လောင်းလုံးဘုတ်ကျွန်းခရီးစဉ် လည်ပတ်ခွင့်ပိတ်

0
448

ပြီးခဲ့သည့်နှစ် ကုန်ပိုင်းမှ စတင်၍ ရေပန်းစားလာသည့် တနင်္သာရီတိုင်း၊ ထားဝယ်ဒေသရှိ လောင်းလုံးဘုတ်ကျွန်း သို့ ဧပြီလ ၄ရက်မှ စပြီး  လည်ပတ်ခွင့် ပိတ်ထားကြောင်း ထားဝယ်ခရိုင် ဟိုတယ် နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။


လောင်းလုံးဘုတ်ကျွန်းသည် လုံခြုံရေးအရ တားမြစ်နယ်မြေဖြစ်၍ ခရီးလှည့်လည်ရေး ကုမ္ပဏီများမှ ခရီး သွားလုပ်ငန်းများ လုပ်ဆောင်ခြင်း မပြု ရန်နှင့် ကမ်းလွန်သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ သဘာဝဓာတ်ငွေ့ပိုက်လိုင်း များ ဖြတ်သန်းဝင်ရောက်သည့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် ဧရိယာနှင့် ၂၅ မိုင်သာ ကွာဝေးသည့်အတွက်  ယင်းသို့ သွားလာခွင့် ကန့်သတ်လိုက် ကြောင်း ထားဝယ်ခရိုင် ဟိုတယ်/ ခရီးမှ ထုတ်ပြန်ထားသည့် ဧပြီလ ၄ရက်နေ့ ရက်စွဲပါစာအရ သိရသည်။

Around-to-Island
” ဘုတ်ကျွန်းကို နဂိုကတည်းက သွားခွင့်မပြုခဲ့ဘူး။ လတ်တလောလည်း တားမြစ်ထားတယ်”  ဟု ထားဝယ်ခရိုင် ဟိုတယ်^ခရီးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ဟိုတယ်/ခရီးသို့ လောင်းလုံး ဘုတ်ကျွန်းသို့ သွားလာခွင့်အား ဧပြီးလ ၄ ရက်ကတည်းက တားမြစ်ထား သည် ဟု ပြောသော်လည်း သင်္ကြန်ကာလ အတွင်းတစ်ရက်လျှင် လူတစ်ထောင်ခန့် သွားရောက် လည်ပတ်ခဲ့ကြာင်း ဘုတ် ကျွန်းသို့ ပို့ဆောင်ပေးနေသည့် ခရီးသွား အဖွဲ့များထံမှ သိရသည်။
အဆိုပါ ဘုတ်ကျွန်းသို့ သွား ရောက်ခွင့် တားမြစ်သည့် အကြောင်း ကြားစာမှာ လက်ရှိ အချိန် ဧပြီ ၂၁ ရက်အထိ ပေးပို့လာခြင်း မရှိသေး ကြောင်း လောင်းလုံးဘုတ်ကျွန်းသို့ ခရီး သည်ပို့ဆောင်နေသည့် ခရီးသွား အဖွဲ့ တစ်ခုမှ တာဝန်ခံက ပြောသည်။
” ခရီးသွားလုပ်ငန်း ဦးမော့ပြီး ဒေသအကျိုးစီးပွား အခုမှ အဆင်ပြေ လာချိန်မှာ အခုလို လုပ်လိုက်တာက ပြည်သူကို အကျိုးပြုစေတာလား၊ အကျိုး ယုတ်စေတာလားလို့ မေးချင်တယ်”  ဟု ၎င်းက ပြောသည်။
ယင်းသို့ တားမြစ်ပါက ခရီးသည် များကို ကျွန်းပေါ်မတက်စေဘဲ ကျွန်း အနီးတစ်ဝိုက် ရေငုပ်ကာ ရေအောက်ရှု ခင်းကြည့်နိုင်ရန် ဆက်လက် ပို့ဆောင် သွားမည်ဖြစ်ပြီး သွားရောက်လည် ပတ်ခွင့် ပိတ်ပင်လိုက်ခြင်းမှာ အဖြေမှန် တစ်ခုမဟုတ်ပဲ ကျွန်းအားမပျက်ယွင်း စေဘဲ ရေရှည်သွားနိုင်မည့် အစီအမံ တစ်ခုဆွဲကာ လုပ်ဆောင်သင့်သည် အထက်ပါ ခရီးသွားလုပ်ငန်းတာဝန်ခံက ပြောသည်။
ထားဝယ်ခရိုင် ဟိုတယ်နှင့် ခရီး သွားညွှန်ကြားမှု ဦးစီးဌာန မှတာဝန်ရှိ သူကမူ တားမြစ်ချက်အား ဖောက်ဖျက် ပါက ၁၉၉၃ခုနှစ် မြန်မာနိုင်ငံဟိုတယ်နှင့် ခရီးသွားလာရေးဥပဒေအရ အရေးယူ သွားမည်ဖြစ်သည်ဟု ဆိုသည်။
ယင်းလောင်းလုံးဘုတ်ကျွန်းသည် ၁၉၉၉ ခုနစ် စက်တင်ဘာလတွင် ပြည် ထဲရေးဝန်ကြီးဌာနမှ မောရ၀တီရေတပ် စခန်း ဌာနချုပ်၏ တပ်ပိုင်မြေအဖြစ်လွှဲ ပြောင်းပေးခဲ့သည့် ကျွန်းဖြစ်ကြောင်း ထားဝယ်ခရိုင် ဟိုတယ်^ခရီးမှ သိရ သည်။