ကော့သောင်းတွင် သင်္ကြန်ယိမ်း အကပြိုင်ပွဲများ ယခင်အတိုင်း ပြုလုပ်မည်

0
514

ဧပြီလ ၁ ရက်မှ စပြီး ရပ် / ကျေး အုပ်ချုပ်ရေးမှူးများ ပြောင်းလဲ မည်ဖြစ် သော်လည်း သင်္ကြန် ယိမ်းအက ပြိုင်ပွဲ များကို ယခင်နှစ်များအတိုင်း ပြုလုပ် သွားမည်ဖြစ်ကြောင်း အုပ်ချုပ်ရေးမှူး အသိုင်းအဝိုင်းမှ သိရသည်။


သင်္ကြန်ပွဲတော်အတွက် အုပ်ချုပ် ရေးမှူးအသစ်နှင့်အဟောင်း လက်တွဲ ပူးပေါင်း လုပ်ဆောင်ရန် မြို့နယ် အုပ်ချုပ် ရေးမှ ညွှန်ကြားထားသည်ဟု ယင်း အသိုင်းအဝိုင်းမှ သိရသည်။  ” အုပ်ချုပ်ရေးမှူး အသစ်ရဲ့ တာဝန် ထမ်းဆောင်ချိန်မှာ သင်္ကြန်ရက်နဲ့ ကပ် နေတာကြောင့် အခုလို ပူးပေါင်း ဆောင် ရွက်ဖို့  ညွှန်ကြားထားတာပါ ” ဟု ရွှေဟ င်္သာရပ်ကွက် အုပ်ချုပ်ရေးမှူးက ဆို သည်။
လက်ရှိတွင် ယိမ်းအဖွဲ့များ အက တိုက်နေသည်ဟု ၎င်းက ပြောသည်။နှစ်စဉ် သင်္ကြန်ကာလ ရောက်တိုင်း ကော့သောင်း မြို့ပေါ် ၁၀ရပ်ကွက်မှ ရပ်ကွက်အလိုက် ယိမ်းအကအဖွဲ့များ ယှဉ်ပြိုင်လေ့ရှိသည်။