ရပ်/ကျေးအုပ်ချုပ်ရေးမှူး တာဝန်လွှဲပြောင်းမည့်နေ့ကို အုပ်ချုပ်ရေးမှူးအများစု မသိသေး

0
439

ရပ်ကွက်နှင့် ကျေးရွာများတွင် ရွေးချယ်ထားပြီးသည့် အုပ်ချုပ်ရေးမှူး အသစ်များနှင့် လက်ရှိအုပ်ချုပ်ရေးမှူး များ အပြောင်းအလဲလုပ်မည့်နေ့ရက်ကို မသိရသေးကြောင်း ထားဝယ်မြို့ပေါ် ရပ်ကွက်များတွင် ရွေးချယ်ခံထားရ သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံမှ သိရ သည်။


မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးမှ ညွှန်ကြားချက် တစ်စုံတစ်ရာမရရှိသေး ခြင်းကြောင့် မည်သည့်နေ့တွင်မည်သို့လွှဲပြောင်းရမည်ကိုမသိရှိရသေးခြင်း ကြောင့် လက်ရှိအချိန်ထိ တာဝန်ထမ်း ဆောင်နေရဆဲဖြစ်ကြောင်း လက်ရှိတာဝန် ထမ်းဆောင်နေသည့် ရပ်ကွက်အုပ်ချုပ် ရေးမှူးများက ပြောသည်။
“လောလောဆယ် စပ်ကူး မတ်ကူး ကာလမှာဆိုတော့ ဒီအတိုင်းပဲသွား နေရတယ်။ ညွန်ကြားချက်တွေတော့မရှိ သေးဘူး ” ဟု ထားဝယ်မြို့၊ ဆန်းချီ ရပ်ကွက်အုပ်ချူပ်ရေးမှူး ဦးဌေးလွင်က ပြောသည်။
အရွေးချယ်ခံထားရသည့်အုပ်ချုပ်ရေးမှူးလောင်းများမှာအပြောင်းအလဲပြုလုပ်မည့်နေ့ကိုသာ စောင့်ဆိုင်းလျက်ရှိ ကြောင်း အုပ်ချုပ်ရေးမှူးလောင်းများကပြောသည်။
ပြန်လည်ပြင်ဆင်ထားသည့်ရပ်/ကျေးအုပ်ချုပ်ရေးမှူး ဥပဒေတွင်ရပ်ကျေး အုပ်ချုပ်ရေးမှူးများ၏ သက်တမ်းသည် သမ္မတသက်တမ်းနှင့်အညီ ဖြစ်သည်ဟု ပြင်ဆင်လိုက်ခြင်းကြောင့် ဥပဒေအရ မတ် လ၃၁ရက်နေ့တွင် လက်ရှိရပ်/ ကျေးအုပ်ချုပ်ရေးမှူး၏ သက်တမ်း ကုန်ဆုံးမည် ဖြစ်သည်။