” အစ်မ အခုလိုဖြစ်လာတာကတော့ ဦးအောင်စိုးရဲ့ အကူအညီပါလိမ့်မယ်လို့ မထင်ပါဘူး ” – တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နှင့် တွေ့ဆုံခြင်း

0
774

တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလဲ့လဲ့မော်ကို မတ်လ ၂၈ ရက်နေ့ တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်လိုက်ပြီးနောက် လွှတ်တော်အပြီး ဒေါက်တာလဲ့လဲ့မော် ကို သတင်းမီဒီယာများက မေးမြန်းမှုများကို ဖော်ပြလိုက်ပါသည်။

မေး။  ။ အခု ဝန်ကြီးချုပ်ဖြစ် သွားပြီဆိုတော့ အခုကနေ ရက်တစ်ရာ အတွင်း ဘာတွေလုပ်ဖို့ စဉ်းစားထား ပါသလဲ။
ဖြေ။ ။အခုလောလောဆယ် အစီအစဉ်က ရက်တစ်ရာအစီအစဉ်က အစ်မတို့ကို ဘာမှမညွှန်ကြားထား သေး ဘူး။ ဒါပေမယ့် အစ်မ စိတ်ကူးထားတာ တော့ရှိတယ်။ ဒါပေမယ့် အစ်မက လည်း ကြိုတင်ပြီးတော့ ကိုယ်ဟာ ဝန်ကြီးချုပ် ဖြစ်မယ်လို့ မသိရဘူး။ အမှန်အတိုင်းပဲ ပြောတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစ်မ က ကိုယ့်ကိုကိုယ်လည်း သိပ်အထင်မကြီး တာလည်းပါမှာပေါ့နော်။ တနင်္သာရီတိုင်း အလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်ပေမယ့် ကိုယ့်ထက် စီနီယာကျတဲ့သူတွေ၊ ကိုယ့် ထက် အရည်အချင်းရှိတဲ့သူတွေ ရှိတယ် လို့ သတ်မှတ်ပြီးတော့ ကိုယ့်ကိုကိုယ် လည်း မပြင်ဆင်ထားပါဘူး။ အမှန်တိုင်း ပဲ ပြောတယ်။ အခုလိုမျိုး မနေ့ကမှ သ တင်းကြားတဲ့အခါကျတော့ အစ်မ လည်း အရမ်းပဲ အံ့ဩသွားတယ်။

dr_let_let_maw

နိုင်ငံရေးက ကိုယ့်ရဲ့ဝါသနာပါလို့    နှစ်ခြိုက်လို့လုပ်နေတဲ့လုပ်ငန်းဖြစ်လို့      အစ်မက ကြိုတင်ပြီးတော့ စဉ်းစားတာ ပေါ့နော်။ ညက စဉ်းစားချက်ပဲ အခုက တော့လေ။ ကိုယ်လည်းအဲလိုမျိုးရာထူးအကြီးကြီးရမယ်လို့ မမှန်းတော့လေ။ စဉ်းစားထားတဲ့ဟာကျတော့ ဒို့ဒေသမှာ မြေယာတွေလည်း  အများကြီးရှိတာကိုး နော် တနင်္သာရီတိုင်းဟာ            မြေယာတွေအများကြီးပိုင်ဆိုင်တဲ့အတွက်ကြောင့်မို့လို့    အစ်မကတော့     မြေယာနဲ့ပတ်သက်တဲ့      ပြဿနာ၊ မြေယာနဲ့ပတ်သက်တဲ့   မှုခင်း ဒို့မှာလည်း ဒို့အရေး ဒို့အရေးအော်နေတဲ့ မြေယာတွေချည်းပဲ များတယ်ဆိုတော့ အဲလိုမျိုးမြေယာမှုခင်းတွေကို ရက်တစ်ရာ မှာ အရင်ဆုံး ရှင်းပေးချင်တယ်။ အဲဒါမှပဲ ပြည်သူတွေဟာ      သက်သောင့်သက်သာနဲ့ သူတို့မှာနေလို့ထိုင်လို့နည်းနည်း ကောင်း မယ်လို့ စဉ်းစားတယ်။ ဒုတိယအချက် ကတော့ စား၊ ဝတ်၊ နေ၊ ရေး၊ စားဝတ် နေရေးကတော့ Employment ပေါ့ နော်။ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုပြီးတိုးတက်လာအောင် အစ်မတို့ တတ်နိုင်တဲ့ဘက်ကနေပြီးတော့ လုပ် ဆောင်ပေးချင်ပါတယ်။ အဲဒါကတော့ အစ်မတစ်ဦးရဲ့ဆန္ဒပါ။

