အရေးပေါ်ကျန်းမာရေး ယာဉ်အတွက် အလှူခံပုံးချ

0
472

မြိတ်မြို့တွင် အရေးပေါ် ကျန်းမာ ရေး အထောက်အကူပြု ပရဟိတအသင်း များက မြို့ပေါ် ရပ်ကွက်များတွင် မတ်လ ၂၁ ရက်မှစပြီး အလှူခံပုံးများ ချထား ကြောင်း ကျန်းမာရေး အထောက်အကူ ပြုယာဉ် အသင်းများထံမှ သိရသည်။

မြိတ်တွင် ကျန်းမာရေး အထောက် အကူပြု ယာဉ်များဖြစ်သော ချမ်းမြေ့၊ ကရုဏာနှင့် ၀ဋံသက အသင်း စုစုပေါင်း ၃ သင်းတို့သည် လစဉ် အထွေထွေ အသုံးစရိတ်များကို အချိုးကျ စနစ်ဖြင့် ခွဲယူ သုံးစွဲနိုင်ရန်အတွက် အလှူခံပုံး များကို မြိတ်မြို့ပေါ်ရှိ လူစည်ကားရာ နေရာများတွင် ချထားပေးသွားမည် ဖြစ် ကြောင်း ဦးဆောင်လှုပ်ရှားနေသူ ဦးကိုင် ဇာက ပြောသည်။

ကျန်းမာရေး အထောက်အကူပြု ယာဉ်များအတွက် အလှူခံပုံးများကို စေ တနာရှင် ဦးကိုင်ဇာနှင့် အလှူရှင်များက ထည့်ဝင်ငွေများဖြင့် ပြုလုပ်ပြီး လက်ရှိ တွင် အလှူခံပုံး ၂၀ လုံး ရရှိပြီဖြစ်ပြီး အလှူခံဌာနနှင့် အလှူခံပုံးများအတွက် လှူဒါန်းလိုပါက အထက်ပါ အသင်းများ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ဦးကိုင်ဇာက ပြောသည်။