အတာသင်္ကြန်ကာလအတွင်း သတိထား/ လိုက်နာရန် အချက်များ

0
568

သင်္ကြန်ကာလအတွင်း မှုခင်းများ မဖြစ်ပွားစေရန် ပြည်သူများ သတိပြုရှောင် ကြဉ်ရမည့် အချက်များ


၁။ သင်္ကြန်ပွဲတော်အတွင်း အရက်  သေစာလွန်ကဲစွာ သောက်စားမူးယစ်ခြင်း
၂။ မူးယစ်ဆေးဝါးသုံးစွဲခြင်း
၃။ တုတ်၊ ဓား လက်နက်များဝှက်သိမ်း ကိုင်ဆောင်ခြင်း
၎။ ကာမရာဂကို နိုးထစေသော ဆေးများရောင်းချခြင်းနှင့် ဝယ်ယူသုံးစွဲ ခြင်း
၅။ မြန်မာ့ယဉ်ကျေးမှုနှင့် မလျော် ညီသည့် ဝတ်စားဆင်ယင်ခြင်း
၆။ မိန်းကလေးများ ဆွေမျိုးသားချင်း များနှင့် မဟုတ်သူများနှင့် အတူ လည် ပတ်ခြင်း၊ ၎င်းတို့မှ ကျွေးသော အစား အသောက်များကို မချင့်မချိန်စားသောက် ခြင်း
၇။ အချိန်လွန်ရေပက်ကစားခြင်၊လည်ပတ်ခြင်း
၈။ ရေပက်ကစားပြီး နားသည့်အ ချိန်၌ ဆိတ်ကွယ်ရာတွင် အနားယူခြင်း
၉။ အရက်သေစာ၊ မူးယစ်ဆေးဝါး သောက်စားခြင်း၊ ဝန်ပိုများတင်ဆောင်၍ မော်တော်ယာဉ်များ မောင်းနှင်ခြင်း
၁၀။ ရေပက်ကစားသူအချင်းချင်း နောက်ပြောင်ကျီစယ်လွန်ခြင်း
၁၁။ သင်္ကြန်ကာလအတွင်း အရက် မူးပြီး ရေကန်၊ ချောင်းများ၌ ရေကူးခြင်း နှင့် ရေချိုးခြင်း