ကိုယ့်ဒေသမှာ ရှိတဲ့ လူတွေ အလုပ်များများရလေ ကိုယ့် အတွက်၊ ကိုယ့်နိုင်ငံအတွက် လုပ်အား တွေ အရင်းအမြစ်တွေ အများကြီးရလာ မယ်လို့ အစ်မကတော့ အဲလိုမျိုးပဲ စဉ်းစားပါတယ်။ ဒါက အစ်မရဲ့ My Own Decision (ကိုယ်ပိုင်ဆုံးဖြတ်ချက်) နော်။ ဒို့ပါတီဘက်ကတော့ ဘာမှတော့ ရက်တစ်ရာစီမံကိန်းဆိုပြီး ဘာမှ မရှိသေး ပါဘူး။ အစ်မ စဉ်းစားထားတာပါ။ ဒို့မှာ အလုပ်အကိုင် အခွင့်အလမ်းတွေမရှိတဲ့ အတွက် အခွင့်အလမ်းတွေရအောင် လုပ်ပေးချင်နေတယ်။ နောက်ပြီးတော့ မြေယာပြဿနာတွေ၊ နောက်ပြီးတော့ စိုက်ပျိုးတဲ့ သူတွေကို နည်းပညာကောင်း တွေရစေချင်တယ်။ သင်တန်းတွေမျိုး ပေးချင်တယ်။ သူတို့ရဲ ability၊ သူတို့ရဲ့ Capicity တွေများလာအောင် အဲဒါတွေတော့ အစ်မစိတ်ထဲမှာရှိပါတယ်။ ကျန်တာတွေက အစ်မအကြီးအကျယ် မစဉ်းစား မရသေးဘူး။
မေး။  ။ မြေယာပြဿနာအရင် ရှင်းမယ်ဆိုတော့ ဘယ်လိုမျိုးရှင်းဖို့စဉ်း စားထားပါသလဲ။
ဖြေ။   ။ မြေယာပြဿနာရှင်းတာက တော့လေ မြေစာရင်းနဲ့လည်း ပူးပေါင်း ရမယ်။ အစ်မတို့ အခုလက်ရှိပြဋ္ဌာန်းထား တဲ့ဥပဒေတွေအတိုင်းပဲ ရှင်းရမှာပေါ့။ ဥပဒေကို ကတော့သွေဖည်လို့ မရဘူး လေ။ ဥပဒေတွေနဲ့ နားလည်တတ်ကျွမ်းတဲ့ သူတွေရဲ့ အကူအညီကို ရယူပြီး အစ်မ ကလည်း ဆရာဝန်ဆိုတော့ အဲဒီအပိုင်း တွေမကျွမ်းကျင်ပါဘူး။ အစ်မတတ် တာက ဆေးကုတဲ့လုပ်ငန်းပဲလေ။ ဒါပေယ့် အခုလိုမျိုး မဖြစ်မနေလုပ်ရ တော့မယ်ဆိုရင်တော့ အကောင်းဆုံးကို ပေးဆပ်ရတော့မယ်ဆိုတော့ အဲလိုမျိုး ပညာရှင်တွေနဲ့ပဲ ဆွေးနွေးပြီးတော့ နောက် ဥပဒေအပိုင်းနဲ့ပေါ့နော် အဲလိုမျိုး လုပ်မယ်လို့စဉ်းစားထားတယ်။
မေး။  ။ အမျိုးသမီးဝန်ကြီးချုပ်တစ် ယောက်ဖြစ်လာတဲ့အတွက် ဘယ်လို စိန် ခေါ်မှုတွေရှိမလဲ။ ဘယ်လို ဆက်လုပ်ဖို့ စဉ်းစားထားလဲ။
အမျိုးသမီးဆိုတော့ နည်းနည်းတော့ စိတ်ထဲမှာတော့ အားငယ်တယ်ပေါ့နော်။ ဒါပေမယ့်လို့ ဒီမိုကရေစီနိုင်ငံတွေမှာ အမျိုးသမီးခေါင်းဆောင်တွေအများကြီးရှိတယ်ဆိုတော့ အစ်မတို့က သိနေတဲ့ အတွက်ကြောင့်ပေါ့နော်။ ကိုယ်က အမျိုး သားတွေထက်ပိုပြီးတော့ နှစ်ဆကြိုးစား ရမှာပေါ့။ မဟုတ်ဘူးလား။ ကိုယ်ကသူ တို့ကို မီအောင်လိုက်နိုင်ဖို့ နှစ်ဆပိုပြီး ကြိုးစားရမယ်။ ရှေးလာတဲ့အဆက်ဆက် ကလည်း အမျိုးသမီးခေါင်းဆောင်တွေက ရှားရှားပါးပါးဖြစ်တဲ့အတွက်ကြောင့် အစ်မတို့လည်း စံပြလည်းဖြစ်အောင် အစ်မတို့လက်ထက်မှပဲ လက်ခံလာတဲ့ အတွက် အစ်မတို့လက်ထက်မှာကောင်းတဲ့ ဥပမာတွေလည်းဖြစ်အောင် ပိုပြီးကြိုးစား ရမယ်လို့ထင်တယ်။
