး၏ ပညာရေး နှင့် ကျန်းမာရေးလိုအပ်ချက်များကို လည်း ဆွေးနွေးခဲ့သည်ဟု ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောသည်။
“မေရီလန်းက ပြည်နယ်အုပ်ချုပ် ရေးကို လေ့လာခိုင်းတယ်။ Regional လွှတ်တော်အစည်းအဝေး တက်ရတယ်။ သူတို့ ဘယ်လို လုပ်နေလဲ။ ဘယ်လို အတိုင်းအတာနဲ့ ဆရာမ (ဝန်ကြီးချုပ်) နေရာ နဲ့ဆိုရင်  Governor ဆိုတော့ Governor ကို ဘယ်လို တင်ပြတယ်။ ဥပဒေတွေကို ဘယ်လို ဖော်ကျူး (ဖော် ဆောင်) တယ်ဆိုတာတွေကို တစ်နေ့ကုန် လေ့လာရတယ်”  ဟု ဒေါက်တာလဲ့လဲ့မော် က ဆိုသည်။
အမေရိကန် ပြည်ထောင်စုတွင် လည်း ပြည်ထောင်စု အစိုးရအဖွဲ့နှင့် ပြည်နယ်အစိုးအရအဖွဲ့များ တည်ရှိပြီး ပြည်နယ် အစိုးရအဖွဲ့ အကြီးအကဲကို Gသလနမညသမ  (ပြည်နယ် အုပ်ချုပ်ရေးမှူး) ဟု ခေါ်ဆိုသည်။
တနင်္သာရီတိုင်းဝန်ကြီးချုပ်နှင့်အတူ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ သယံ ဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး                 ဦးအုန်းဝင်း၊  ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တို့သွားရောက်ခဲ့ကြခြင်းဖြစ်ပြီး ၇ ရက် ကြာ လေ့လာခဲ့သည်။
ခရီးစဉ်အတွင်း မေရီလန်း ပြည် နယ်၊ ဗာဂျီးနီးယား ပြည်နယ်နှင့် ဝါရှင် တန်ဒီစီတို့ကို သွားရောက်ခဲ့သည်။
အမေရိကန်ပြည်ထောင်စုတွင် လေ့ လာခဲ့သည့်ကိစ္စနှင့်ဆွေးနွေးခဲ့သည့် ကိစ္စ များကို ဒေါ်အောင်ဆန်းစုကြည်ထံသို့ အစီရင်ခံစာတင်ပြရမည်ဖြစ်ကြောင်း သိရသည်။