” ဦးစားပေး အချက် ၃ ချက်ရှိတယ်”

0
416

တစ်နိုင်ငံလုံးရှိ အစိုးရအဖွဲ့များ အပြောင်းအလဲနှင့် အတူ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူများလည်း စတင် ပြောင်းလဲထမ်းဆောင်လျက်ရှိသည်။ ယင်းတို့ အနက်  အသစ်ရွေးချယ်ခံရသော ကော့သောင်းမြို့၊ သီရိမြိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်မာမာဆွေနှင့် တွေ့ဆုံမေးမြန်းထားပါသည်။

တနင်္သာရီ – အစ်မရေ ကော့သောင်း မြို့နယ်မှာ ပထမဦးဆုံး အမျိုးသမီး အုပ်ချုပ်ရေးမှူး ဖြစ်လာတဲ့ အပေါ် ဘယ်လို ခံစားရလဲရှင့်။
ဒေါ်မာမာဆွေ – အထွေအထူး မခံစားရပါဘူး။ ရပ်ကွက် ပြည်သူတွေ လိုလို့ ရွေးချယ်လိုက်တဲ့အတွက် ရပ် ကွက်အကျိုးပြုလုပ်ငန်းတွေကို တာဝန် ကျေအောင် လုပ်ရမယ့် သူတစ်ဦးလိုပဲ ခံစား ထားပါတယ်။
တနင်္သာရီ – ဘယ်လို ဆန္ဒနဲ့ အုပ်ချုပ်ရေးမှူး ဝင်အရွေးခံဖို့ ဖြစ်သွား တာလဲ။
ဒေါ်မာမာဆွေ – အစ်မ ဆန္ဒအရ တော့ ဝင်အရွေးခံဖို့ မရှိဘူး။ ရပ်ကွက်က တောင်းဆိုလို့ အရွေးခံတဲ့ သဘောပါ။ ကိုယ်တိုင်ကလည်း နေ့ကလေးထိန်း ဆရာမ တစ်ယောက်ဆိုတော့ လူတိုင်းနဲ့ အဆင်ပြေတယ်။ ငွေရေးကြေးရေး ကိစ္စ တွေနဲ့လည်း နာမည်ပျက် မရှိတော့ ရပ်ကွက်မှာနေတဲ့သူတွေက တိုက်တွန်း မှုကြောင့် အရွေးခံခဲ့တာပါ။
တနင်္သာရီ – အစ်မ လက်ထက်မှာ ရပ်ကွက် အကျိုး ဘာတွေ ဦးစားပေး ဆောင်ရွက်မလဲ။
ဒေါ်မာမာဆွေ – ဦးစားပေး အ ချက် ၃ ချက်ရှိတယ်။ ပထမအချက် နွေ ရာသီရေရှာပါး ပြတ်လပ်မူကို အဓိက ထား ဦးစားပေးဆောင်ရွက် သွားမယ်။ ဆရာတော် နဲ့အတူ ရပ်ကွက် ပြည်သူတွေ နဲ့ တိုင်ပင်ပြီး အဝီစိရေတွင်း တူးဖို့ လုပ်သွားမယ်။
ဒုတိယ အချက်အနေနဲ့ ကျွန်မတို့ ရပ်ကွက်မှာ ရပ်ကွက်ဈေးနေရာ မရှိဘူး။ လူသွားလမ်းမှာ ခင်းကျင်းပြီး ရောင်းချ နေရတယ်။  စည်ပင်သာယာရေးက ဈေးကောက်ပုံမှန် လာကောက်ပေမဲ့ ဈေးနေရာကို ဈေးအင်္ဂါရပ်နဲ့ အညီ ဆောင်ရွက် ထားတာမရှိဘူး။ ဒါကြောင့် ဈေးကိုလည်း ဆိုင်ခွင်လေးတွေ နဲ့ နေလုံ မိုးလုံ ရောင်းချနိုင်အောင် တင်ပြတောင်း ခံမှုတွေ လုပ်သွားမယ်။
တတိယအချက်အနေနဲ့ကတော့ လမ်းဘေး ရေနုတ်မြောင်းကို တူးဖို့ လုပ်သွားမယ်။ မိုးရာသီဆို ရေနုတ် မြောင်းမရှိလို့ နေအိမ်တွေရှေ့ ရေဝပ် တာ၊ ရေကြီးတာ၊ ပင်လယ်ကမ်းပါး ပြိုတာတွေ ဖြစ်တယ်။  ဒါတွေကိုလည်း ကျွန်မ လက်ထက်မှာ ပြုပြင်မှုတွေ လုပ် ဆောင်သွားမယ်။
သာရေး၊ နာရေး ဘာသာရေး အကုန်လုံးကို အကောင်းဆုံး ဆောင်ရွက် သွားမယ်။
တနင်္သာရီ – အစ်မ အနေနဲ့ (အုပ် ချုပ်ရေးမှူးအများစုက အမျိုးသားတွေဆို တော့) အမျိုးသားတွေနဲ့ အတူ ရင် ဘောင်တန်းပြီးလုပ်ရမှာဆိုတော့  ဘယ် လိုပြင်ဆင်ထားလဲ။
ဒေါ်မာမာဆွေ – အကောင်းဆုံး ဆောင်ရွက်သွားမယ်လို့ ပြင်ဆင်ထားပြီး သားပါ။ ဘယ်လိုအခက်အခဲတွေ ကြုံ တွေ့ရမယ် ဆိုတာတော့ မသိရသေး ဘူးပေါ့။ ပြည်သူက ယုံကြည်လို့ တာဝန် ပေးအပ်ထားတဲ့အပေါ် အကောင်းဆုံး ဆောင်ရွက်သွားမယ်။
တနင်္သာရီ – အခုလို ဖြေကြားပေး တဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်မ။

အမည် – ဒေါ်မာမာဆွေ
အသက် – ၅၂နှစ်
အလုပ်အကိုင် – နေ့ကလေးထိန်း ဆရာမ
မိသားစု – သားသမီး ၃ ဦး