တနင်္သာရီတိုင်းတွင် အခွန်ကြွေး ကျန် ကျပ်သန်းနှစ်ထောင်နီးပါးရှိ

0
596

တနင်္သာရီတိုင်းအတွင်း မြို့နယ် များရှိ လုပ်ငန်းရှင်အသီးသီးမှ ပေး ဆောင်ရန် ကျန်ရှိသည့် အခွန်ကြွေးကျန် ငွေကျပ်သန်း နှစ်ထောင်နီးပါး ကျန်ရှိနေ သေးကြောင်း တနင်္သာရီတိုင်းဒေသကြီး အခွန်ဦးစီးဌာနမှူးရုံးမှ သိရသည်။

တိုင်းအတွင်း လုပ်ငန်းရှင် ၂၉၄၀၁ ဦးထံမှ နှစ်အဆက်ဆက် ပေးသွင်းရန် ကျန်သည့် အခွန်ကြွေးကျန် ကျပ်သန်း ၁၉၈၄.၇၉၀ ကျန်ရှိခဲ့ပြီး မြို့နယ်အလိုက် စာပို့ တောင်းခံခဲ့သော်လည်း လာရောက် မပေးသွင်းခဲ့ကြသည့်အတွက် တိုင်းအခြေ စိုက် တနင်္သာရီဂျာနယ်တွင် မတ်လ ၂၁ ရက်စွဲဖြင့် ထည့်သွင်းကြေညာခဲ့ခြင်းဖြစ် ကြောင်း တိုင်းအခွန်ဦးစီးဌာန (ခေတ္တ)တိုင်းဦးစီးမှူး ဦးကျော်ဟိုးလှိုင်က ဆိုသည်။

” တိုင်း တစ်ခုလုံးအနေနဲ့ လူသိ အောင် ကြေညာပေးလိုက်တဲ့ သဘောပါ။ ဒီလိုပဲ စည်းရုံးရင်း တောင်းခံရမှာပေါ့” ဟု ဦးကျော်ဟိုးလှိုင်က ပြောသည်။
အခွန်ကြွေးကျန် လာရောက်ပေး ဆောင်ရန် အချိန်ကန့်သတ်ထားခြင်းမျိုး မရှိသော်လည်း အမြန်ဆုံး လာရောက် ပေးသွင်းကြရန်နှင့် ပေးသွင်းရန် ပျက် ကွက်ပါက တည်ဆဲဝင်ငွေခွန်ဥပဒေနှင့် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေများအရ အရေးယူသွားမည်ဟု ၎င်းက ပြောသည်။
အခွန်ကြွေးကျန်ငွေ မပေးသွင်း သူများကို မြို့နယ်ရုံးသို့ ခေါ်ကာ စည်း ရုံးပြောဆို တောင်းခံနေရပြီး လုပ်ငန်း ကျဆင်းပါက လာမည့်ဘဏ္ဍာ နှစ်အတွက် အခွန်လျော့ပေါ့ရန် သက်ဆိုင်ရာ ရပ် / ကျေး အုပ်ချုပ်ရေးမှူး ထောက်ခံစာနှင့် လိုအပ်သည့် စာရွက်စာတမ်းများဖြင့် လာရောက် တင်ပြနိုင်ကြောင်း ထားဝယ် မြို့နယ်တွဲဖက်အခွန် ဦးစီးအရာရှိ ဒေါ်မိုးမိုးခိုင်က ဆိုသည်။

ထိုသို့ တင်ပြပါက မြေပြင်တွင် ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ကာ အထက်အဆင့်ဆင့်သို့ ပြန်လည် တင်ပြ ပေးလျက်ရှိကြောင်း ဒေါ်မိုးမိုးခိုင်က ပြောသည်။
“လုပ်ငန်းကောင်းစဉ်က စည်းကြပ် တဲ့အခွန်တွေကို မသွင်းတာလည်းရှိ တယ်” ဟု ၎င်းက ပြောသည်။
လုပ်ငန်းရပ်နားမည်ဆိုပါက မြို့နယ် အခွန်ဦးစီးဌာနမှူးရုံးသို့ စာဖြင့်ကြို တင် အကြောင်းကြားရမည်ဖြစ်ပြီး လုပ်ငန်း ရပ်^မရပ်ကို ကွင်းဆင်းစစ်ဆေးပြီး တွက် ချက်ကာ အဆင့်ဆင့် ပြန်လည်တင်ပြရ ကြောင်း သိရသည်။

အခွန်ကြွေးကျန်များ ပေးဆောင်ရန် ပျက်ကွက်သူများအား တည်ဆဲ ဝင်ငွေခွန် ဥပဒေ၊ ကုန်သွယ် လုပ်ငန်းခွန် ဥပဒေ များနှင့်အညီ တရားစွဲဆိုသွားမည်ဟု အထက်ပါဌာနမှ သိရသည်။