လယ်ယာမြေပေါ် မြေဖို့ပါက လယ်ယာမြေ ဥပဒေအရ အရေးယူမည်ဟုဆို

0
343

လယ်ယာမြေပေါ်တွင် အဆောက် အအုံဆောက်လုပ်ရန် မြေဖို့ပါက ရပ်နား ရန် တားဆီးသွားမည်ဖြစ်ပြီး လိုက်နာမှု မရှိပါက ၂၀၁၂လယ်ယာမြေဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ထားဝယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင် အုပ်ချုပ်ရေးမှူးက ပြောကြားသည်။


လယ်မြေပေါ် မြေဖို့နေသည်ကို တွေ့ရှိပါက တားဆီးနေပြီး မြေဖို့မည် ဆိုပါက လယ်ယာမြေအား အခြားနည်း အသုံးပြုခွင့်လျှောက်ထားနိုင်ကြောင်း ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်း အောင်က ဆိုသည်။”တွေ့ရင်တော့ တားဆီးနေပါ တယ်” ဟု ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်း အောင်က ပြောသည်။
ယင်းကဲ့သို့ လယ်ယာမြေပေါ်မြေဖို့ နေမှုများအား ကျေးရွာ မြေယာအသုံးချ မှုကော်မတီနှင့်ပူးပေါင်းကာ ကွင်းဆင်း စာရင်းကောက်ခံသွားမည်ဟု လောင်း လုံးမြို့နယ် မြေစာရင်းဦးစီးဌာနမှူးက ဆိုသည်။ “မေဖို့ထားတာတွေကို ကျေးရွာ မြေယာကော်မတီကနေ တားဆီးရမယ်”  ဟု လောင်းလုံးမြို့နယ် မြေစာရင်းဦးစီးမှူး ဦးသက်လွင်က ပြောသည်။
လယ်ယာမြေ အခြားနည်းအသုံး ပြုခွင့်အား တိုင်းဒေသကြီးအစိုးရထံ တင်ပြရမည်ဖြစ်ပြီး အချက်အလက် ပြည့်စုံပါက ၃လအတွင်း ခွင့်ပြုမိန့်ကျ နိုင်ကြောင်း ၎င်းက ပြောသည်။ထားဝယ်ခရိုင်အတွင်းရှိ လမ်းမ ကြီးနှင့်ကပ်လျက်ရှိသည့် လယ်မြေအချို့ တွင် အဆောက်အအုံ ဆောက်လုပ်ရန် မြေဖို့သူများ ရှိနေကြောင်း သိရသည်။