မြိတ်တွင် အခန်းပေါင်း ၂၀၀၀ ပါ ကွန်ဒိုစီမံကိန်း ဧပြီလစမည်

0
400

မြိတ်မြို့ ကမ်းနားလမ်း သဲကွင်း တွင် ယခုနှစ် ဧပြီလမှစပြီ Sea View Condo များ ဆောက်လုပ်မည်ဖြစ် ကြောင်း ယင်းလုပ်ငန်းကို တာဝန်ယူ တည်ဆောက်မည့် Hong Kong Future Group   မှ စီမံကိန်း မန်နေဂျာ Mr. Zhaug Jun  ထံမှ သိရ သည်။


အခန်းပေါင်း ၂၀၀၀ ရှိမည့် အဆိုပါ အထပ်မြင့်ကွန်ဒိုစီမံကိန်းကို မြိတ်မြို့ ပြည့်ဖြိုးထွန်းအင်တာနေရှင်နယ် ကုမ္ပဏီ လီမီတက်က ရင်းနှီးမတည်ပြီး Hong Kong Future Group   ကုမ္ပဏီမှ တာဝန်ယူ အကောင်အထည် ဖော်ဆောင် ရွက်သွား မည်ဖြစ်ကာ စီမံကိန်းကာလမှ ၃ နှစ်မှ ၅နှစ်အတွင်း အပြီးတည်ဆောက် သွားမည်ဟု Hong Kong Future Group Co.,Ltd  မှ သိရသည်။
ယင်းစီမံကိန်းတွင် ခေတ်မီ အားက စားခန်းမ၊ ရေကူးကန်၊ ဆေးခန်း၊ ဘဏ် လုပ်ငန်းများ၊ ဖူဆယ်ဘောလုံးကွင်း၊ ကလေးကစားကွင်းများနှင့် အစည်းအဝေး ခန်းမနှင့် မင်္ဂလာခန်းမအဖြစ် အသုံးပြု နိုင်ရန် ခန်းမကြီးများလည်း ပါရှိမည် ဖြစ်ကြောင်း ယင်းကုမ္ပဏီမှ သိရသည်။
စီမံကိန်းမြေဧက ၁၃ ဧကပေါ်တွင် ရင်းနှီးမြှပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၃၀၀ ဖြင့် တည်ဆောက်သွားမည်ဖြစ်ကာ ကွန်ဒို ၁၈ ထပ်မှ အထပ် ၃၀ အထိပါ ကွန်ဒိုအလုံးရေ ၁၀ လုံးကို တည် ဆောက်သွားမည် ဟုMr. Zhaug Jun   က ပြောပြသည်။
စီမံကိန်းအကောင်အထည်ဖေါ်ရန် အတွက် မတ်လ ၂၅ ရက် နံနက် ၉ နာရီ အချိန်ခန့်က ပြည့်ဖြိုးထွန်းကုမ္ပဏီနှင့် Hong Kong Group  ကုမ္ပဏီတို့မှ နှစ် ဦးသဘော တူလက်မှတ်ရေးထိုးခြင်းနှင့် အုတ်မြစ်ချခြင်းအခမ်းအနားတို့ကို ပြုလုပ်ခဲ့ကြသည်။