ကော့သောင်းသင်္ကြန်ကာလ အရေးပေါ်ကား ၂စီး အသင့်ပြင်

0
437

ကော့သောင်းမြို့နယ်ရှိ မဟာ သင်္ကြန်ရက်များအတွင်း  ယာဉ်တိုက်မူ နှင့် ခိုက်ရန်ဖြစ်ပွားမှု များအတွက် ကျန်းမာရေး စောက့်ရှောက်မှုနှင့် လူနာ သယ်ယူ ပို့ဆောင်နိုင်ရန် လူနာ  တင်ယာဉ် နှစ်စီးကို နေ့ ည အသုံးပြု နိုင်ရန် ပြင်ဆင်ထားကြောင်း ကော့ သောင်းမြို့နယ် နာရေးကူညီမှု အသင်း ထံမှ သိရသည်။


သာမန်အချိန်ထက် အရက်သေစာ မူးယစ်သောက်စားကာ ခိုက်ရန်ဖြစ်ပွား ခြင်း၊ ယာဉ်တိုက်မှုဖြစ်ပွားခြင်း အများ ဆုံးဖြစ်သည့် မဟာသင်္ကြန် ကာလအတွင်း ယခုကဲ့သို့ အရေးပေါ်လူနာတင်ယာဉ် များ စီစဉ်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း အထက်ပါ အသင်းထံမှ သိရသည်။
သင်္ကြန်ကာလ ဧပြီလ ၁၂ ရက်နေ့ မှ ၁၆ ရက်နေ့ အထိ ဗိုလ်ချုပ်လမ်း နှင့် မြရည်ပုလဲလမ်း တစ်လျှောက် တစ်နေ့ ၃ ကြိမ်လှည့်လည်ကာ ကျန်းမာရေး စောက့်ရှောက်မှု နှင့် လူနာသယ်ယူပို့ ဆောင်ရေး လုပ်ငန်းများ ကို ကုသိုလ်ပြု ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အထက်ပါအသင်းတွဲဖက် အတွင်းရေး မှူး ဦးယုနိုင်က ဆိုသည်။
” အဓိကလုပ်ပေးသွားမှာက ကျန်းမာရေးနဲ့ပတ်သက်လာရင် ရှေးဦး ကျန်းမာရေး စောင့်ရှောက်မှုတွေကိုလုပ် ပေးသွားမှာပါ”  ဟု ဦးယုနိုင်က ပြောသည်။
မဟာသင်္ကြန်ကာလအတွင်း အရေး ပေါ်ကိစ္စများဖြစ်ပေါ်လာပါက ဖုန်းဖြင့် ဆက်သွယ်နိုင်ပြီး ဆက်သွယ်ရန် ဖုန်းနံ ပတ်များမှာ ဦးယုနိုင်-၀၉၂၅၀၇ ၇၅၁၅၅၊ ဦးမင်းခိုင်-၀၉၂၅၄၆၉၇၇၃၆၊ ဦးခိုင်စိုး -၀၉၂၅၀၃၃၆၆၆၃၊ဦးသိန်းဇော် -၀၉၂၅၀၆၁၆၄၈၆ တို့ ဖြစ်သည်။