အစိုးရသစ် အတွက် အစွမ်းပြခွင့်ရက် ၁၀၀

0
448

ဧပြီ ၁ ရက်နေ့ကို ” အရူးထသည့်နေ့ ” (April Fool Day ) အဖြစ် ကမ္ဘာတစ်ဝှမ်း လုံးက သမုတ်ထားကြ၏။ လူကြီး လူကောင်းအချင်းချင်းပင် တစ်ယောက်နှင့် တစ်ယောက် ဗွေမယူကြေးစကြနောက် ကြ၏။


မြန်မာနိုင်ငံအတွက်ကား ၂၀၁၆ ခုနစ်၏ ဧပြီ ၁ ရက်နေ့သည် အရူးထ သည့်နေ့ မဟုတ်။ လူထုမျှော်လင့်ချက် ပေါင်း များစွာကို စားသုံးလည်ပတ်သည့် (ဒီမိုကရေစီ)အစိုးရယန္တရားသစ်ကြီး စတင်နိုးထသော နေ့ထူးကြီးဖြစ်ပေ သည်။ သမိုင်းဝင်နေ့ တစ်နေ့ ဖြစ်သည်။
ထိုနေ့တွင် တချို့(အတော်များများ)က ပျော်ကြသည်။ ကခုန်တီးမှုတ် သောက်စားအော်ဟစ်၊ ဒီမိုကရေစီ နိုင်ငံ တော်သစ်ကြီးအကြောင်း ကျူးရင့်ကြ သည်။ အပြစ် မဆိုသာ။

