နယ်စပ်မှ ကားသွင်းခွင့်ရပ်နားချိန်မှစ၍ သွင်းကုန် အခွန်ငွေရရှိမှု တရှိန်ထိုးကျဆင်း

0
462

ထိုင်း-မြန်မာ နယ်စပ် ထီးခီးဂိတ်မှ ကားတင်သွင်းခွင့် ရပ်နားလိုက်ချိန်မှစ၍ သွင်းကုန်များအပေါ် အခွန် ကောက်ခံရရှိ မှု တရှိန်ထိုး ကျဆင်းလာခဲ့ကြောင်း ထီးခီးနယ်စပ်စခန်းရှိ အကောက်အခွန် ဌာနထံမှ သိရသည်။

နယ်စပ်မှ ကားတင်သွင်းခွင့်ပြု ထားသည့် ၂၀၁၅ ဒီဇင်ဘာလ၂၄ ရက် မတိုင်မီက ထီးခီးနယ်စပ်ဂိတ်မှ အခွန်ငွေ တစ်လလျှင် ကျပ်သိန်းတစ်ထောင်ခန့် ရရှိနေရာမှ ယင်းနောက်ပိုင်းမှ စတင်ကာ ကားတင်သွင်းခွင့် ပိတ်လိုက်သဖြင့် ၂၀၁၆ ဇန်နဝါရီလတွင် ကျပ် ၇၆ သိန်း ခန့်၊ ဖေဖော်ဝါရီလတွင် ကျပ် သိန်း ၂၀ ခန့်နှင့် မတ်လအတွင်း၂၃ ရက်နေ့အထိ ၄ သိန်းခန့်သာရရှိတော့ကြောင်း ထီးခီး နယ်စပ်ဂိတ်မှ အဆိုပါတာဝန်ရှိသူက ပြောသည်။
” လက်ရှိ သွင်းကုန်ကတော့ မရှိ သလောက်ပဲ။ လမ်းခရီးအခြေအနေ ကြောင့် ကုန်ကားတွေမသွားနိုင်ကြဘူး။ ဟင်းသီးဟင်းရွက်ရောင်းတဲ့ဈေးကား တွေပဲ သွားနေကြတယ် ” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
by_dw
ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ဟင်း သီးဟင်းရွက်နှင့် စားသောက်ကုန်များ တင်ဆောင်ထားသည့် ကားအစီး ၄၀ ခန့်နေ့စဉ်ဖြတ်ကျော် ဝင်ရောက်လျက် ရှိပြီး မြန်မာဘက်မှ ပို့ကုန်ဖြစ်သည့် အုန်းသီးများမှာမူ မြန်မာနိုင်ငံသားများမှ တင်ပို့ခွင့်မရဘဲ ထိုင်းလုပ်ငန်းရှင်များနှင့် နယ်စပ်ကုန်သွယ်ရေး တာဝန်ရှိသူများ နားလည်မှုယူကာ လုပ်ကိုင်နေကြသည် ဟု ထီးခီးယာဉ်လိုင်း ယာဉ်မောင်းတစ်ဦး ကဆိုသည်။
ထီးခီး အနီးတစ်ဝိုက်တွင် ခိုး ဝင်သည့် လမ်းများမြောက်များစွာရှိနေပြီး ယင်းဝင်ပေါက်များတွင် ထိုင်းနိုင်ငံဖက်မှ စစ်ဆေးရေးဂိတ်သာရှိကာ မြန်မာနိုင်ငံ ဘက်မှ ဂိတ်မရှိခြင်းကြောင့် ထိုင်းကုန် ပစ္စည်းများ ကိုသာ သွင်းနိုင်ပြီး မြန်မာ ပစ္စည်းများ တင်ပို့ခွင့် လုံးဝခွင့်မပြုထား ကြောင်း တနင်္သာရီတိုင်းကုန်သည်နှင့် စက်မှုလုပ်ငန်းရှင်များအသင်းမှ လုပ်ငန်း ရှင်တစ်ဦးက ဆိုသည်။

“မြန်မာဖက်ကိုဝင်နေတဲ့ ကုန်စ္စည်း ၉၉ ရာနှုန်းက တရားမဝင်ကုန်ပစ္စည်း တွေပဲ ” ဟု အဆိုပါ လုပ်ငန်းရှင်က ပြောသည်။
မြန်မာနိုင်ငံဘက်မှ ကျောက်မီး သွေး၊ အုန်းသီးနှင့် ရေထွက်ကုန်ပစ္စည်း အနည်းငယ် စသည့် ကုန်ပစ္စည်း သုံးမျိုး ကိုသာ အဓိကထား တင်ပို့နေကြပြီး ယင်းပို့ကုန်များအပေါ်အခွန်ကင်း လွတ် ခွင့်ပြုထားပြီး အခွန်များဦးစီးဌာနမှ ကြို တင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်းသာ ကောက် ခံလျက်ရှိကြောင်း ထီးခီးနယ်စပ်ဂိတ်ရှိ အကောက်ခွန်ဌာနမှ အထက်ပါတာဝန် ရှိသူက ဆိုသည်။

မတ်လ ၁ ရက်နေ့မှ မတ်လ ၂၁ ရက်နေ့အထိ ထီးခီးနယ်စပ်ပေါက်မှ တင်ပို့သည့် ပို့ကုန်များအားအခွန်ကောက် ခံရရှိငွေမှာ ၄၄ သိန်းဝန်းကျင် ရှိကြောင်း ထီးခီးနယ်စပ်ဂိတ်ရှိ ကုန် သွယ်ရေးစခန်း မှတ်တမ်းအရ သိရသည်။