မေး။  ။ တနင်္သာရီတိုင်းဒေသကြီး ထဲက ပြည်သူတွေကိုရော ဝန်ကြီးချုပ်ဖြစ် လာတဲ့သူတစ်ယောက်အနေနဲ့ ဘာများ ပြောချင်တာရှိပါသလဲ။
ဖြေ။   ။တနင်္သာရီတိုင်းထဲက ပြည်သူတွေကို ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ တနင်္သာရီတိုင်းက ကျွန်မတို့NLD ကို Hundred Percent (ရာနှုန်းပြည့်) ပေါ့နော်။ အခုတိုင်း လွှတ်တော်မှာဆိုလည်း တနင်္သာရီတိုင်းက NLD က Hundred Percent (ရာနှုန်း ပြည့်)  ကိုယ်စားလှယ် ရတဲ့အတွက် ကြောင့်ပြည်သူတွေက ယုံကြည်လို့ ရွေးကောက်တင်မြှောက်ပေးတဲ့အတွက် အစ်မက တနင်္သာရီတိုင်းက ပြည်သူတွေ ကို အင်မတန်မှ ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။
မေး။    ။ မနေ့ကတည်းက ဝန်ကြီး ချုပ်စာရင်းကြိုထွက်နေတာဆိုတော့ တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟာ အမျိုးသမီးဝန်ကြီးချုပ်ဖြစ်လို့ သဘောကျ ကြတဲ့သူတွေရှိတယ်။ အားပေးကြတယ်။ ဒါပေမယ့် တချို့ကတော့ ဆွေမျိုးကိစ္စနဲ့ ပတ်သက်ပြီးတော့ ဝေဖန်နေကြတာရှိ တယ်ဆိုတော့ အဲဒီအပေါ်မှာရော ဘာ ပြောချင်တာများရှိပါသလဲ။
ဖြေ။    ။အစ်မကတော့ ဘာမှ မပြောချင်ပါဘူး။ အစ်မရဲ့ ဟို… ခဲအိုပဲ ဆိုပါစို့ ဦးအောင်စိုးက အစ်မတို့ မျက်စိရှေ့မှာပဲ အစ်မတို့ အိမ်ထောင်သက် တစ်လျှောက်မှာပဲ နိုင်ငံရေးအတွက် အနစ်နာခံလာတယ်။ ဦးအောင်စိုးကို အစ်မက အားကျတယ်။ ဘာပဲဖြစ်ဖြစ်နိုင် ငံရေးနဲ့ပတ်သက်လို့ ပေးဆပ်နိုင်တဲ့သူ တစ်ယောက်အဖြစ် အစ်မက အမြဲတမ်း လေးစားဂုဏ်ယူပါတယ် ကိုယ့်ဆွေမျိုး ထဲမှာ။ ဒါပေမယ့်လို့ အစ်မ အခုလို ဖြစ်လာတာကတော့ ဦးအောင်စိုးရဲ့ အကူအညီပါလိမ့်မယ်လို့ မထင်ပါဘူး။ ဦအောင်စိုးကို အစ်မကလည်း အစောကြီး ထဲက ကြိုပြောထားပါတယ်။ နိုင်ငံရေးမှာ လွတ်လွတ်လပ်လပ်ပဲလှုပ်ရှားရအောင်လို့ အစ်ကိုနဲ့ ကျွန်မနဲ့ ဆိုပြီးတော့ အဲလိုမျိုး။ အစ်မတို့လွတ်လွတ်လပ်လပ်ပဲ လှုပ်ရှားကြပါတယ်။ (ဦးအောင်စိုးမှာ ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ် လူယုံတစ်ဦးဖြစ်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ တနင်္သာရီတိုင်းဒေသကြီး ဥက္ကဋ္ဌလည်း ဖြစ်သည်)
မေး။   ။လက်ရှိ တနင်္သာရီတိုင်းက ပြည်သူတွေကို ဘာများ ကတိကဝတ် ပေးချင်ပါသလဲ။
ဖြေ။    ။ကတိကဝတ်ကတော့ အစ်မကလည်း အခုတော့ အစ်မက ဘာမှ လည်း မသေချာသေးတော့ သေချာမပြော နိုင်သေးပါဘူး။ နောက်ပိုင်း နည်းနည်း အခြေကျတဲ့အခါမှ ပေါ့နော်။ ရက်တစ်ရာ စီမံကိန်းတွေ ထွက်လာမှ။ အစ်မကတော့ အကောင်းဆုံးလုပ်ဆောင်သွားမယ်လို့ပဲ ကတိပေးနိုင်ပါတယ်။ ကိုယ်လုပ်နိုင်သမျှ ကတော့ အကောင်းဆုံးက ပြည်သူ အတွက်ပါ။