100days_for_new_gov
ပြည်သူ့အစိုးထံမှ အာဏာကို စစ် တပ်က လုယူသိမ်းပိုက်လိုက်ပြီးနောက် နှစ်ပေါင်း ၅၄ နှစ်ကြာပြီးမှ ပြည်သူတို့ ရွေးချယ်ထားသော (ဒီမိုကရေစီ) အစိုးရ ထံ အာဏာပြန်လည် ရောက်ရှိ စတင် ကျင့်သုံးခွင့်ရသည့်နေ့ မဟုတ်တုံလော။ တစ်ချိန်က မျက်မုန်းကျိုးဖွယ် လူတစ်စုက သေနတ်ခါးထိုး အုပ်ချုပ်နေရာမှ ကိုယ် (သွယ်ဝိုက်) ရွေးချယ်လိုက်သည့် အရပ် သားစစ်စစ်သမ္မတ၊ အရပ်သားအစိုးရ အဖွဲ့၏ အုပ်ချုပ်မှုကို ကြည်ဖြူစွာ ခံယူ ခွင့် ရကြတော့မည် မဟုတ်ပေလော..။
ပြည်သူ့အောင်ပွဲတစ်ရပ်အတွက် ဤမျှတော့ ပျော်ထိုက်ပါပေသည်။
သို့သော်…။
စစ်မှန်သော ဒီမိုကရေစီ အစိုးရ တစ်ရပ် အမှန်တကယ် ပေါ်ပေါက်ခဲ့ပြီ လော။
လူထု၏ ဆန္ဒမဲပြားများဖြစ်သာ ဝင် ရောက်ခွင့်ရှိသင့်သည့် လွှတ်တော်အရပ် ရပ်တွင် လူတစ်ဦးတည်းမှ ခန့်အပ်စေ လွှတ်လိုက်သူ ၂၅ ရာနှုန်းစီ ကြိုရောက် နှင့်နေသည်က မြင်သာသည့် ပြယုဂ် တစ်ခု။
ထိုမျှ မကပါ။ အခြေခံဥပဒေ အခန်း (၅)၊ အုပ်ချုပ်ရေးအခန်းပါ နိုင်ငံ၏ အ မြင့်ဆုံးအာဏာပိုင် အဖွဲ့အစည်းဟုဆို အပ်သော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ(ကာလုံ)ကို ၁၁ ဦး ဖြင့်ဖွဲ့စည်းရာထားတွင်လည်း ပြည်သူ့ ဆန္ဒမဲပြားက အရှုံးပြနေပါသည်။
ကာလုံတွင် (၁) နိုင်ငံတော်သမ္မတ၊ (၂) ဒုတိယသမ္မတ၊ (၃) ဒုတိယသမ္မတ၊ (၄) ပြည်သူ့လွှတ်တော်ဥက္ကဌ၊ (၅) အမျိုး သားလွှတ်တော်ဥက္ကဋ္ဌ၊ (၆) တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ (၇) ဒုတိယတပ် မတော်ကာကွယ်ရေးဦးစီးချုပ်၊ (၈) ကာ ကွယ်ရေး ဝန်ကြီးဌာနဝန်ကြီး၊ (၉) နိုင်   ငံခြားရေးဝန်ကြီးဌာနဝန်ကြီး၊ (၁၀) ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီး၊ (၁၁) နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီး တို့ ပါဝင်ပါသည်။
အခြေခံဥပဒေအရ ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာ နဝန်ကြီးများအတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံ တပ်မတော် သားများ၏ အမည်စာရင်းကို ရယူရ သဖြင့် ယင်းဝန်ကြီး ၃ ဦး အပါအဝင် တပ်တော်မှတင်သွင်းသည့် ဒုတိယ သမ္မတ ၁ ဦး၊ ကာချုပ်နှင့် ဒု-ကာချုပ် ၂ ဦး စုစုပေါင်း တပ်မတော်သား ၆ ဦးတို့ ကာလုံတွင် အမြဲတမ်း ပါဝင်နေပါသည်။
သို့ဖြစ်၍ နိုင်ငံ၏အရေးပါသော အကွေ့အရွေ့များအတွက် ယင်း ၁၁ ဦး ကာလုံအဖွဲ့ မဲခွဲကြတော့မည်ဆိုပါက မည်သို့ ဖြစ်လာမည်နည်း။
ဒီမိုကရေစီ (အမည်ရ) အစိုးရသစ် ၏ အဆင့်ဆင့်သော အဖွဲ့အစည်း အတွင်းတွင်လည်း လူထု၏ ရွေးချယ်မှု မပါသောအဖွဲ့ဝင်များပါနေပါသေးသည် (တိုင်းအစိုးရအဖွဲ့တွင် တပ်မတော်သား နယ်လုံဝန်ကြီးက မပါမဖြစ်) နိုင်ငံ အုပ်ချုပ်ရေးယန္တရား၏ အူတိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများကလည်း တပ်မတော်သားဦးစီးသည့် ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ခံ။
သူတို့ လျှောက်ရမည်က ရည်ရွယ် ချက်တူသူအချင်းချင်း ပုခုံးဖက်လျှောက်ရ မည့် ပန်းခင်းလမ်း မဟုတ်တာတော့ သေချာသည်။
မတ်လ ၃၀ ရက်နေ့တွင် ပြောကြား သော နိုင်ငံတော်သမ္မတ မိန့်ခွန်းကို တစိမ့်စိမ့် ပြန်နားထောင်ကြည့်လျှင် ရှေ့ ခရီး မနီးသေးကြောင်း တွေ့ရပေလိမ့်မည်။
” အမျိုးသား ရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးကို ရှေးရှုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခု ပေါ်ပေါက်ရေးနဲ့ ပြည်သူလူထုအများစုရဲ့လူနေမှုဘ၀အဆင့်အတန်း တိုးတက် မြင့်မားရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု သမ္မတက ဆိုလေသည်။
ယင်းစကားရပ်များသည် အနိုင်ရ ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ရွေးကောက်ပြိုင်ပွဲဝင် ကြွေး ကြော်သံများပင် ဖြစ်ပါသည်။ NLD အတိုက်အခံဘ၀ တစ်လျှောက်လုံး ကိုင်စွဲ ခဲ့သည့် တိုက်ပွဲဝင်လက်နက်လည်း ဖြစ် ချေသည်။
ကျမ်းကျိန်သည့်နေ့တွင် ပြည်သူကို ပြောကြားသော သမ္မတမိန့်ခွန်း၏ အနှစ် က “နိုင်ငံတော်နဲ့သင့်တော်မယ့် ဒီမို ကရေစီစံချိန်စံညွှန်းများနဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ဖြစ်ပေါ် လာရေး ” ။ ယင်းသည် ပြည်သူလူထုကို ပေးချင်သော သတင်းစကား။
တပ်မတော်ဖက်ကလည်း အခြေခံ ဥပဒေသည် သူတို့အတွက် ” အထိမခံ ရွှေပန်းကန်” ။
မည်သို့ပင်ဆိုစေ အရပ်သားသမ္မတ ဦးဆောင်သည့် ဒီမိုကရေစီ (အမည်ရ) အစိုးရသစ်ယန္တရားသည် ” ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်ရေးကို ရှေးရှုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခု ပေါ်ပေါက် လာရေး”  ဆီ ရှေးရှုကာ ပြောစကားအတိုင်း ကြိုးစားလည်ပတ်မည်ဆိုက တနင်္သာရီ တိုင်းသားတို့ တခဲနက် ထောက်ခံရကျိုး နပ်ပါပြီ။
ဖြစ်ပေါ်လာမည့် ဖက်ဒရယ်ဖွဲ့စည်း ပုံအသစ်တွင် တိုင်းရင်းသားတို့၏ ကိုယ့် ကြမ္မာ ကိုယ်ဖန်တီးခွင့်၊ ကိုယ့်သယံဇာတ ကိုယ်စီမံပိုင်ခွင့်များ ပါဝင်လာလိမ့်မည်ဟု အကြီးကြီး မျှော်လင့်မိပါသည်။ ယင်း အတွက် တတ်နိုင်သည့်ဘက်မှ ဝန်းရံ သွားကြရပါမည်။
တနင်္သာရီတိုင်းလွတ်တော်၏ ဥက္ကဋ္ဌအသစ် ဦးခင်မောင်အေးကလည်း ဥက္ကဋ္ဌ အဖြစ် စတင်တာဝန်ယူသည့် ဖေ ဖော်ဝါရီ ၈ ရက်နေ့တွင် တိုင်းသူတိုင်းသား များကို ကတိတစ်ခု ပြုလိုက်သည်။