မဟာသင်္ကြန်ကာအတွင်း မူးယစ် ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ ပြည် သူများ သတိပြုရန် နှိုးဆော်ချက်
၁။ ရေပက်ခံကား ယာဉ်မောင်းသူ များ အရက်သေစာသောက်စားထားမှုနှင့် မူးယစ်ဆေးဝါးသုံးစွဲမှု မရှိစေရေး တား မြစ်ကြပါရန်။
၂။ မူးယစ်ဆေးဝါးများ၊ စိတ်ငြိမ် ဆေးဝါးများ၊ ထိန်းချုပ်ဆေးဝါးများနှင့် တံဆိပ်အမျိုးမျိုး၊ ပုံသဏ္ဌာန်အမျိုးမျိုးတို့ ဖြင့် တရားမဝင်ရောက်ရှိလာသည့် ကာမ ဆန္ဒနှိုးဆွစေသော ဆေးဝါးများအား မိမိ ကိုယ်တိုင်သောက်သုံးခြင်းမှ ရှောင်ကြဉ် ကြပါရန်နှင့် မြှူဆွယ်တိုက်ကျွေး၍ အန္တ ရာယ်ပေးနိုင်သည်ကိုလည်း သတိပြုဆင် ခြင်ကြပါရန်။
၃။ တာဝန်သိပြည်သူတစ်ယောက် ချင်းအနေဖြင့် မိမိတို့နိုင်ငံ၊ လူမျိုးတို့ အမြတ်တနိုး တန်ဖိုးထားသည့် အတာ သင်္ကြန်ပွဲ မညစ်နွမ်းစေရန် မိမိပတ်ဝန်း ကျင်တွင် မူးယစ်ဆေးဝါးနှင့် အခြားအန္တ ရာယ်ရှိသော ဆေးဝါးများ၊ ကာမဆိုင်ရာ ဆေးဝါးသုံးစွဲရောင်းဝယ်မှုများ တွေ့ရှိပါ က အနီးဆုံးလုံခြုံရေးအဖွဲ့အစည်းများထံ သတင်းပေးပို့တိုင်ကြားကြပါရန်။
၎။ အတာသင်္ကြန်ကာလအတွင်း လူငယ်များအနေဖြင့် ရိုးရာသင်္ကြန်ကို အရိုးရှင်းဆုံးပုံစံဖြင့် ပျော်ရွှင်စွာဆင်နွှဲကြ ပါရန်၊ အရက်မှ အစပြု၍ မူးယစ်ဆေးဝါး အပါအဝင် အဆန်းထွင်သုံးစွဲ အပျော်လွန် ကျူးလျှင် ဘေးအန္တရာယ်များနှင့် ကြုံ တွေ့ရမည်ကို သတိပြုကြပါရန်။
၅။ မြန်မာ့ရိုးရာအတာသင်္ကြန် ကာလတွင် လူသစ်စိတ်သစ်ဖြင့် နှစ်သစ် ကူးကာလကို ဘေးကင်းစွာနှင့် ပျှော်ရွှင် စွာ ဖြတ်သန်းနိုင်ကြစေရန်အတွက် ရပ်မိ ရပ်ဖများ၊ မိဘအုပ်ထိန်းသူများနှင့်မဏ္ဍပ် တာဝန်ခံများ ဝိုင်းဝန်းထိန်းသိမ်း၍ ပူး ပေါင်းဆောင်ရွက်ပေးနိုင်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
သင်္ကြန်ပွဲတော်ကလအတွင်း ယာဉ် မောင်းသူများ လိုက်နာရန်
၂၀၁၅ ခုနစ်၊ မဟာသင်္ကြန်ကာလ အတွင်း တစ်နိုင်ငံလုံးအနေဖြင့် ယာဉ် မတော်တဆမှု ၃၈၃ မှုဖြစ်ပွားခဲ့ပြီး ဒဏ် ရာရရှိသူ ၉၂၈ ဦး၊ သေဆုံးသူ ၁၀၅ ဦး ရှိခဲ့ပါသည်။ ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးတို့တွင် ယာဉ်မတော်တဆမှု အများဆုံးဖြစ်ပွားခဲ့ကြောင်း တွေ့ရှိရ ပါသည်။
သို့ဖြစ်ပါ၍ ၂၀၁၆ ခုနစ်၊ မဟာ သင်္ကြန်ကာလအတွင်း မိဘပြည်သူများ ယာဉ်မတော်တဆမှုကြောင့် ထိခိုက်နစ်နာ မှုမရှိစေရေး၊ ယာဉ်အန္တရာယ် မဖြစ်ပွားစေ ရေးတို့အတွက် ယာဉ်မောင်းသူများအနေ ဖြင့် အောက်ပါစည်းကမ်းချက်များအား တိကျစွာလိုက်နာကြပါရန် တိုက်တွန်းနှိုး ဆော်အပ်ပါသည်။
၁။ မူးယစ်သောက်စား၍ ယာဉ် မောင်းနှင်ခြင်း မပြုရ။
၂။ အပျော်လွန်ကြူး စည်းကမ်းမဲ့ ပြိုင်မောင်းခြင်း၊ လုမောင်းခြင်း၊ အရှိန် ပြင်းမောင်းခြင်း မပြုရ။
၃။ ယာဉ်နံပါတ်ပြားမပါဘဲ မောင်း နှင်ခြင်း မပြုရ။
၎။ ယာဉ်၏ ဘေးတံခါးများ၊ နောက်ဖုံးများဖြုတ်၍ မောင်းနှင်ခြင်းမပြုရ။
၅။ ဖျက်သိမ်းထားသော ယာဉ်အို ယာဉ်ဟောင်းများနှင့် ပြုပြင်ဆဲယာဉ်များ အားမောင်းနှင်ခြင်းမပြုရ။
၆။ ယာဉ်ကြောပြောင်းပြန် စီးနင်း မောင်းနှင်ခြင်းမပြုရ။
၇။ ထရော်လာဂျီကဲ့သို့ အနှေးယာဉ် များကို အသုံးပြု၍ ရေကစားခြင်း မပြုရ။
၈။ မော်တော်ယာဉ်၊ မော်တော်ဆိုင် ကယ်များအား အိတ်ဇောပိုက်ဖြုတ်၍ စီးခြင်း၊ အသံကျယ်လောင်စွာစီးခြင်း၊ နံပတ်မမြင်အောင် တွန့်ခေါက်၍စီးခြင်း၊ ရှေ့^နောက် နံပါတ်ပြား မပါဘဲစီးခြင်း၊ နှစ်ဦးထက်ပို၍ စီးခြင်း၊ ဆိုင်ကယ်စီးဦး ထုပ်မပါဘဲ စီးခြင်းများ မပြုရ။
၉။ သံစုံဟွန်းများ တပ်ဆင်ကာ အသုံးမပြုရ။
၁၀။ မော်တော်ယာဉ်များတွင် ညစ် ညမ်းသောစာသားများ၊ ဆိုင်းဘုတ်၊ ပန်းချီ၊ ရုပ်ပုံ၊ အခြားမသင့်လျော်သော ပစ္စည်းများရေးသားချိတ်ဆွဲ၍ မောင်းနှင် ခြင်းမပြုရ။