ကြက်ငှက်တုပ်ကွေးရောဂါ ပါလာနိုင်သဖြင့် ထိုင်းအေးခဲကြက်သား မစားသင့်ဟု မွေးကုဌာနပြော

0
396

ငံမှ တရားမဝင် ဝင်ရောက်နေသည့် အေးခဲကြက်သားများတွင်  ကြက်ငှက် တုပ်ကွေးရောဂါပိုး ပါလာနိုင်သည့် အတွက် စားသုံးရန်မသင့်ကြောင်း ထား ဝယ်ခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာတင်ဌေး က ပြောကြားသည်။


ဧပြီလဆန်းပိုင်းက မြန်မာနိုင်ငံ အထက်ပိုင်း မုံရွာမြို့တွင် ကြက်ငှက် တုပ်ကွေး မျိုးကွဲတစ်ခုဖြစ်သော H9N2  ရောဂါဖြစ်ပွားနေပြီး ထိုင်းနိုင်ငံမှ တရား မဝင်တင်သွင်းလာသည့် အေးခဲကြက် သားများမှာအစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုအဖွဲ့(FDA) စစ်ဆေး ချက် မရှိသဖြင့် ယင်းကြက်သားများ ထုတ်လုပ်ပြီး အချိန်ကြာမြင့်မှုနှင့် မည် သည့် တာရှည်ခံပစ္စည်းများဖြင့် ပြုလုပ် ထားသည်ကို မသိရသည့်အတွက် ဈေး ပေါတိုင်း စားသုံးရန်မသင့်ကြောင်း ၎င်း က ပြောသည်။
” ဘယ်ကြက်သားဖြစ်ဖြစ် တရား မဝင် ဝင်ရောက်လာရင်တော့ ကျန်းမာ ရေးအာမခံချက်မရှိဘူး”  ဟု ခရိုင်ဦးစီးမှူး ဒေါက်တာတင်ဌေးက ပြောသည်။ထိုင်းနိုင်ငံမှ ဝင်ရောက်လာသည့် အေးခဲကြက်သားများမှာ ကြော်ချက် သည့်အချိန်တွင် အသားကြေမွသွားပြီး ကျန်းမာရေး အာမခံချက်မရှိသည့် အတွက် ထားဝယ်ဒေသထွက် ကြက်ကို သာ အသုံးပြုနေကြောင်း ထားဝယ်မြို့ရှိ ” စားစေချင်လွန်း” လို့ စားသောက်ဆိုင်မှ ကိုဇေယျာက ဆိုသည်။
ထိုင်းကြက်မှာ ဈေးပေါပြီး အသား ချည်းသက်သက်ဖြစ်သဖြင့် တွက်ခြေ ကိုက်သော်လည်း ကျန်းမာရေးအတွက် အန္တရာယ်များကာ အမျှင်ဓာတ်မရှိဘဲ အရသာမရှိသည့်အတွက် ထားဝယ်ဒေသ ထွက် ကြက်သားကိုသာ အသုံးပြုနေ သည်ဟု ထားဝယ်မြို့မှ ” ဦးတင်ထွန်း”  လက်ဖက်ရည်ဆိုင်ပိုင်ရှင်က ဆိုသည်။
” ထိုင်းကြက်က လက်ဖက်ရည်ဆိုင် နဲ့ စားသောက်ဆိုင်တွေမှာ သိပ်မသုံး ကြဘူး။ အကင်ဆိုင်တွေနဲ့ ကွေး တရုတ်ဆိုင် အချို့သာ သုံးနေကြတာ” ဟု ဦးတင်ထွန်း လက်ဖက်ရည်ဆိုင်မှ ကိုရဲအောင်က ပြောသည်။
ကြက်ငှက်တုပ်ကွေးရောဂါပိုးမှာ မျိုးကွဲပေါင်း ၁၅ မျိုးခန့်ရှိကာ ယခု မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ကြက် ငှက်တုပ်ကွေးရောဂါပိုး H9N2 မှာ အပျော့စားဖြစ်ပြီး လူသို့ ကူးစက်နိုင်ခြေ မရှိသေးသော်လည်း သတိထားရမည် ဖြစ်ကြောင်း ခရိုင်ဦးစီးမှူးက ဆိုသည်။
ထိုင်းနိုင်ငံမှ တရားမဝင် ဝင်ရောက် လာသည့် အေးခဲကြက်သား တစ်ကီလို လျှင် ၂၆၀၀ ကျပ် (တစ်ပိဿာလျှင် ၄၃၀၀ ကျပ်) ရှိကာ ထားဝယ်ဒေသထွက် ကြက်တစ်ပိဿာလျှင် ၄၄၀၀ ကျပ် (ကလီစာပါ) နှင့် (ကလီစာမပါ) ၅၆၀၀ ကျပ် ပေါက်ဈေးရှိကြောင်း ဈေးကွက် အတွင်းမှ သိရသည်။
အေးခဲကြက်သား ရောင်းဝယ် နေမှုများအား စားသုံးသူကာကွယ်ရေး အဖွဲ့ထံဓာတ်ပုံနှင့်တကွတင်ပြတိုင် ကြားပါက ဥပဒေအရ အရေးယူသွားမည် ဖြစ်ကြောင်း ထားဝယ်ခရိုင် မွေးမြူ ရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။