 

” နေပျော်သောတိုင်း ဖြစ်လာရမည်”
ယင်းကတိနှင့် ပတ်သက်၍ မည်သို့ မည်ပုံ အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ကို သူတက်ရောက်သည့် အခမ်း အနားများတွင် အလျှင်းသင့်သလို ရှင်း လင်းသည်။
မတ်လ၂၈ရက်နေ့မှစ တနင်္သာရီ တိုင်း၏ ပထမဆုံးသော အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်လာသည့် ဒေါက်တာ လဲ့လဲ့မော်ကလည်း ယင်းနေ့တွင်ပင် တိုင်းတွင်းသားတွေကို မီဒီယာမှတစ်ဆင့် ကတိပြုလိုက်ပြန်သည်။
” ရက် ၁၀၀ အတွင်း မြေယာ ပြဿနာများကို အဓိကထား ဖြေရှင်းပေး သွားချင်တယ်”  ဆိုပါ၏။ မည်သို့ မည် ပုံအကောင်အထည်ဖော်သွားမည်ကိုမူ ထုတ်မပြောသေး။
ယင်းတို့သည် တနင်္သာရီတိုင်းကို ၅ နှစ်တာ တာဝန်ယူအုပ်ချုပ်ကြမည့် ခေါင်းဆောင်များမှ တိုင်းတွင်းသားတို့ အား ပေးအပ်လိုက်သော ကတိစကားများ ဖြစ်သည်။ တိုင်းသူတိုင်းသားများနှင့် တိုင်းခေါင်းဆောင်များကြား ချုပ်ဆိုလိုက် သော စာချုပ်လည်းဖြစ်သည်။
ကျေနပ်အားရမိပါသည်။ ယင်း ကိစ္စများသည် ဖက်ဒရယ်ပြည်ထောင်စု ပန်းတိုင်သွားရာ လမ်းတစ်လျှောက် စိုက်သွားရမည့် ပန်းပင်များ ဖြစ်ပေသည်။ ယင်းကတိကဝတ်များကို ကျွဲကူးရေပါ လုပ်ဆောင်သွားနိုင်လိမ့်မည်ဟု ယုံကြည် မျှော်လင့်ပါသည်။
သူတို့ မည်သို့ လျှောက်လှမ်း စိုက် ပျိုးပြမည်နည်း။ စောင့်ကြည့် ဖေးကူ ရပါမည်။
နိုင်ငံတစ်ချို့တွင် အစိုးရသစ် တစ်ရပ်အား ယေဘုယျအားဖြင့် ရက် ၁၀၀ ဘေးမဲ့ ပေးလေ့ရှိပါသည်။ အတိုက် အခံအင်အားစုများ၊ မီဒီယာများနှင့် ပြည်သူလူထု တစ်ရပ်လုံးက ထို ရက် ၁၀၀ အတွင်း စောင့်ကြည့်လေ့လာဖေးမ ရုံမှတပါး အပြစ်ပြောထိုးနှက် ဝေဖန် တိုက်ခိုက်လေ့ မရှိ။
ရက် ၁၀၀ နောက်တွင်မှ ယင်း ရက် ၁၀၀ အတွင်း ဆောင်ရွက်ချက်များကို စစ်တမ်းထုတ်ကြ၏။ ကောင်းကွက် များကို ချီးကျူးထောပနာပြုသလို ညံ့ ကွက် ဟာကွက်များကိုလည်း သက်သက် ညှာညှာ ဝေဖန်ပိုင်းခြားကြ၏။ ယင်း